News @ M-Media

Pink Floyd ရောခ်တီးဝိုင်း တည်ထောင်သူ ရော်ဂျာဝေါလ်တာက အစ္စရေးမှာ နာဇီလုပ်ရပ်နှင့်တူဟု ဝေဖန်

ဒီဇင်ဘာ ၁၉ ၊ ၂၀၁၃
M-Media

Roger Waters at the Eastside Gallery in Berlin, Germany - 04 Sep 2013
– ရော့ခ်ဂီတ တီးဝိုင်းတစ်ခုဖြစ်သည့် Pink Floyd အဖွဲ့အား တည်ထောင်ခဲ့သူများတွင် ပါဝင်ခဲ့သည့် အင်္ဂလိပ်အဆိုတော်ဖြစ်သူ ရော်ဂျာဝေါလ်တာက အစ္စရေးမှာ နာဇီ ဂျာမနီကဲ့သို့ဖြစ်သည်ဟု မှတ်ချက်ပေးပြောဆိုလိုက်ပြီး ထိုကဲ့သို့ပြောဆို လိုက်ခြင်းကြောင့် အဆိုတော် အသိုင်းအ၀ိုင်းနှင့် ဘာသာရေးခေါင်းဆောင်ပိုင်းမှ ဝေဖန်မှုများကို ခံနေရသည်ဟု သိရသည်။

ပါလက်စတိုင်းများအား အစ္စရေး၏ ဆက်ဆံပုံမှာ နာဇီများ၏ ရက်စက် ယုတ်မာမှုများနှင့် နှိုင်းယှဉ်နိုင်သည်ဟု ဝေါလ်တာက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“(အစ္စရေးရဲ့လုပ်ရပ်တွေဟာ) ၁၉၃၀ ပြည့်နှစ်တွေက ဂျာမနီမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပုံစံတူနေတယ်ဆိုတာ ထင်ရှားပါတယ်” ဟု ပြီးခဲ့သည့် တစ်ပါတ်က ပြုလုပ်ခဲ့သည့် အွန်လိုင်း အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အသက် ၇၀ အရွယ်ရှိ ဝေါလ်တာအား ပါလက်စတိုင်းအရေး လှုပ်ရှားဆောင်ရွက်သူအဖြစ် လူသိများသည်။ အချို့က သူအား ဂျူးဆန့်ကျင်ရေးသမားဟု သတ်မှတ်ကြပြီး ထိုကဲ့သို့ သတ်မှတ်မှုကို ဝေါလ်တာက ငြင်းဆိုကာ ပါလက်စတိုင်းများ အပေါ် ပြုမှုဆက်ဆံပုံးများနှင့် ပတ်သက်၍ အစ္စရေးအား သိပိတ်မှောက်ရန်အတွက် လူအများအား တိုက်တွန်မှုများပြုလုပ်ရန် မိမိတွင် အခွင့်အရေးရှိသူဟု ပြောကြားခဲ့သည်။

Ref: The Guardian

Comments

Leave a Reply