News @ M-Media

စစ်ပွဲအတွင်း ဘောစနီးယန်း ဆာ့ဘ် ၂၀ အားသတ်ခဲ့မှု သံယသရှိသူ စစ်သားဟောင်း ၇ ဦးကို ဘော့စနီးယား ရဲတပ်ဖွဲ့ဖမ်းဆီး

ဒီဇင်ဘာ ၂၉၊ ၂၀၁၃
M-Media
342367_Bosnia-war-crimes
– နိုင်ငံအတွင်း၌ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်အတွင်း ဘော့စနီးနိုင်ငံသား ဆာ့ဘ်လူမျိုး ၂၀ ခန့်ကို သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသူ စစ်သားဟောင်း ခုနှစ်ဦးအား စစ်ရာဇ၀တ်မှု ကျူးလွန်မှုဖြင့် ဘော့စနီးယား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ယမန်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၁၉၉၂ ခုနှစ်က ၎င်းတို့သတ်ဖြတ်ခဲ့သည့် ထိုလူများမှ အများစုမှာ အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများဖြစ်ကြပြီး အရှေ့ဘော့စနီးယားတွင် ဖြစ်ပွားခဲ့သည့် စစ်ရာဇ၀တ်မှုများအတွင်း အဆိုးဆုံး သတ်ဖြတ်မှုလည်းဖြစ်ခဲ့သည်ဟု ထိုကြညာချက်တွင် ဖော်ပြထားသည်။

၁၉၉၂-၉၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ထိုစစ်ပွဲအတွင်း လူပေါင်း ၁ သိန်း ခန့်သေဆုံးခဲ့ပြီး အများစုမှာ မွတ်စလင်များဖြစ်ကြသည်။ စစ်ပွဲပြီးဆုံးပြီးနောက် ၂၀၀၅ ခုနှစ်တွင် ဘော့စနီးယား အစိုးရက အထူးခုံရုံးတစ်ခုဖွဲ့စည်းခဲ့ပြီး ထိုစစ်ပွဲအတွင်း စစ်ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့သူများအား  ရှာဖွေစုံစမ်းကာ အပြစ်ပေးလျက်ရှိသည်။

ဓါတ်ပုံအညွှန်း- စစ်အတွင်း အသတ်ခံလိုက်ရသော မွတ်စလင်များအတွက် နှစ်ပတ်လည်အခမ်းအနားတွင် ဆုတောင်းနေကြသည့် ဘော့စနီးယား မွတ်စလင်များ (၂၀၁၂ ခုနှစ်)
Ref: Press TV

Comments

Leave a Reply