News @ M-Media

ရာဇ၀တ်မှုကျူးလွန်ရင် အစိုးရအနေနှင့် အရေးယူဖို့ အသင့်ပါပဲဟု ဒု ၀န်ကြီး ဦးရဲထွဋ်ပြောကြား

ဇန်န၀ါရီ ၂၉၊ ၂၀၁၄
M-Media
သီရိ

ရန်ကုန် ။       ။    ဇန်န၀ါရီလ (၁၃) ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒူချီးရာတန်းကျေးရွာတွင် ရဲတပ်ကြီးအောင်ကျော်သိန်းသေဆုံးမှု၊ အစ္စလာမ်ဘာသာဝင် (၄၀)ခန့် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားသံရုံးမှ သံတမန်များသည် ဇန်န၀ါရီလ ၂၈-ရက်နေ့ တွင် နိုင်ငံခြားရေးဝန်ကြီးရုံး၌ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။

“အစ္စလာမ်ဘာသာဝင် အယောက်(၄၀) လောက်အသတ်ခံရပါတဲ့ဆိုတဲ့ သတင်းတွေဟာ အခြေအမြစ်မရှိပါဘူး၊ ရာဇ၀တ်မှုကို ကျူးလွန်ထားတယ်ဆိုရင် ကျွန်တော်တို့ အစိုးရအနေနဲ့ အရေးယူဖို့အသင့်ပဲ၊ မခိုင်လုံတဲ့သတင်းတွေကိုတော့ သေချာမစစ်ဆေးပဲနဲ့ မတင်ပြသင့်ပါဘူး။ မွတ်စလင်တွေ အစုလိုက် အသတ်ခံရတယ် ဆိုတဲ့ နေရာကိုလဲ ကျွန်တော်တို့သွားရောက် စစ်ဆေးပြီးပါပြီ။ သတ်ခံရတယ်ဆိုတဲ့ အထာက်အထားကို ခိုင်လုံစွာမတွေ့ရပါဘူး။ တကယ် သေတာဆိုလို့ ရဲတပ်ကြီးအောင်ကျော်သိန်း သေတာပဲရှိတယ်။ သတင်းတွေကိုလည်း အလွယ်တကူ မယုံကြည်သင့်ပါဘူး” ဟု အစိုးရ ပြောရေးခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှ ပြောကြားခဲ့ပါသည်။

အမေရိကန် သံအမတ်မှ အစိုးရမှစုံစမ်းစစ်ဆေးရေးတွေ လုပ်နေသော်လည်း သူတို့အနေနှင့် အပြည့်အ၀ယုံကြည်လို့မရသေးကြောင်း၊ နိုင်ငံတကာမှ စုံစမ်းစစ်ဆေးရေးတွေကိုလည်း ၎င်းတို့အနေနှင့် ပါဝင်ခွင့် တောင်းဆိုခဲ့သော်လည်း ယခုကိစ္စသည် ပြည်တွင်းရေးသာ ဖြစ်သည့် အတွက် လက်မခံနိုင်ကြောင်း နိုင်ငံတကာမှလူတွေကို ပါဝင်ခွင့်မပေးကြောင်း အစိုးရမှ ပြောကြားခဲ့ပါသည်။

နိုင်ငံခြားရေးဌာန အစည်းအဝေးပွဲကိုတော့ ပြည်တွင်းမီဒီယာ (၄)ခုနှင့် ပြည်ပ မီဒီယာ (၆)ခု ကိုသာ ၀င်ခွင့်ပေးခဲ့ပြီး ကျန်သတင်းဌာနများကိုတော့ ၀င်ခွင့် မပေးခဲ့ကြောင်း သိရှိရပါသည်။

Comments

Leave a Reply