News @ M-Media

တိရစ္ဆာန် အခွင့်အရေး ချိုးဖောက်မှုအား ပြစ်မှုအဖြစ် တူရကီသတ်မှတ်

ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄
M-Media

တိရစ္ဆာန် အခွင့်အရေး ချိုးဖောက်မှုအား ပြစ်မှု အဖြစ် တူရကီသတ်မှတ်၊ ပြစ်မှုကျူးလွန်သောသူများ ဒဏ်ငွေပေးဆောင်ရမည်

Turkey to fine animal rights abusers

– တိရစ္ဆာန်များ၏ အခွင့်အရေးများကို ချိုးဖောက်မှု၊ တိရစ္ဆာန်များအပေါ် ရက်စက်စွာ ပြုမူဆက်ဆံမှုများနှင့် ပတ်သက်၍ ပြစ်ဒဏ်အသစ်များကို တူရကီသစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက သတ်မှတ်ခဲ့သည်ဟုသိရသည်။

ဆေးကုသမှုဆိုင်ရာ လိုအပ်ချက်ကြောင့်မဟုတ်ဘဲ တိရစ္ဆာန်များ၏ အစိတ်အပိုင်းများအား ဖြတ်တောက်သူများမှာ ဒဏ်ကြေး လီရာ ၁၈၂၅ (ကန်ဒေါ်လာ ၈၀၀) ပေးဆောင်ရမည်ဟု တိရစ္ဆာန် အခွင့်အရေး ချိုးဖောက်မှုများအတွက် တူရကီအစိုးရက အသစ်ပြဌာန်းလိုက်သော အဆိုပါဥပဒေတွင် ဖော်ပြထားသည်။ တူရကီနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသည့် ခွေးအမြီး၊ နားရွက်များ ဖြတ်တောက်မှုအတွက် တုံ့ပြန်ခြင်းလည်းဖြစ်သည်။

ထို့ပြင် တိရစ္ဆာန် မျိုးစိတ်များ မျိုးတုန်းသွားစေနိုင်သည့် မည်သည့် အပြုအမူကိုမဆို ပြုလုပ်မှုအတွက် တူရကီ လီရာ ၁၅၂၂၆ (ကန်ဒေါ်လာ ၇၀၀၀) ပေးဆောင် ရမည်ဖြစ်ပြီး၊ တိရစ္ဆာန်များအပေါ် ပြုလုပ်သည့် ဆိုးရွားသော အပြုအမူ ၂၁ ခုကိုလည်း ပြစ်မှုမြောက်သည်ဟု သတ်မှတ်ထားသည်။

ထိုပြစ်မှုများထဲတွင် တရားဝင်လက်မှတ်မရှိဘဲ တိရစ္ဆာန်များအား ခွဲစိတ်ကုသခြင်း၊ ကိုယ်ပိုင်မဟုတ်သော တိရစ္ဆာန်များ၊ ချည့်နဲ့သော တိရစ္ဆာန်များအား၊ တိရစ္ဆာန်စောင့်ကြည့်ရေး ဥပဒေကိုချိုးဖောက်၍ သတ်ပစ်ခြင်းနှင့်၊ သိပ္ပံနည်းမကျသော စမ်းသပ်မှုများအတွက် တိရစ္ဆာန်များကို အသုံးပြုခြင်းတို့မှာလည်း ထိုပြစ်မှုများတွင် ပါဝင်သည်။

ထိုဥပဒေသစ်တွင် တိရစ္ဆာန်များ၏အခွင့်အရေးနှင့် ပတ်သက်၍ လေလှိုင်းမှ ပညာပေးရေးအစီအစဉ်လည်း ပါဝင်ပြီး နိုင်ငံပိုင်ရုပ်သံ TRT မှ တစ်လလျှင် ၂ နာရီ ထုတ်လွှင့်သွားမည်ဖြစ်သည်။

Comments

Leave a Reply