News @ M-Media

ဆီးစစ်ရန် ငြင်းပယ်ခဲ့မှုကြောင့် မော်လ်ဒိုက် ပါလီမန် အမတ် တစ်ဦး ထောင်ဒဏ်တစ်နှစ် ချမှတ်ခံရ

ဖေဖော်ဝါရီ ၂၂ ၊ ၂၀၁၄
M-Media

0_139290269446d2f9ee0fb0b05bf58e2e56a1ad1e15c674bc5d12f6b39885a4806b0ca1bc79_news

– အရက်သောက်သုံးသည်ဟု သံသယရှိ၍ အဖမ်းခံခဲ့ရပြီးနောက် ရဲတပ်ဖွဲ့၏ ဆီးစစ်ရန် စီစဉ်မှုကို ငြင်းဆန်ခဲ့သော ပါလီမန်အမတ်တစ်ဦးအား မော်လ်ဒိုက် တရားရုံးက ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့သည်ဟု ပြည်တွင်းမီဒီယာများက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

အဗ်ဒူလာ ဂျာဘီရ်ဟုအမည်ရသည့် ပါလီမန်အမတ်တစ်ဦးအား အရက်သောက်သုံးသည် ဟူသော စွဲချက်ဖြင့် ၂၀၁၂ ခုနှစ်တွင်  Haa Dhaal Atoll Hondaidhoo ကျွန်း၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး၊ ဆီးစစ်ရန် စီစဉ်ခဲ့သည်။  သို့သော်လည်း အတိုက်အခံ မော်လ်ဒိုက်ဒီမိုကရပ်တစ်ပါတီ MDP မှ ပါလီမန်အမတ် ဂျာဘီရ်မှာ ငြင်းဆန်ခဲ့သောကြောင့် မော်လ်ဒိုက် ရာဇ၀တ်ခုံရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဂျာဘီရ်မှာ လာမည့်မတ်လ ၂၂ ရက်နေ့တွင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အစီအစဉ်ရှိနေသည်။ မော်လ်ဒိုက်နိုင်ငံ၏ ဥပဒေအရ ရာဇ၀တ်မှုကျူးလွန်ပြီး ထောင်ဒဏ် ၁ နှစ်အထက် ချမှတ်ခြင်းခံရသော သူတစ်ဦးမှာ ပါလီမန်အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်မရှိသော်လည်း ဂျာဘီရ်မှာ ပါလီမန်တွင် ဆက်လက်ရှိနေမည်ဖြစ်ပြီး၊ လာမည့်ရွေးကောက်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဟု ဒေသတွင်းမီဒီယာ Haveeru က ဖော်ပြခဲ့သည်။

ထို့ပြင် ဂျာဘီရ်မှာ အရက်သောက်သုံးမှုနှင့် ဆေးခြောက်သုံးစွဲမှု စသည့် အမှုနှစ်ခုကိုလည်း ရင်ဆိုင်နေရပြီး၊ အရက်သောက်သုံးကြောင်း ပြစ်မှု ထင်ရှားပါကာ ထောင်ဒဏ် တစ်နှစ်မှ သုံးနှစ် သို့မဟုတ် ပြည်နှင်ဒဏ်နှင့် ဆေးခြောက် သုံးစွဲမှုအတွက် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၁၅နှစ်နှင့် ငွေဒဏ်ချမှတ်ခံရမည်ဖြစ်သည်။
Ref: ဆင်ဟွာ

PHOTO/ MOHAMED WAHEED

Comments

Leave a Reply