News @ M-Media

ယေရှု ဟီဘရူး စကားပြောကြောင်း အစ္စရေးဝန်ကြီးချုပ် အမှားကို ပုပ်ရဟန်းမင်းကြီး ပြင်ဆင်ပေးခဲ့

မေ ၂၉ ၊ ၂၀၁၄
M-Media
Jesus Did Not Speak Hebrew
– ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ တနင်္လာနေ့ကတွေ့ခဲ့ရာမှာ ယေရှုနဲ့ပတ်သက်ပြီး နေတန်ရာဟုရဲ့ မှားယွင်းမှုတစ်ခုကို ပုပ်ရဟန်းမင်းကြီးက ပြင်ဆင်ပေးခဲ့ပါတယ်။

ခရစ်ယာန်နဲ့ ဂျူးဝါဒတို့အကြား နက်ရှိုင်းနဲ့ ဆက်သွယ်မှုကို ပုပ်ရဟန်းမင်းကြီးနဲ့ ဆွေးနွေးခဲ့ရာမှာ နေတန်ရာဟုက “ယေရှုဟာ ဒီမှာမွေးပြီး ဟီဘရူးစကားပြောပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးကို ပြောခဲ့ပါတယ်။ ဘာသာပြန်ပေးသူကနေ ပြန်ကြားရတဲ့ ပုပ်ရဟန်းမင်းက ချက်ချင်းဆိုသလိုပဲ “အာရမိုက်” စကားဖြစ်တယ်လို့ ပြင်ဆင်ပေးခဲ့ပါတယ်။

ရုတ်တရတ် ကြားဖြတ်ပြောလိုက်တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဟန်ပန်ကြောင့် နေတန်ယာဟု အပါအ၀င် အနားမှာ ရှိတဲ့သူတွေအားလုံး ရယ်ခဲ့ကြပြီး နေတန်ယာဟုကလည်း “ယေရှုဟာ အာရမိုက်စကားကိုပြောတယ်။ ဒါပေမယ့် ဟီဘရူးဘာသာစကားကိုလည်း နားလည်တယ်” လို့ သူရဲ့အမှားကို ပြင်လည်ပြင်ဆင်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အရှေ့အလယ်ပိုင်းခရီးစဉ်အဖြစ် ဂျော်ဒန်၊ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကို သွားရောက်လည်ပတ်ခဲ့ပြီး ဒေသတွင်းငြိမ်းရေးရဖို့အတွက်ဆုတောင်းခဲ့ကာ ဘာသာသုံးခုက ခေါင်းဆောင်တွေကိုလည်း ညီညွတ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Ref: Time

Comments

Leave a Reply