News @ M-Media

အီရတ် ၀န်ကြီးချုပ် မာလီကီ ရာထူးမှ နှုတ်ထွက်၊ နိုင်ငံရေး အခြေအနေ ပြောင်းလဲဖွယ်ရှိနေ

သြဂုတ် ၁၅၊ ၂၀၁၄
M-Media
53eda263b3df6.preview-620
– ပြည်တွင်း၊ ပြည်ပ ဖိအားများနှင့် ရင်ဆိုင်နေရသည့် အီရတ်သမ္မတ မာလီကီက မိမိ၏ ရာထူးအား စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ယမန်နေ့တွင် ရုပ်မြင်သံကြားမိန့်ခွန်းမှ ကြေညာခဲ့သည်။

ရှီယာတစ်ဦးဖြစ်သူ မာလီကီမှာ နိုင်ငံအတွင်းရှိ ရှီယာများအား ဦးစားပေးလွန်းပြီး လူမျိုစုများအကြား စေ့စပ်ညှိနှိုင်းမှု မပြုလုပ်နိုင်သောကြောင့် ဖိအားပေးခြင်းကို ခံနေရသူဖြစ်သည်။

ယခုကဲ့သို့ နှုတ်ထွက်ခဲ့ခြင်းမှာ မတည်မငြိမ်ဖြစ်နေသည့် နိုင်ငံရေး လှုပ်ရှားမှုများနှင့် အစိုးရသစ် ဖွဲ့စည်းရေးကို လွယ်ကူစေရန်ဖြစ်ပြီး မိမိအနေဖြင့် အစိုးရသစ်အား ပံ့ပိုပေးသွားမည်ဟု မာလီကီက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အီရတ်သမ္မတသစ် ဖူအဒ်မန်ဆွမ်မှာ ဒါဝါပါတီမှ နိုင်ငံရေး သဘောထား အလယ်အလတ်ရှိသူ အာဘာဒီကို ၀န်ကြီးချုပ် ရာထူးအထွက် ပြီးခဲ့သည့် တနင်္လာနေ့က လျာထားခဲ့ပြီး မာလီကီ နှုတ်ထွက်သွားမှုကြောင့် အာဘာဒီမှာ အီရတ်ဝန်ကြီးချုပ်ဖြစ်ရန် အလားအလာကောင်းနေသည်။

မာလီကီ၏ နှုတ်ထွက်မှုမှာ အီရတ်နိုင်ငံအတွင်း ညီညွတ်ရေးရန်အတွက် ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု အိမ်ဖြူတော်မှ ယမန်နေ့ညပိုင်းက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

Al Jazeera and agencies

Comments

Leave a Reply