News @ M-Media

စစ်တွေမှာ လက်ပစ်ဗုံးနှစ်လုံး တွေ့ရှိ

စက်တင်ဘာ ၁၈ ၊ ၂၀၁၄
RFA(မြန်မာပိုင်း)မှ ကူးယူဖော်ပြသည်။

 Bomb-found-Sittwe

ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျချောင်းမှာရပ်နား ထားတဲ့ စက်လှေတစ်စီးကို မြို့နယ်ရဲတပ်ဖွဲ့က မနေ့က ၀င်ရောက်ရှာဖွေရာ လက်ပစ်ဗုံး နှစ်လုံး ရှာဖွေတွေ့ ရှိခဲ့ပါတယ်။

“မင်းမင်းဝမ်း” အမည်ရှိတဲ့ စက်လှေထဲကနေ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး အမှုနဲ့ဆက်စပ်တဲ့ ဆင်ကူးလမ်းရပ်ကွက်ကအိမ်တစ်လုံးမှာ ယမ်းပြင်း ဘလောက်တုံး ၃ တုံးကို ထပ်မံတွေ့ရှိခဲ့တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။

အဲ့ဒီစက်လှေနဲ့ဆက်စပ်နေတဲ့ စစ်တွေမြို့ခံတစ်ဦးနဲ့ ရသေ့တောင်မြို့ခံတစ်ဦးကို မြို့နယ်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ရဲတပ်ဖွဲ့စစ်ဆေးချက်တွေအရ အဲ့ဒီ စက်လှေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ကုန်ကူးတဲ့စက်လှေဖြစ်ပြီး လုံခြုံရေးအတွက် လက်ပစ်ဗုံးတွေ ဆောင်ထားတာဖြစ်တယ်လို့ ထွက်ဆိုကြောင်း ရဲအရာရှိတွေက ဆိုပါတယ်။

Bomb-found-in-Sittwe

http://www.rfa.org/burmese/news/sistawe-2handgrenade-find-09172014104142.html

ဓါတ်ပုံ- နိရဉ္ဖာရာ

Comments

Leave a Reply