News @ M-Media

ဂါဇာ ပြန်လည်ထူထောင်ရေး ဒေါ်လာ သန်း ၅၄၀၀ ကျော် ထောက်ပံ့မည်ဟု ကမ္ဘာ့နိုင်ငံများ ကတိပြု

အောက်တိုဘာ ၁၄ ၊ ၂၀၁၄
M-Media
_78161872_f4d242f7-f2fd-4510-b3f2-c93ee3745b0d
– ဂါဇာဒေကသ ပြန်လည်ထူထောင်ရေး အီဂျစ်၌ ကျင်းပခဲ့သော ညီလာခံ၌ ကမ္ဘာ့နိုင်ငံများက ထောက်ပံ့ငွေ ကန်ဒေါ်လာ သန်း ၅ ထောင်ကျော် ထည့်ဝင်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်ဟု သိရသည်။

ကိုင်ရိုတွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ ညီလာခံကို အီဂျစ်နှင့် နော်ဝေနိုင်ငံတို့က ပူးတွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ညီလာခံမစတင်မီ ပါလက်စတိုင်းနိုင်ငံက ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် စာမျက်နှာ ၇၆ မျက်နှာပါသည့် အစီအစဉ်တစ်ခုကို တင်ပြခဲ့သည်။

“ညီလာခံကို တက်ရောက်လာသူတွေ ကတိပြုခဲ့တဲ့ ပမာဏက ကန်ဒေါ်လာ သန်းထောင်ပေါင်း ၅.၄ သန်း ရှိခဲ့ပါတယ်” ဟု ညီလာခံအဆုံး၌ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် နော်ဝေနိုင်ငံခြားရေးဝန်ကြီး ဘော်ဂီ ဘရန်ဒီက ပြောကြားခဲ့သည်။

အဆိုပါ ညီလာခံတွင် အီဂျစ်နိုင်ငံက ဂါဇာပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာ သန်း ၁ ထောင်လှူဒါန်းမည်ဟု ကတိပြုခဲ့ပြီး၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကမူ အမေရိကန်အနေဖြင့် ဒေါ်လာ ၂၁၂ သန်း ထောက်ပံ့မည်ဟု ကတိပြုခဲ့သည်။ ထို့ပြင် ဥရောပ သမဂ္ဂမှ ဒေါ်လာ သန်း ၅၇၀၊ ဂျာမနီမှ  ၆၃ သန်း၊ နော်ဝေမှ ၁၃ သန်း ထောက်ပံ့ရန် အသီးသီး ကတိပြုခဲ့ကြသည်။

ထိုညီလာခံကို တက်ရောက်လာခဲ့သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကမူ ဂါဇာဒေသ၏ အခြေအနေမှာ ပေါက်ကွဲလုမတတ်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

ဟားမက်စ်အဖွဲ့က ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်သည်ဟုဆိုကာ အစ္စရေးက ဂါဇာကမ်းမြှောင်အား ဇွန်လအစောပိုင်းမှစတင်ကာ ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ဂါဇာပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့ကာ နေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများအပါအ၀င် အများပြည်သူနှင့် သက်ဆိုင်သော နေရာအများအပြား ပျက်ဆီးခဲ့သည်။

ref_ Agencies

Comments

Leave a Reply