News @ M-Media

ထိုင်းနိုင်ငံ ဖူးခက်ကျွန်းတွင် ကမ္ဘာ့လှည့် ခရီးသည်တင် ရေယာဉ် တိမ်းမှောက်

အောက်တိုဘာ ၂၀ ၊ ၂၀၁၄
M-Media
Thailand Boat accident
– ထိုင်းနိုင်ငံ၏ ကမ္ဘာကျော်ဖူးခက်ကျွန်းတွင် ယမန်နေ့က အမြန်ရေယာဉ်တစ်စင်းမှာ အခြား သင်္ဘောတစ်စင်းနှင့် တိုက်မိခဲ့ခြင်းကြောင့် တိမ်းမှောက်ခဲ့ပြီး တရုတ်နိုင်ငံသား ၁၄ ဦး ဒဏ်ရာရရှိခဲ့ကာ တောင်ကိုရီးယားနိုင်ငံသား ၂ ဦးမှာ ပျောက်ဆုံးနေသည်ဟု သိရသည်။

ယမန်နေ့ နေ့လည် ၃ နာရီခွဲဝန်းကျင်ခန့်က ကမ္ဘာ့လှည့်ခရီးသွားများကို တင်ဆောင်လာသည့် Queen Star အမြန်ရေယာဉ်မှာ ဖီဖီကျွန်းမှ ဖူးခက်ကျွန်းသို့ ပြန်လာစဉ် ထိုကဲ့သို့ တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ အမြန်ရေယာဉ်တွင် တရုတ်၊ တောင်ကိုရီးယားနှင့် အနောက်နိုင်ငံများမှ ကမ္ဘာလှည့် ခရီးသွား စုစုပေါင်း ၃၇ ဦးလိုက်ပါလာခဲ့သည်။ တရုတ်နိုင်ငံသား ၁၄ ဦးအပါဝင်  ဒဏ်ရာရသူများမှာ ပွန်းပဲ့ဒဏ်ရာများဖြစ်ပြီး နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ကုသနေသည်။

ပျောက်ဆုံးနေသူ တောင်ကိုရီးယားနိုင်ငံသား ၂ ဦးကိုမူ ရှာဖွေမှုများ ပြုလုပ်နေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Photo-AP
ref_ ဆင်ဟွာ

Comments

Leave a Reply