အောက်တိုဘာ ၂၀ ၊ ၂၀၁၄
M-Media
– အီဘိုလာဗိုင်းရပ်စ်ပိုးကြောင့် သီတင်းပတ် ၂ ပတ်ကြာ ဆေးကုသမှု ခံယူနေရသည့် စပိန်သူနာပြုတစ်ဦးမှာ ယမန်နေ့က စစ်ဆေးမှုများအရ အီဘိုလာလက္ခဏာ လုံးဝမရှိတော့ဟု စပိန်အာဏာပိုင်များက ပြောကြားလိုက်သည်။
သွေးစစ်ဆေးချက်များအရ သူနာပြု ထရီဇာ ရိုမဲရို၏ ကိုယ်ခံအား စနစ်မှာ အီဘိုလာဗိုင်းရပ်စ်ပိုးအား တိုက်ထုတ်နိုင်ခဲ့ပြီး ရောဂါပိုးနှင့် ပတ်သက်သည့် မည်သည့်လက္ခဏာမှ မရှိတော့သည်ကို တွေ့ရှိခဲ့ရသည်။
ယခုစစ်ဆေးမှုမှာ ကနဦးစစ်ဆေးမှုဖြစ်ပြီး ရိုမဲရို လုံးဝပျောက်ကင်းသွားသည်ကို အတည်ပြုနိုင်ရန်အတွက် ဒုတိယမြောက်စစ်ဆးမှုကို ထပ်မံပြုလုပ်သွားမည်ကို ရိုမဲရိုအား ဆေးကုသပေးနေသော မက်ဒရစ်မြို့ရှိ Carlos III ဆေးရုံမှ အဏုဇီဝဆိုင်ရာ ဒါရိုက်တာ မန်နျူယဲလ် ကျူအန်ကာက ပြောကြားခဲ့သည်။
အသက ၄၄ နှစ်အရွယ်ရှိ ရိုမဲရိုမှာ Carlos III ဆေးရုံတွင် အီဘိုလာရောဂါသည် နှစ်ဦးကို ပြုစုစောင့်ရှောက်ပေးခဲ့ပြီးနောက် အဆိုပါ ရောဂါပိုး ကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး အနောက်အာဖရိကအပြင်ဘက်၌ ပထမဆုံး အီဘိုလာဗိုင်းရပ်စ်ပိုးကူးစက်သူလည်း ဖြစ်သည်။
အမေရိကန်တွင်လည်း အီဘိုလာရောဂါသည်အား ကုပေးခဲ့သူ သူနာပြု နှစ်ဦးမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ခံနေရသည်။
Leave a Reply
You must be logged in to post a comment.