ဒီဇင်ဘာ ၁၆ ၊ ၂၀၁၄
M-Media
ယခုနှစ် ဇန်န၀ါရီလကတည်းက သေဆုံးခဲ့သည့် ရသေ့တစ်ပါး၏ ဈာပန အခမ်းအနားကို – နောက်လိုက်များ၏ ကန့်ကွက်မှုကြောင့် ၂၀၁၅ ဖေဖော်ဝါရီ ၇ နေ့အထိ နောက်ဆုတ်ရန် တရားရုံးက အမိန့် ချမှတ်လိုက်သည်ဟု သိရသည်။
Ashutosh Maharaj အမည်ရ အဆိုပါ ရသေ့မှာ ၂၀၁၄ ဇန်န၀ါရီ ၂၉ ရက်နေ့တွင် သေဆုံးသွားခဲ့သည်ဟု တာဝန်ရှိသူများက ကြေညာခဲ့ပြီး လက်ရှိတွင် ရေခဲတိုက်ထဲ၌ ရှိနေသည်။
ထိုရေသေ့၏ ဈာပနအခမ်းအနား ပြုလုပ်ရန် တာဝန်ရှိသူများက စီစဉ်ခဲ့သော်လည်း ၎င်း၏ သားဖြစ်သူအပါအ၀င် နောက်လိုက်များက တရားရုံး၌ ကန့်ကွက်သောကြောင့် ထိုကဲ့သို့ ၇ ပတ် ရွှေ့ဆိုင်းရန် ယမန်နေ့က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
၎င်း၏နောက်လိုက်များကမူ Ashutosh Maharaj မှာ သေဆုံးသွားခြင်းမဟုတ်ဘဲ အမြင့်ဆုံးအဆင့်ဖြစ်သည့် ကာလရှည် တရားထိုင်ခြင်း(samadhi) ကို ဆောင်ရွက်နေခြင်းသာ ဖြစ်ပြီး ၎င်းတို့အား ဦးဆောင်ပေးရန် ပြန်လည်ထမြောက်လာမည်ဟု ယုံကြည်နေသည်။
တရားရုံးမှ အမိန့်ချမှတ်မှုမတိုင်ခင် Maharaj တရားထိုင်နေသည်ဟူသော အယူအဆအား ထောက်ခံရန်အတွက် နောက်လိုက်ထောင်ပေါင်းများစွာမှာ ၎င်းနေထိုင်ခဲ့ရာ နေရာအပြင်ဘက်တွင် စုရုံးခဲ့ကြသည်။
ကွယ်လွန်ချိန်တွင် အသက် ၇၀ ကျော် အရွယ်ရှိပြီဖြစ်သည့် Maharaj မှာ Divya Jyoti Jagrati Sansthan လမ်းစဉ်ကို ဦဆောင်သည့် ရသေ့များထဲမှ တစ်ဦးဖြစ်ပြီး အဆိုပါလမ်းစဉ်ကို လိုက်နာသူများမှာ ကမ္ဘာတစ်ဝှမ်း သန်းနှင့်ချီ၍ ရှိနေသည်။
AFP
Leave a Reply
You must be logged in to post a comment.