News @ M-Media

ပက်ရှ်ဝါရ်စာသင်ကျောင်းတိုက်ခိုက်မှု ကြိုးကိုင်ခဲ့သူ တာလီဘန်ခေါင်းဆောင်ကို ပါကစ္စတန်စစ်တပ် သုတ်သင်

ဒီဇင်ဘာ ၂၇၊ ၂၀၁၄
M-Media

67392_816053715103767_1307865107607622219_n

– ကလေးငယ်များအပါအ၀င် လူပေါင်း ၁၅၀ ခန့် သေဆုံးခဲ့သည့် ပက်ရှ်ဝါရ် စာသင်ကျောင်း တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သည်ဟု ယူဆရသူ တာလီဘန်တပ်မှူးတစ်ဦးကို ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့က သုတ်သင်နိုင်ခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာ ၂၆ ရက်နေ့က နိုင်ငံအနောက်မြောက်ပိုင်း ပရှ်ဝါရ်နယ်စပ်ရှိ ခိုင်ဘာဒေသတွင် တာလီဘန်များနှင့် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့တို့ တိုက်ခိုက်မှုအတွင်း ဆက်ဒမ်ဟုခေါ်သည့် အဆိုပါ တပ်မှူးကို သုတ်သင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဒေသအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ရှာဟက်ဘ် အလီရှားကမူ အခြား တာလီဘန် ၆ ဦးကိုလည်း ဒဏ်ရာဖြင့် ဖမ်းဆီးမိခဲ့ပြီး စာသင်ကျောင်း တိုက်ခိုက်မှုတွင် ဆက်ဒမ်မှာ မည်သို့ မည်ပုံ ပါဝင်ပတ်သက်ခဲ့သည်ကို အတိအကျသိရန်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

အာဖဂန်နယ်စပ် တာလီဘန်များခြေကုပ်ယူရာ မြောက်ဘက် ၀ါဇီရစ္စတန်ကို
ပါကစ္စတန်အစိုးရတပ်များက ထိုးစစ်ဆင်ခဲ့ပြီးနောက်ပိုင်း ပါကစ္စတန်တာလီဘန်အဖွဲ့မှာ ခိုင်ဘာဒေသတွင် လာရောက်အခြေချခဲ့ကြသည်။

ထို့ပြင် ဆက်ဒမ်မှာ ပါကစ္စတန်တာလီဘန်အဖွဲ့၏ အရေးပါသည့် တပ်မှူးတစ်ဦးဖြစ်ပြီး ပါကစ္စတန်တွင် မကြာသေးမီက ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုအများအပြားတွင် ပါဝင်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Source : AFP

Comments

Leave a Reply