မတ် ၁၊ ၂၀၁၅
M-Media
– ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုရေး အစိုးရအား တိုက်တွန်းထားသော
ဆုံးဖြတ်ချက်တစ်ခုကို အီတလီ လွှတ်တော်အမတ်များက ထောက်ခံလိုက်သည်ဟု သိရသည်။
အမေရိကန်ကြားဝင်သည့် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြီးခဲ့သည့်ဧပြီလက ပျက်သွားပြီးနောက် အီတလီ၏ အစ္စရေးအပေါ် ဝေဖန်မှုမှာ တိုးလာခဲ့သည်။ ထို့ပြင် ပါလက်စတိုင်းတို့၏ ပိုင်နက်အတွင်း အခြေချအိမ်ရာများ
ဆောက်လုပ်မှုနှင့်ပတ်သက်၍လည်း ဖိအားပေးခဲ့သည်။
ပါလက်စတိုင်းအား အချုပ်အချာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုရန် အစိုးရအား တိုက်တွန်းသော အဆိုပါ ဆုံးဖြတ်ချက်ကို ၀န်ကြီးချုပ် မက်တီယိုရန်ဇီ၏ PD ပါတီက တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ရှိ Chamber of Deputies မှ မဲခွဲခဲ့ရာ ထောက်ခံမဲ ၃၀၀၊ ကန့်ကွက်မဲ ၄၅ မဲ ရရှိခဲ့သည်။
လွှတ်တော်အမတ်များ၏ အဆိုပါထောက်ခံမှုမှာ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံပူးတွဲတည်ရှိရေးအတွက် ညှိနှိုင်းဆွေးနွေးရေးကို ထောက်ခံအားပေးသော အီတလီအစိုးရ၏ ရည်တည်ချက်ကို ပြောင်းလဲမည်မဟုတ်ချေ။
ဥရောပနိုင်ငံများထဲတွင် ဆွီဒင်မှာ ပထမဆုံးအဖြစ် ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ပြီးခဲ့သည့်နှစ်က အသိအမှတ်ပြုခဲ့ပြီး အိုယာလန်၊ ဗြိတိန်နှင့် ပြင်သစ်တို့ရှိ လွှတ်တော်အမတ်များကလည်း ယခုကဲ့သို့ပင် အစိုးရအား တိုက်တွန်းခဲ့ကြသည်။
Ref: Reuters
Leave a Reply
You must be logged in to post a comment.