News @ M-Media

NSA အဆောက်အဦးသို့ လူနှစ်ယောက်က ကားဖြင့် အတင်းဝင်ရောက်မှု ဖြစ်ပွား

မတ် ၃၁၊ ၂၀၁၅
M-Media

74c43148b53e4835be4a7f3450926209_18

– အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ NSA သို့ဝင်ရာ ဂိတ်ပေါက်ဝတွင် လူ ၂ ဦးမှာ ကားတစ်စီးကို အတင်းမောင်းနှင် ၀င်ရောက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကာ အခြားတစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု အမေရိကန် အာဏာပိုင်များက ပြောကြားလိုက်သည်။

မေရီလန်းပြည်နယ်ရှိ NSA အဆောက်အဦးတွင် ဒေသစံတော်ချိန် ယမန်နေ့ နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားတစ်စီးမှာ ဂိတ်ပေါက်ဝသို့ အတင်း မောင်းနှင် ၀င်ရောက်လာသောကြောင့် တာဝန်ရှိသူများက ဟန့်တားခဲ့ကြပြီး သနေတ်ဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါပစ်ခတ်မှုအတွင်း ကားမောင်းလာသူထဲမှ တစ်ဦး သေဆုံခဲ့ပြီး ၎င်းတို့၏ ကားထဲတွင် မူးယစ်ဆေးဝါးများနှင့် သေနတ်တစ်လက်ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ကာကွယ်ရေးဌာနမှ အမည်မဖော်လိုသည့် အကြီးတန်းအရာရှိတစ်ဦးကမူ ကားမောင်းလာသူ ၂ ဦးမှာ အမျိုးသမီးကဲ့သို့ ၀တ်စားခဲ့ကြသည်ဟု AP သတင်းဌာနသို့ ပြောကြားခဲ့သည်။

NSA ထဲသို့ ၀င်ရောက်ခဲ့သည့် အဆိုပါကားမှာ ယမန်နေ့နံနက်အစောပိုင်းက အနီးအနားရှိ ဟိုတယ်တစ်ခုမှ ခိုးယူလာခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မေရီ ဖီလန်က ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် FBI က အဆိုပါ အဖြစ်အပျက်မှာ အကြမ်းဖက်မှုနှင့် ဆက်စက်မှုမရှိဟု ယုံကြည်ရပြီး အခြေအနေကိုလည်း ထိန်းသိမ်းပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။

NSA ၀င်းအတွင်းမှ အဆောက်အဦးတစ်ခုမှာ ယခုလအစောပိုင်းတွင် ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပတ်ခတ်မှုအတွင်း ထိခိုက်ပျက်ဆီးခဲ့ရပြီး ပစ်ခတ်မှုအတွက် သံသယရှိသူ ဟွန်ယန်းဆိုသူကို ရဲတပ်ဖွဲ့က မတ်လ ၃ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply