ဧပြီ ၂၊ ၂၀၁၅
M-Media

– အိန္ဒိယနိုင်ငံ ဥတာပရာဒက်ရှ်ပြည်နယ်တွင် မျက်နှာ၌ ဆင်နှာမောင်းပုံသဏ္ဍာန်ဖြင့် မွေးဖွားလာခဲ့သည့် သမီးငယ်တစ်ဦးအား ဒေသခံများက နတ်ဘုရားတစ်ပါအဖြစ် ယုံကြည်နေကြပြီး ဆရာဝန်များကမူ အဖြစ်နည်းသော မျိုးဗီဇ ပြောင်းလဲမှုကြောင့်ဟု ဆိုသည်။
အဆိုပါသမီးငယ်မှာ အလီဂါဒေသရှိ မိသားစုတစ်ခုမှ မွေးဖွားလာခြင်းဖြစ်ပြီး ၎င်း၏ မျက်လုံး ၂ ဖက်ကြားတွင် အသားပိုတစ်ခုထွက်နေကာ ၎င်းမျက်နှာမှာ ဆင်၏ မျက်နှာနှင့် ဆင်တူနေသည်။ ဒေသခံပြည်သူများကမူ အဆိုပါ သမီးငယ်မှာ ဆင်ဦးခေါင်းဖြင့်ရှိသည့် ၎င်းတို့၏ နတ်ဘုရား Ganesha ၀င်စားသည်ဟု ယုံကြည်နေကြကာ လာရောက်ကြည့်ရှုသူမှာ ကြိတ်ကြိတ်တိုးလျက် ရှိနေသည်။
ထိုကဲ့သို့ မျက်နှာ အချိုးအစားမကျမှုမှာ မိခင်၏ သားအိမ်အတွင်းတွင် ဖြစ်ပွားခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ အဆိုပါသမီးငယ်အား ပုံမှန်မျက်နှာ ပြန်လည်ရရှိရေးအတွက် ခွဲစိတ်ကုသမှု လိုအပ်ခြင်း ရှိမရှိကို ဆရာဝန်များက မစမ်းသပ်ရသေးပေ။ သို့သော်လည်း အဆိုပါ မျက်နှာ အချိုးအစားမကျမှုမှာ လေထုညစ်ညမ်းခြင်း၊ သို့မဟုတ် အဟာရချို့တဲ့ခြင်းကြောင့် မျိုးရိုးဗီဇ ပြောင်းလဲခြင်းသာဖြစ်သည်ဟု ဒေသခံများအား သတိပေး ပြောကြားထားသည်။
သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မဂ္ဂဇင်းတစ်စောင်ဖြစ်သော Down to Earth မှ ၂၀၀၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော စာတမ်းတွင် အူတာပရာဒက်ရှ်ပြည်နယ်ရှိ အလီဂါဟ်နှင့် ပတ်ဝန်းကျင်ဒေသများမှာ စက်မှုလုပ်ငန်းများ တည်ရှိရာ ဒေသများဖြစ်ပြီး မိလ္လာစနစ်များမှာ ဆိုးရွားကာ ကောင်းမွန်စွာ အလုပ်မလုပ်ဟု ဖော်ပြခဲ့သည်။ အဆိုပါအခြေအနေက ယခုကဲ့သို့ မျိုးရိုးဗီဇပြောင်းလဲကာ ခန္ဓာကိုယ် အချိုးမကျဘဲ ကလေးများ မွေးဖွားလာခြင်း၏ အဓိကအကြောင်းအရင်းများထဲမှ တစ်ခုဖြစ်မည်ဟု မှတ်ယူနေကြသည်။
အဆိုပါ ကလေးငယ်၏ ဖင်ဖြစ်သူကမူ မိမိ၏ သမီး ထိုကဲ့သို့ မျက်နှာအချိုးမကျစွာ မွေးဖွားလာမှုမှာ မိသားစုတစ်ခုလုံး၏ ကံကြမ္မာကို ပြောင်းလဲသွားလိမ့်မည်ဟု ယုံကြည်နေသည်။
Ref: ibtimes
Leave a Reply
You must be logged in to post a comment.