မေ ၇၊ ၂၀၁၅
M-Media
– နိုင်ငံရေးပြိုင်ဘက်ဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ သူရဦးရွှေမန်း၏ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်အား ချီးကျူးသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင် ပြောကြားလိုက်သည်။
ဦးရွှေမန်းမှာ ပြီးခဲ့သည့်တစ်ပတ်က သွားရောက်ခဲ့သည့် အမေရိကန်ခရီးစဉ်တွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မည်သူနှင့်မဆို တိုင်းပြည်အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။
လာမည့် နိုဝင်ဘာရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်ကာ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်မှာ ဖွဲစည်းပုံ အခြေခံဥပဒေအရ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့် မရှိပေ။
ရွေးကောက်ပွဲအပြီး လွှတ်တော်မှ ရွေးချယ်မည့် သမ္မတနေရာအတွက် လက်ရှိအချိန်တွင် အတိုက်အခံဘက်မှ မည်သူမှ ပေါ်ထွက်လာခြင်း မရှိသေးဘဲ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်ဥက္ကဌ ဦးရွှေမန်းနှင့် မဟာမိတ်ဖွဲ့မည်ဟုလည်း ကောလဟာလများ ထွက်ပေါ်နေသည်။
မည်သူနှင့်မဆို မဟာမိတ်ဖွဲ့ရန် အဆင်သင့်ရှိသည်ဟူသော ဦးရွှေမန်း၏ စကားကို ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးခဲ့သည်။
“ဒီလို ပူးပေါင်းဆောင်ရွက်ချင်တဲ့ စိတ်ဓာတ်ဟာ သိပ်ကောင်းပါတယ်။ ကျွန်မတို့ ဒါကို ကြိုဆိုပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် AFP သတင်းဌာနသို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ယခုနှစ်ရွေးကောက်ပွဲမှာ စစ်တပ်အုပ်ချုပ်မှုမှ တိုက်ရိုက်ဖြစ်လာသည့် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေအတွက် အဓိကစမ်းသပ်မှုအဖြစ် ရှုမြင်နေကြသည်။ ထို့ပြင် နိုင်ငံအား ဒီမိုကရေစီသို့ တစ်ဆင့်ပိုနီးလာစေရန်အတွက် ဆယ်စုနှစ်များတွင်း အကောင်းဆုံး အခွင့်အရေးလည်း ဖြစ်လာနိုင်သည်။
ဦးရွှေမန်းက မဟာမိတ်အဖြစ် ပူးပေါင်းရန်အသင့်ဟု ပြောကြားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကမူ လက်ရှိအချိန်တွင် မဟာမိတ်ဖွဲ့ရန် အစီအစဉ်မရှိသေးကြောင်း ပြောကြားခဲ့ပြီး၊ ရွေးကောက်ပွဲအား သပိတ်မှောက်ကောင်းမှောင်နိုင်မည်ဆိုသည်ကိုလည်း
ငြင်းဆိုခဲ့ခြင်းမရှိချေ။
Ref: Channelnewsasia
Leave a Reply
You must be logged in to post a comment.