ဇွန် ၂၂၊ ၂၀၁၅
M-Media
– ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်ရှိ ကရာချီမြို့နှင့် အခြားသောခရိုင်များတွင် ကြုံတွေ့ခဲ့ရသည့် အပူလှိုင်းကြောင့် အနည်းဆုံး လူ ၁၃၀ သေဆုံးခဲ့သည်ဟု ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားလိုက်သည်။
ထို့ကြောင့် ပြည်နယ်အစိုးရက ပြည်နယ်အတွင်းရှိ ဆေးရုံများအားလုံးတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ဆရာဝန်များ၊ အခြားသောဝန်ထန်းများအားလုံး၏ ခွင့်များကို ပယ်ဖျက်ကာ ဆေးဝါးများကိုလည်း တိုးမြှင့်ထောက်ပံ့ပေးထားသည်။
တောင်ဘက်ဆိပ်ကမ်းမြို့ဖြစ်သော ကရာချီတွင် အပူချိန်မှာ စနေနေ့က ၄၅ ဒီဂရီ ဆဲလ်စီးယက်စ်သို့ ရောက်ရှိခဲ့ပြီး ၁၉၇၉ ခုနှစ်က စံချိန်အပူချိန် ၄၇ ဒီဂရီထက် အနည်းငယ်သာ လျော့နည်းသည်။
အစိုးရပိုင် ဂျင်နာဆေးရုံရှိ အရေးပေါ်ဌာန၏ အကြီးအကဲဖြစ်သူ ဒေါက်တာ စီးမင်း ဂျာမာလီကမူ ၎င်းတို့၏ဆေးရုံတွင် အပူလှိုင်းကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် သေဆုံးသူအများစုမှာ သက်ကြီးပိုင်းများဖြစ်သည်ဟု ဆိုသည်။
အဏာပိုင်များက ထိုကဲ့သို့ သေဆုံးမှုများမှာ စနေနေ့ညပိုင်းမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
မိုလေ၀သက လာမည့်နေ့များတွင် အပူချိန် လျော့ကျဖွယ်ရှိနေသည်ဟု ပြောကြားခဲ့သော်လည်း ဆရာဝန်များကမူ နေရောင်အား တိုက်ရိုက်ထိတွေ့မှုကို ရှောင်ရှားရန်နှင့် ပေါ့ပါးသောအ၀တ်များကို ၀တ်ဆင်ရန် အကြံပြုထားသည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.