News @ M-Media

ယခုနှစ်အတွင်း နိုင်ငံခြားသားခရီးသွား ၄.၅ သန်းကျော် မြန်မာနိုင်ငံက မျှော်လင့်ထား

စက်တင်ဘာ ၃၀၊ ၂၀၁၅
M-Media

upain
ကမ္ဘာ့လှည့်ခရီးသွားများ စိတ်ဝင်စားရာ သမိုင်းဝင် ဦးပိန်တံတား

– မြန်မာနိုင်ငံမှာ ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွားပမာဏ ၄.၅ သန်းကျော် ၀င်ရောက်မည်ဟု မျှော်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ယနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

ယခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွား အရေအတွက်မှာ ယမန်နှစ်တစ်နှစ်လုံး ၀င်ရောက်ခဲ့သည့် ၃.၀၈ သန်းထက် ကျော်လွန်ခဲ့ပြီဟု ၀န်ကြီး ဦးဌေးအောင်က အဆိုပါ အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ သြဂုတ်လ ၃၁ ရက်နေ့ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝှမ်းတွင် လိုင်စင်ရဟိုတယ်ပေါင်း ၁၂၂၅ ဦးရှိပြီး အခန်းပေါင်း ၄၇၉၁၁ ခန်းရှိကာ ခရီးသွားလာရေး လုပ်ငန်းများမှာ ၁၈၄၇ ခုရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံမှာ ယခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား ၅ သန်းခန့် လာရောက်အောင် ဆွဲဆောင်သွားမည်ဟု မျှော်မှန်းထားသည်။

Ref: business-standard

Comments

Leave a Reply