အောက်တိုဘာ ၁၂၊ ၂၀၁၅
M-Media
– တူရကီမြို့တော် အန်ကာရာတွင် ယမန်နေ့မနက် စစ်ဆန့်ကျင်ရေး ချီတက်မှု၌ ပေါက်ကွဲမှုတွင် သေဆုံးသွားသူများအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ထောင်ပေါင်းများစွာသော ပြည်သူများမှာ ယမန်နေ့ညနေပိုင်းတွင် ချီတက်ကာ ဆန္ဒပြခဲ့ကြသည်။
ကာ့ဒ်လက်နက်ကိုင်များနှင့် အစိုးရတို့၏ တိုက်ခိုက်မှု ငြိမ်းချမ်းစေရေး ထိုချီတက်မှုအတွင်း ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၉၇ ဦး သေဆုံးခဲ့ကာ ၂၄၆ ဦး ဒဏ်ရာရရှိခဲ့သည်။ တူရကီအကြီးတန်း တာဝန်ရှိသူ ၂ ဦးက ထိုတိုက်ခိုက်မှုကို IS အဖွဲ့က ပြုလုပ်သည်ဟု ပြောကြားခဲ့သည်။
သို့သော်လည်း ဆန္ဒပြသူများက တူရကီ သမ္မတ အာဒိုဂန်ကို အပြစ်တင်ခဲ့ကြပြီး ဆန္ဒပြမှုအတွင်း “အာဒိုဂန် လူသတ်သမား” “အစိုးရ နှုတ်ထွက်ပေး” စသည့် ကျွေးကြော်သံများကို ကျွေးကြော်ခဲ့ကြသည်။ သေဆုံးသွားသူများအတွက် ၀မ်းနည်ကြောင်း ပြုလုပ်သည့် အဆိုပါ ဆန္ဒပြမှုအတွင်း အလုပ်သမားသမဂ္ဂများ၊ လက်ဝဲအဖွဲ့များ၊ အန်ဂျီအိုများနှင့် ကာ့ဒ်ပြည်သူ့ ဒီမိုကရက်တစ်ပါတီ HDP တို့ ပါဝင်ခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.