အောက်တိုဘာ ၂၉၊ ၂၀၁၅
M-Media
– ဒုက္ခသည်များကို တင်ဆောင်ကာ တူရကီမှ ထွက်ခွာလာသည့် သင်္ဘောလေးစီးမှာ ယမန်နေ့က ဂရိရေပိုင်နက်အတွင်း နစ်မြုပ်ခဲ့ပြီး အနည်းဆုံး ကလေးငယ် ၇ ဦး သေဆုံးခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု သိရသည်။
နိုင်ငံမြောက်ပိုင်း လက်စ်ဘော့စ် ကမ်းရိုးတမ်းတွင် နစ်မြုပ်ခဲ့သည့် သင်္ဘောတစ်စီးမှ ဒုက္ခသည် ၂၀၀ ကျော်ကိုမူ ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့မှာ ကိုယ်အပူချိန် အလွန်အမင်းကျဆင်းနေကြသည်ဟု ဆိုသည်။ ထိုသင်္ဘောမှ အရွယ်ရောက်ပြီးသူ သုံးဦး သေဆုံးခဲ့သည်။
ကင်းလှည့်ရေယာဉ်များ၊ ငါးဖမ်းသင်္ဘောများနှင့် ဒေသခံပြည်သူများ ပိုင်ဆိုင်သော ရှပ်ပြေးရေယာဉ်များပါ ပျောက်ဆုံးသူများကို လိုက်လံရှာဖွေနေပြီး လေတိုက်နှုန်းပြင်းထန်မှုကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ဂရိရဲတပ်ဖွဲ့ကမူ နစ်မြုပ်သွားသည့် သင်္ဘောများတွင် လူဦးရေ မည်မျှပါသည်ကို အတိအကျ မသိရှိနိုင်သေးဟု ပြောကြားခဲ့သည်။
Ref: Alarabiya


Leave a Reply
You must be logged in to post a comment.