News @ M-Media

အီရတ်တွင် မိုးသည်းထန်ပြီး ရေကြီး

အောက်တိုဘာ ၂၉၊ ၂၀၁၅
M-Media

– မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အီရတ်နိုင်ငံရှိ ဒေသအများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ဘဂ္ဂဒတ်မြို့ လမ်းများတွင်လည်း ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေကာ စစ်ရှောင်ဒုက္ခသည်များ နေထိုင်သည့် စခန်းများမှာလည်း ပျက်ဆီးခဲ့ရသည်။

နွေရာသီ ကုန်ဆုံးခဲ့ပြီးနောက် ယမန်နေ့ ညနေပိုင်းကစ၍ မြို့တော်တွင် မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ပြီး အာရပ်ကမ္ဘာ၏ ဒုတိယအကြီးဆုံးဖြစ်သော ဘဂ္ဂဒတ်တွင် ဆိုးရွားသည့် အခြေခံအဆောက်အဦးများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အလုပ်သွားရန်နှင့် ကျောင်းသွားရန် ခက်ခဲနေပြီး အစိုးရက ကြာသာပတေးနေ့ကို ရုံးပိတ်ရက်အဖြစ် ကြေငြာခဲ့သည်။

အန်ဘာရ်ပြည်နယ်တွင်လည်း ရေကြီးမှုများကြောင့် စစ်ရှောင်ဒုက္ခသည်များ နေထိုင်ရာ စခန်းများမှာ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးခဲ့ပြီး ကူစက်ရောဂါများ ပြန့်နှံ့လာမည်ကိုလည်း ပြည်သူများက စိုးရိမ်နေကြသည်။ ရေကြီးမှုကြောင့် လက်ရှိအချိန်အထိ ကလေးငယ်တစ်ဦး သေဆုံးသည်ဟု သိရသည်။

Ref: Alarabiya

Comments

Leave a Reply