အောက်တိုဘာ ၂၉၊ ၂၀၁၅
M-Media
– ပိုင်နက်အငြင်းပွားမှုများရှိနေသော တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ရေတပ် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန်အတွက် စစ်သင်္ဘော ၂ စီး စေလွှတ်သွားမည်ဟု သြစတေးလျ ကာကွယ်ရေးဝန်ကြီး မာရီစ် ပေနီက ယနေ့တွင် ပြောကြားလိုက်သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုကို လာမည့်သီတင်းပတ် အစောပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး သြစတေးလျမှ HMAS Stuart နှင့် HMAS Arunta ဖရီးဂိတ်စစ်သင်္ဘောများမှာ ဇန်ဂျီယန်းရှိ တရုတ်၏ အဓိက ရေတပ်အခြေစိုက်စခန်းသို့ မကြာမီ ရောက်ရှိလာတော့မည်ဖြစ်သည်။
အဆိုပါ စစ်ရေလေ့ကျင်မှုမှာ အင်္ဂါနေ့မနက်ပိုင်းက တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသော စပရက်တလေကျွန်းစုအနီးမှ အမေရိကန်စစ်သင်္ဘော ကင်းလှည့်ဖြတ်သန်းသွားပြီးနောက် တရုတ်က စီစဉ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်၏ ထိုလုပ်ရပ်ကို တရုတ်က ရန်စခြင်းဟု သတ်မှတ်ခဲ့ပြီး နောက်တစ်ကြိမ် ထပ်မံ၍ ပြုလုပ်ပါက ပြန်လည်တုန့်ပြန်သွားမည်ဟု သတိပေးထားသည်။
Ref: Press TV
Leave a Reply
You must be logged in to post a comment.