နိုဝင်ဘာ ၂၉၊ ၂၀၁၅
M-Media
– ဆီးရီးယားနိုင်ငံ အစ်ဒ်လစ်ဘ်မြို့ရှိ လူစည်ကားရာ ဈေးတစ်ခုတွင် ရုရှားမှပြုလုပ်သည်ဟု ယူဆရသော လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ပြည်သူ ၄၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ယနေ့တွင် ပြုလုပ်ခဲ့သည့် အဆိုပါတိုက်ခိုက်မှုမှာ နူဆရာတပ်ဦးပါဝင်သည့် သူပုန်မဟာမိတ်အဖွဲ့ဖြစ်သော Army of Conquest မှ ထိန်းချုပ်ထားသည့် အာရီဟာမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။
လူစည်ကားရာဈေးအပြင် မြို့၏အခြားနေရာများမှာလည်း လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရသည်။ ဒေသတွင်း သတင်းချန်နယ် တစ်ခုဖြစ်သော Ariha al-Youm ကမူ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုတွင် ပေါက်ကွဲအားပြင်းထန်သည့် ကလက်စတာဗုံးများကို အသုံးပြုခဲ့သည်ဟု ဖော်ပြခဲ့သည်။
အတိုက်အခံလိုလားသော Orent TV က ကနဦး သေဆုံးသူအရေအတွက်ကို ၄၀ ဟု သတ်မှတ်ခဲ့ပြီး၊ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ ဒါရိုက်တာဖြစ်သူ ရာမီ အဘ်ဒူလ်ရဟ်မန်က သေဆုံးသူအရေအတွက်မှာ
ထိုထက်ပိုများနိုင်ကာ အနည်းဆုံး ၆၀ ရှိမည်ဟု ပြောကြားခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.