News @ M-Media

တရုတ်ယွမ်ငွေကို ကမ္ဘာ့ အရန်ငွေကြေးစာရင်းသို့ IMF က ပေါင်းထည့်တော့မည်

နိုဝင်ဘာ ၃၀၊ ၂၀၁၅
M-Media

yuan

– နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF သည် တရုတ်ယွမ်ငွေကို နိုင်ငံတကာ အရံငွေကြေးစာရင်းထဲသို့ တနင်္လာနေ့ (ယနေ့) တွင် ထည့်သွင်းရန် အစီအစဉ်ရှိနေသည်ဟု သိရသည်။

ထိုကဲ့သို့ အတည်ပြုလိုက်ပါက တရုတ်ယွမ်ငွေမှာ ကမ္ဘာ့ငွေကြေးများဖြစ်သည့် အမေရိကန်ဒေါ်လာ၊ ယူရို၊ စတာလင်ပေါင်၊ ဂျပန်ယန်းတို့နှင့်အတူ SDR စာရင်းတွင်ပါဝင်မည်ဖြစ်သည်။ ထိုဆုံးဖြတ်ချက်က အမေရိကန်၏ စီးပွားရေးစိုးမိုးမှုကို အဓိကစိန်ခေါ်နေသော ကမ္ဘာ့စီးပွားရေး အင်အားကြီး တရုတ်နိုင်ငံ၏ အခြေအနေကို မြှင့်တင်ပေးရာ ရောက်စေမည်ဖြစ်သည်။

IMF အမှုဆောင်ဘုတ်အဖွဲ့သည် ယွမ်ငွေကို နိုင်ငံတကာသုံး ငွေကြေးစာရင်းသို့ ပေါင်းထည့်ရန် အကြံပြုချက်အား လက်ခံမည် ဟုတ်၊ မဟုတ်ကို ဆုံးဖြတ်ချက်ချရန် တွေ့ဆုံမည်ဖြစ်သည်။ လက်ခံမည်ဆိုပါက ကိုင်တွယ်အအသုံးပြုသူများ ပြင်ဆင်နိုင်ရေးအတွက် အချိန်ပေးရမည်ဖြစ်သောကြောင့် လာမည့်နှစ် စက်တင်ဘာ ၃၀ ထက်နောက်မကျသည့် အချိန်ကာလအတွင်း ယွမ်ငွေကို အမှန်တကယ် ပေါင်းထည့်နိုင်မည်ဖြစ်သည်။

ရုရှားမှာ ၂၀၁၆ တွင် တရုတ်ယွမ်ငွေ သန်း ၆ ထောင်ခန့် (ကန်ဒေါ်လာ ၉၃၈ သန်း) တန်သည့် ငွေတိုက်စာချုပ်များ ထုတ်ဝေမည်ဖြစ်ကြောင်း စနေနေ့က ပြောကြားခဲ့သည်။ ရုရှားဘဏ်သည် နိုင်ငံခြားအရံငွေလဲလှယ်ရေးတွင် ယွမ်ငွေအား ပါဝင်စေမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချပြီးပြီဟု ရုရှား ဘဏ္ဍာရေးဝန်ကြီး မက္ကဇင်အော်ရက်ကင်က ကြေညာခဲ့သည်။

အမေရိကန်သည် တရုတ်၏ကြီးထွားလာသော ဘဏ္ဍာရေးသြဇာကို သတိထားနေရပြီး ကန်ဒေါ်လာသည်ပင် ထွန်းသစ်စ စီးပွားရေးများက ၎င်းတို့၏ ပြည်နယ်ငွေကြေးများကို ကုန်သွယ်မှုတွင် ပြောင်းလဲသုံးစွဲလာသည့် အဓိကစိန်ခေါ်မှုကိုလည်း ရင်ဆိုင်နေရသည်။

Ref: Press TV

Comments

Leave a Reply