နိုဝင်ဘာ ၃၀၊ ၂၀၁၅
M-Media
– အီရန်ရေတပ်သည် ပြည်တွင်း၌ပင် တီထွင်ပြုလုပ်ထားသော “ကာဒရ်” ဟုခေါ်သည့် သင်္ဘောဖျက် ခရုဇ်ဒုံးကျည်များကို တရားဝင်လက်ခံရရှိခဲ့သည်ဟု သိရသည်။
အဆိုပါ ကာဒရ် ဒုံးကျည်များအား ယမန်နေ့က အီရန်ရေတပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ထိုအခမ်းအနားသို့ အီရန်ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် ဟူစိန်ဒေကန်နှင့် ရေတပ်ဗိုလ်ချုပ် ဟဘီဘွလ္လာဟ် ဆေယာရီ တို့ တက်ရောက်ခဲ့ကြသည်။
“အီရန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လေကြောင်းနှင့် အာကာသအဖွဲ့က သိပ္ပံပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ ဒီဇိုင်းဆွဲ ထုတ်လုပ်ခဲ့တဲ့ ကာဒရ် ဒုံးကျည်တွေကို အီရန်အစ္စလာမ့်သမ္မတနိုင်ငံရဲ့ ရေတပ်ကို ပထမဆုံးအကြိမ် လွှဲပြောင်းခဲ့ခြင်းဖြစ်ပါတယ်’ ဟု ဒေကန်က ပြောကြားခဲ့သည်။
အဆိုပါ တာဝေးပစ်ဒုံးကျည်များမှာ အလွန်လျင်မြန်သော တုံ့ပြန်နိုင်စွမ်းရှိခြင်း၊ အနိမ့်ပိုင်းတွင် ပျံသန်းနိုင်ခြင်း၊ ပစ်မှတ်တိကျခြင်း၊ ဖျက်စီးမှုစွမ်းအား ကြီးမားခြင်းနှင့် လျှပ်စစ်မရှိသောစစ်ပွဲတွင်ပါ တပ်ဆင်အသုံးပြုနိုင်သည့် စွမ်းရည်များရှိသည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဒေကန်က ထပ်မံ၍ အီရန်နိုင်ငံရဲ့ရန်သူများမှာ နိုင်ငံ၏ ကာကွယ်ရေးစွမ်းအားကို သတိပြုနေရပြီး မိမိတို့နိုင်ငံ အကျိုးစီးပွားထိခိုက်စေရန် မည်သည့်အချိန်တွင်မှ လုပ်ရဲမည်မဟုတ်ဟု ထပ်လောင်းပြောကြားခဲ့သည်။
မကြားသေးမီနှစ်များက အီရန်နိုင်ငံသည် ကာကွယ်ရေးပိုင်းတွင် အကြီးအကျယ် အောင်မြင်မှုများ ရရှိခဲ့ပြီး အဓိက စစ်ဘက်သုံး လက်နက်ကိရိယာများကို ကိုယ်ပိုင်ထုတ်လုပ်နိုင်သည်အထိ အောင်မြင်မှုများရရှိခဲ့သည်။
အီရန်သည် ၎င်း၏စစ်တပ်မှာ အခြားတိုင်းပြည်များကို ခြိမ်းခြောက်စေလို၍မဟုတ်ဘဲ အီရန်၏ကာကွယ်ရေးမူဝါဒမှာ နှောက်ယှက်ဟန့်တားသူများကိုသာ လုံးဝအခြေခံထားကြောင်း အခိုင်အမာပြောဆိုထားသည်။
Ref: Press TV


Leave a Reply
You must be logged in to post a comment.