News @ M-Media

တူရကီ အစ္စတန်ဘူလ်မြို့လယ်ခေါင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဇန်န၀ါရီ ၁၂၊ ၂၀၁၆
M-Media

turkey

– တူရကီနိုင်ငံ  အစ္စတန်ဘူလ်မြို့လယ်ခေါင်ရှိ သမိုင်းဝင် ဆူလ်တန်အဟ်မတ်ရင်ပြင်၌ ယနေ့တွက် ပေါက်ကွဲမှု ဖြစ်ခဲ့သောကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့သည်ဟု အစ္စတန်ဘူလ်အုပ်ချုပ်ရေးမှူးရုံးက ပြောကြားလိုက်သည်။

အဆိုပါ ရင်ပြင်မှာ ကမ္ဘာလှည့်ခရီးသွားများနှင့် ဒေသခံပြည်သူများဖြင့် စည်ကားသည့်နေရာဖြစ်ပြီး ယနေ့မနက် ဒေသစံဆော်ချိန် ၁၀ နာရီ မိနစ် ၂၀ က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးမှုအပြင် ဒဏ်ရာရရှိသူမှာလည်း ၁၅ ဦးအထိ ရှိခဲ့သည်။

အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်သော ကြေငြာချက်တွင် အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု ဖော်ပြခဲ့သည်။ ထိခိုက်ဒဏ်ရာရသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်သည်ဟု တူရကီသမ္မတ ရီဆက်ပ် တိုင်ယစ် အာဒိုဂန်က အတည်ပြုခဲ့သည်။

တူရကီမှာ ယခုနောက်ပိုင်းတွင် IS အကြမ်းဖက်အဖွဲ့၏ ပစ်မှတ်ထားရာ ဖြစ်လာခဲ့ပြီး ပြီးခဲ့သည့်နှစ်က ၎င်းတို့အဖွဲ့မှ ဗုံးခွဲမှုနှစ်ခုပြုလုပ်ခဲ့ကာ စုစုပေါင်း လူ ၁၀၀ ကျော် သေဆုံးခဲ့သည်။ ယခုပေါက်ကွဲမှုအတွက် မည်သူမှ တာဝန်မယူသေးပေ။

Ref: Aljazeera

Comments

Leave a Reply