မတ် ၂၁၊ ၂၀၁၆
M-Media
– အပူလှိုင်းဖြတ်မှုကြောင့် နိုင်ငံမြောက်ပိုင်း ကဒါဟ် နှင့် ပါရ်လစ်ပြည်နယ်များရှိ စာသင်ကျောင်းများကို ၂ ရက်တာ ပိတ်ထားမည်ဟု မလေးရှား ပညာရေးဝန်ကြီး မဟ်ဒ်ဇီရ် ခါလစ်က ယနေ့တွင် ကြေငြာလိုက်သည်။
အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တို့ကို ပိတ်သွားမည်ဖြစ်ပြီး၊ ပုံမှန်အပူချိန် ၂၇ ဒီဂရီ ဆဲလ်စီးယက်စ်သာ ရှိသည့် မလေးရှားတွင် လက်ရှိအပူချိန်မှာ ၃၀ ဒီဂရီ ကျော်လွန်နေပြီး ထိုကဲ့သို့ အပူချိန် မြင့်တက်မှုမှာ အလ်နီညိုရာသီဥတုကြောင့်ဖြစ်သည်။
မလေးရှား သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးဌာနက အကယ်၍ အပူချိန်မှာ ၇၂ နာရီကျော်သည်အထိ ၃၇ ဒီဂရီ ဆဲလ်စီးယက်စ်သို့ ရောက်ရှိနေပါက စာသင်ကျောင်းများကို ပိတ်ပစ်ရန် ပြီးခဲ့သည့်တစ်ပတ်တွင် ညွှန်ကြားခဲ့သည်။
ဝန်ကြီး ခါလစ်ကမူ ပါရ်လစ်နှင့် ကဒါဟ်ပြည်နယ်များတွင် သတ်မှတ်ထားသည့် ယခုကျောင်းပိတ်ရက်အား ထပ်မံ တိုးမြှင့်သွားရမလားဆိုသည်ကို ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်သွားမည်ဟု ပြောကြားခဲ့သည်။ မလေးရှားမှာ ၁၉၉၀ ပြည့်နှစ်များက ထိုကဲ့သို့ အပူချိန် အလွန်အမင်း မြင့်တက်ခြင်းကို ခံစားခဲ့ရဖူးပြီး၊ ယခုတွင် အပူချိန်မှာ တစ်ပတ်ထက်ပို၍ ၄၀ ဒီဂရီဆဲလ်စီးယက်စ် ရှိနေပါက အပူလှိုင်းအရေးပေါ်အခြေအနေ ကြေငြာဖွယ် ရှိနေသည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.