News @ M-Media

မြန်မာနိုင်ငံရှိ ဒေါ်လာ ၃ ဘီလီယံတန် ရေနံသန့်စင်စက်ရုံ စီမံကိန်းကို တရုတ်ကုမ္ပဏီက လုပ်ပိုင်ခွင့်ရ

ဧပြီ ၅၊ ၂၀၁၆
M-Media

oil refinery reuters

– မြန်မာနိုင်ငံတွင် ကန်ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိ ရေနံသန့်စင်စက်ရုံ တည်ဆောက်ရေးစီမံကိန်း လုပ်ပိုင်ခွင့်ကို တရုတ်နိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်သော Guangdong Zhenrong Energy Co က ရရှိသွားခဲ့သည်ဟု သိရသည်။

ထားဝယ်တွင်တည်ဆောက်မည့် အဆိုပါ ရေနံသန့်စဉ်စက်ရုံမှာ ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံ၏ အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများထဲမှ တစ်ခု ဖြစ်မည်ဖြစ်သည်။

Guangdong Zhenrong Energy က စီမံကိုန်း၏ ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်ပြီး ကျန်ရှိသည့် ၃၀ ရာခိုင်နှုန်းကို စစ်တပ်နှင့် ဆက်နွယ်နေသည့် စီးပွားရေး ဦးပိုင်လီမိတက်၊ နိုင်ငံ၏ စွမ်းအင်ဝန်ကြီးဌာနနှင့် ဆက်နွယ်နေသည့် မြန်မာ့ရေနံထွက်ပစ္စည်းလုပ်ငန်း၊ ပုဂ္ဂလိကကုမ္ပဏီဖြစ်သော ထူးလုပ်ငန်းစုမှ ထိန်းချုပ်ထားသည့် Yangon Engineering Group တို့က ပူးတွဲ ပိုင်ဆိုင်မည်ဖြစ်သည်။

လုပ်ငန်းလုပ်ပိုင်ခွင့်ကို NLD အစိုးရ ကျမ်းမကျိန်ခင်အရင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှာ လက်ရှိတွင် လောင်စာအတွက် ပြည်ပမှ တင်ပို့မှုကို အားထားနေရေပြီး ယခု ရေနံသန့်စင်စက်ရုံ စီမံကိန်းတွင် ရေနံသို့လှောင်မှု၊ ဖြန့်ဖြူးမှုတို့အတွက် ၀န်ဆောင်မှုများလည်း ပါဝင်မည်ဖြစ်ကာ တစ်နေ့လျှင် ရေနံစည်ပေါင်း တစ်သိန်းကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။

Ref: Reuters

Comments

Leave a Reply