ဇွန် ၁၊ ၂၀၁၆
M-Media
– အိန္ဒိယရေပိုင်နက်တွင် တရားမ၀င် ငါးခိုးဖမ်းမှုကြောင့် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသား ၂၄၉ ဦးမှ ထောင်ဒဏ်ကျခံနေရသည့် ၁၂၉ ဦး ပြန်လည်လွှတ်ပေးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ပြီဟု တာဝန်ရှိသူများက ယနေ့တွင် ပြောကြားလိုက်သည်။
Open Distress Camp of India စခန်းတွင် ထိန်းသိမ်းထားသည့် အဆိုပါ မြန်မာနိုင်ငံသားများအား ပြန်လည်လွှတ်ပေးရေးအတွက် အိန္ဒိယနှင့် မြန်မာအာဏာပိုင်များမှာ အကြိမ်များစွာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရသည်ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။
ပထမအသုတ်အဖြစ် ၎င်းတို့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယမန်နေ့ည နှောင်းပိုင်းတွင် ရောက်ရှိလာခဲ့ပြီး ကျန်ရှိနေသူများမှာ ကြာသာပတေးနေ့တွင် ရောက်ရှိမည်ဟု ဆိုသည်။
အဆိုပါ မြန်မာငါးဖမ်းသမားများမှာ မုန်တိုင်းနှင့် အင်ဂျင်ပျက်ဆီးမှုကြောင့် အိန္ဒိယရေပိုင်နက်အတွင်း မျောပါခဲ့ပြီးနောက် အိန္ဒိယရေတပ်၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။
Ref: firstpost
Leave a Reply
You must be logged in to post a comment.