ဇူလိုင် ၁၉၊ ၂၀၁၆
M-Media
– လက်ရှိတွင် ဒူးဒဏ်ရာရရှိနေသော်လည်း ၂၀၁၆-၁၇ ဘောလုံးရာသီတွင် ယခင်ထက် ပိုမိုကောင်းမွန်စွာ ပြန်လာမည်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။
ပြင်သစ်နှင့် ယူရို ၂၀၁၆ ဗိုလ်လုပွဲတွင် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုမှာ ပွဲအစတွင် ပြင်သစ်ကွင်းလယ်လူ ဒီမီထရီ ပါယက်နှင့် ခိုက်မိ၍ ရရှိသော ဒဏ်ရာကြောင့် စောစီးစွာ လူစားထိုးခဲ့ရသည်။ စစ်ဆေးမှုများအရ ထိုဒဏ်ရာမှာ ပြင်းထန်ပြီး ရီးယဲလ်၏ ရာသီအစ ပွဲစဉ်များကို လွဲချော်ဖွယ် ရှိနေသည်။
အသက် ၃၁ နှစ်အရွယ်ရှိ ရော်နယ်ဒိုကမူ မိမိအနေဖြင့် ပိုမိုကောင်းမွန်သောအနေအထားဖြင့် ပြန်လာမည်ဟု ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။
“အားလုံး မင်္ဂလာပါ။ ကျွန်တော့် ပရိတ်သတ်တွေအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ အားလုံးအဆင်ပြေနေတယ်လို့ ပရိတ်သတ်တွေကို ပြောချင်ပါတယ်။ ကျွန်တော် ပိုတောင့်တင်းတဲ့အနေအထားတဲ့ ပြန်လာမှာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပေါ်တူဂီ အဓွန့်ရှည်ပါစေ” ဟု Instagram တွင် လွှင့်တင်ထားသော ဗီဒီယို၌ ပြောကြားခဲ့သည်။
Ref : Goal


Leave a Reply
You must be logged in to post a comment.