စက်တင်ဘာ ၈၊ ၂၀၁၆
M-Media
– ဖိလစ်ပိုင်တွင် မူးယစ်ဆေးဝါးပြဿနာကို ပြင်းပြင်းထန်ထန် ကိုင်တွယ်နေသည့် နည်းလမ်းအား အတုယူ၍ အင်ဒိုနီးရှားတွင်လည်း ရဲတပ်ဖွဲ့အား လူအင်အား လက်နက်အင်အား တိုးမြှင့်ကာ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရန် အင်ဒို မူးယစ်တိုက်ဖျက်ရေး အကြီးအကဲက စီစဉ်နေသည်ဟု သိရသည်။
အရှေ့တောင်အရှ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် အင်ဒိုနှင် ဖိလစ်ပိုင်တို့မှာ ‘မူးယစ်စစ်ပွဲ’ ဆင်နွှဲမည်ဟု ကြေငြာထားပြီး အင်ဒိုနီးရှားက ပြစ်မှုကျူးလွန်သူများကို အဆုံးစီရင်ရန်သာ လုပ်ဆောင်နေသော်လည်း ဖိလစ်ပိုင်ကမူ ပြင်းပြင်းထန်ထန် ကိုင်တွယ်နေပြီး မူးယစ်ဆေးဝါး ရောင်းချသူဟု သံသရှိသူ ရာပေါင်းများစွာကို ပစ်သတ်ခဲ့သည်။
နှစ်နိုင်ငံခေါင်းဆောင်များမှာ ယခုရက်သတ္တပတ်တွင် ဂျာကာတာ၌ တွေ့ဆုံရန် ရှိနေပြီး ဆွေးနွေးမည့်အဓိကအကြောင်း အရာများအနက် တစ်ခုမှာ ဒေသတွင်း မူးယစ်ဆေးဝါးကုန်သွယ်မှုကို အပြီး ရှင်းထုတ်နိုင်ရေး နည်းလမ်းများ ဖြစ်နိုင်သည်။
အင်ဒိုနီးရှား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (BNN) ၏ အကြီးအကဲ ဘူဒီ ၀ါဆေဆိုက ၎င်းတို့အဖွဲ့မှာ ဒေသတွင်း အကြီးဆုံး မူးယစ်ဆေး ဈေးကွက်တစ်ခုဖြစ်သော အင်ဒိုတွင် တရားဥပဒေစိုးမိုးရေး ကြိုးပမ်းအားထုတ်မှုများကို ပိုမိုတင်းကြပ်နိုင်ရန်အတွက် လက်နက်များ၊ ထောက်လှမ်းရေးများ၊ နည်းပညာများ၊ အနံ့ခံခွေးများ စသည်တို့ကို ဖြည့်တင်းနေသည်ဟု ပြောကြားခဲ့သည်။
အင်ဒိုအနေဖြင့် ဖိလစ်ပိုင်ကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်မည်လားဟု မေးမြန်းရာတွင် “ဟုတ်ပါတယ်။ အဲဒီလိုလုပ်မယ်လို့ ယုံကြည်ပါတယ်။ အင်ဒိုနီးရှားက (မူးယစ်ပြဿနာဟာ) ဖိလစ်ပိုင်လောက်ကို ဆိုးဝါးတာကြောင့် ဒါမျိုး ဖြစ်လာနိုင်ပါတယ်” ဟု ၀ါဆေဆိုက ပြန်လည်ဖြေကြားခဲ့သည်။
Ref : channelnewsasia
Leave a Reply
You must be logged in to post a comment.