News @ M-Media

Pokemon Go ဂိမ်းမှာ သာသနာဖျက်ဂိမ်း ဟုတ်၊ မဟုတ် အိန္ဒိယ ကြားနာမည်

စက်တင်ဘာ ၈၊ ၂၀၁၆
M-Media

po

– ကမ္ဘာတစ်ဝှမ်းတွင် နာမည်ကြီး လူကြိုက်များနေသည့် Pokemon Go ဂိမ်းမှာ ဟိန္ဒူနှင့် ဂျိန်းဘာသာဝင်များ၏ သက်သက်လွတ်ကျင့်စဉ်ကို ထိခိုက်ကာ သာသနာညှိုးနွမ်းစေသည့်အတွက် ခွင့်မပြုသင့်ဟု အိန္ဒိယတရားရုံးတစ်ခုတွင် ယမန်နေ့က ဦးတိုက်လျှောက်ထားခဲ့သည်ဟု သိရသည်။

ထိုဂိမ်းတွင် ဆုအဖြစ် ကြက်ဥများကို ဆုချမှု၊ ဟိန္ဒူနှင့် ဂျိန်းဘာသာရေး အဆောက်အဦးများတွင် ဥများကို ထားရှိမှုမှာသက်သက်လွတ်သမားများ၏ ဘာသာရေး ကျင့်စဉ်ကို ထိခိုက်စေသည်ဟု ရှေ့နေတစ်ဦးဖြစ်သူ နာချီကတ် ဒေ့ဗ်က ရုံးတော်သို့ လျှောက်ထားခဲ့သည်။

“အခန်းအောင်တဲ့သူတွေကို ဥတွေ ပေးပြီး ဆုချတယ်။ အတုအယောင်ကမ္ဘာပဲဖြစ်နေပါစေ ဘုရားကျောင်းထဲမှာ ဥတွေ ပေးတာဟာ လုံးဝ လက်မခံနိုင်စရာဖြစ်ပြီး သာသနာကို စော်ကားတယ်လို့ သတ်မှတ်လို့ရပါတယ်” ဟု ဂူဂျာရတ်ပြည်နယ်ရှိ တရားရုံးတစ်ခု၌ အကျဉ်းချုပ်ကြားနာမှုအပြီးတွင် ဒေ့ဗ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါ တရားရုံးမှာ ထိုကဲ့သို့ တိုင်ကြားမှုနှင့်ပတ်သက်၍ ဂူဂျာရတ်အစိုးရ၊ အိန္ဒိယအစိုးရနှင့် ဂိမ်းထုတ်လုပ်သော ဆန်ဖရန်စစ္စကိုအခြေစိုက် ကုမ္ပဏီကိုပါ အသိပေးမည်ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

ဟိန္ဒဘာသာဝင်အများစုမှာ သက်သက်လွတ်သမားများဖြစ်ပြီး အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီလည်း ထိုအထဲတွင် ပါဝင်သည်။ ဂျိမ်းဘာသာဝင်များကလည်း အလွန်တင်းကြပ်သော သက်သက်လွတ်စားသုံးမှုပုံစံကို ကျင့်သုံးလေ့ရှိသည်။

ဂိမ်းထုတ်လုပ်သည့်ကုမ္ပဏီမှာ ဟီရိုရှီးမားနှင့် ဘာလင်ရှိ လူအစုလိုက်အသတ်ခံရသည့် နေရာများအား ပိုကီမွန်ဖမ်းသည့်နေရာများအဖြစ် သတ်မှတ်ထားမှုကို မကြာသေးမီကပင် ပယ်ဖျက်ပေးခဲ့သည်။

ရုရှားရှိ ဘလော့ဂ်ဂါတစ်ဦးမှာ ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း ပိုကီမွန်ဂိမ်း ကစားနေသည့်ပုံကို ဗီဒီယိုရိုက်တင်ခဲ့ပြီးနောက် ဘာသာဝင်များအား စိတ်ထိခိုက်စေမှု၊ အမုန်းတရား ဖြန့်ဖြူးမှုတို့ဖြင့် တရားစွဲ ခံခဲ့ရသည်။

Ref; bangkokpost

Comments

Leave a Reply