စက်တင်ဘာ ၁၆၊ ၂၀၁၆
M-Media
– ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း မိုဟ်မန်ဒ်လူမျိုးစုများ နေထိုင်ရာဒေသရှိ ဗလီဝတ်ကျောင်တော်တစ်လုံးတွင် ယနေ့ သောကြာဝတ်ပြုမှုအတွင်း အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၂၅ ဦးသေဆုံးကာ၊ ၃၀ ခန့် ဒဏ်ရာရရှိခဲ့သည်။
အာဖဂန်နယ်စပ်နှင့် ကပ်နေသည့် အန်ဘာရ် အဟ်ဆီလ်ဆိုသည့်ရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုဒေသမှာ တာလီဘန်နှင့် ပါကစ္စတန်စစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားရာ နေရာလည်းဖြစ်သည်။
“ဗလီထဲ ဘုရားဝတ်ပြုနေတုန်းမှာ အသေခံဗုံးခွဲသမားက ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်တာဖြစ်ပြီး အနည်းဆုံး လူ ၁၆ ဦး သေဆုံးကာ ၃၅ ဦး ဒဏ်ရာရခဲ့ပါတယ်” ဟု လူမျိုးစုအုပ်ချုပ်ရေးအဖွဲ့မှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက စောစောပိုင်းတွင် ပြောကြားခဲ့ပြီး နောက်ပိုင်းတွင် သေဆုံးသူမှာ ၂၅ ဦးအထိ မြင့်တက်လာခဲ့သည်။
ထိုဖောက်ခွဲမှုကို မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိသေးသော်လည်း ထိုဒေသတွင် တာလီဘန်များမှာ တရားရုံးများ၊ ကျောင်းများနှင့် ဗလီဝတ်ကျောင်းတော်များကို ပုံမှန် ဗုံးခွဲတိုက်ခိုက်လေ့ ရှိသည်။
၂၀၀၄ ခုနှစ်မှစ၍ တာလီဘန်၏ တိုက်ခိုက်မှုများကြောင့် ထိုဒေသတွင် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပါကစ္စတန်က အဆိုပါ လက်နက်ကိုင်အဖွဲ့အား အမြစ်ပြတ်ချေမှုန်းရေးအတွက် ထိုးစစ်ကို စတင်ခဲ့သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.