News @ M-Media

အင်ဒို-ပါကစ္စန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

စက်တင်ဘာ ၂၄၊ ၂၀၁၆
M-Media

indo

– အင်ဒိုနီးရှား၏ နိုင်ငံရေး၊ လုံခြုံရေးနှင့် တရားဥပဒေဆိုင်ရာ ညှိုနှိုင်းရေးဝန်ကြီး ၀ီရန်တိုက ပါကစ္စတန်လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ရာရှဒ် မာမွတ်နှင့် တွေ့ဆုံခဲ့ပြီး သတင်းအချက်အလက်နှင့် လက်နက်ဖလှယ်ရေးတို့ အပါအ၀င် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ဆွေးနွေးခဲ့သည်ဟု သိရသည်။

“လက်နက်တင်ဆင်ထားတဲ့ Anoa ကား၊ မောင်းပြန်ရိုင်ဖယ်နဲ့ CN-235 တိုက်လေယာဉ်တို့အပါအ၀င် ကျွန်တော်တို့ရဲ့ကာကွယ်ရေး လက်နက်ကိရိယာတွေကို ပေးဖို့ သူတို့ကို ကမ်းလှမ်းထားပါတယ်” ဟု ၀ီရန်တိုက အင်္ဂါနေ့တွင် ပြုလုပ်သည့် အစည်းအဝေးအပြီး၌ ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနှင့် ပါကစ္စတန်အကြား ပူးပေါင်းဆောင်ရွက်မှုမှာ နှစ်အတော်ကြာပြီဖြစ်ပြီး ကျောင်းသားများနှင့် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့မှ ဗိုလ်မှူးများ အပြန်အလှန်စေလွှတ်ရေးသာမက အမျိုးသားကာကွယ်ရေးဌာန အဖွဲ့ဝင်များ ဆွေးနွေးဖလှယ်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

“နှစ်နိုင်ငံကြား စစ်တပ်တွေရဲ့ အပြန်အလှန်ဆက်သွယ်ရေးက အလွန်နီးကပ်မှုရှိပါတယ်။ ဗိုလ်ချုပ်ကြီး ရာရှဒ် မာမွတ်က အဲ့ဒီဆက်ဆံရေး တည်တံ့ဖွံ့ဖြိုးအောင် ထိန်းသိမ်းဖို့တောင်းဆိုထားပါတယ်” ဟု ၀ီရန်တိုက ထည့်သွင်းပြောကြားခဲ့သည်။

အင်ဒိုနီးရှားကြည်းတပ်၏ ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်သူ ၀ီရန်တိုက အာဆီယံဒေသတွင်း ငြိမ်းချမ်းရေး၊ ချစ်ခင်ရင်းနှီးမှုနှင့် စည်းလုံးညီညွှတ်စေရန် အားထုတ်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် အင်ဒိုနီးရှားအစိုးရက စိတ်အားထက်သန်လျက်ရှိသည်ဟု အလေးထား ပြောကြားခဲ့သည်။

Ref : IINA

Comments

Leave a Reply