အောက်တိုဘာ ၁၄၊ ၂၀၁၆
M-Media
– ယီမင်နိုင်ငံမြို့တော် အေဒင်ရှိ စာသင်ကျောင်း ၈၉ ကျောင်းမှ ကျောင်းသားများအတွက် အာရပ်စော်ဘွားများပြည်ထောင်စု လခြမ်းနီအဖွဲ့ (ERC) မှ ကွန်ပျူတာ ၉၁၅ လုံး လှူဒါန်းခဲ့သည်ဟု သိရသည်။
ယီမင်ပြည်သူများအတွေက် ယူအေအီး၏ ကူညီထောက်ပံ့မှု တစ်စိတ်တစ်ပိုင်းဖြစ်သည့် အဆိုပါ အကူအညီမတိုင်ခင် ERC မှာ အေဒင်မြို့တစ်ဝှမ်းရှိ စာသင်ကျောင်းပေါင်း ၁၅၄ ကျောင်းကိုလည်း ပြန်လည်ပြင်ဆင်ပေးခဲ့သည်။
လခြမ်းနီအသင်းမှ ဒေသရေးရာဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် ရာရှစ် မူဘာရက် အလ်-မန်ဆူရီက ကွန်ပျူတာများကို အေဒင်ပညာရေးရုံး ညွှန်ကြားရေးမှူး မိုဟာမက် အလ်-ရာကီးဘီထံသို့ ပေးအပ်ခဲ့သည်။ ပြီးခဲ့သည့် လအနည်းငယ်အတွင်းကလည်း ERC မှာ စာသင်ကျောင်းပေါင်း ၄၆ ကျောင်းသို့ ကွန်ပျူတာ ၇၅၉ လုံး ပေးအပ်လှူဒါန်းခဲ့သည်။
အလ်-မန်ဆူရီကမူ ယူအေအီးအနေဖြင့် ယီမင်ရှိ လွတ်မြောက်ပြည်နယ်များကို ဆက်လက် ပံ့ပိုးပေးသွားမည်ဟု ပြောကြားခဲ့ပြီး အလ်-ရာကီးဘီက မိမိတို့မှာ ယူအေအီးခေါင်းဆောင်ပိုင်း၊ အစိုးရ၊ ပြည်သူလူထုနှင့် အကူအညီပေးရေး အသင်းအဖွဲ့များများအနေဖြင့် လက်ရှိဖြစ်ပွားနသော အကျပ်အတည်းများတွင် ယီမင်ပြည်သူများအား ကူညီပေးမှုအတွက် ကျေးဇူတင်သည်ဟု ပြောကြားခဲ့သည်။
Ref : IINA


Leave a Reply
You must be logged in to post a comment.