News @ M-Media

ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါက်တာယူနွစ် ဘုန်းကြီးကျောင်းများ ဖျက်ဆီးမှု့ကို ရှုံ့ချ

အောက်တိုဘာ၊ ၃ ၊ ၂၀၁၂

M-Media

ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါက်တာ မုဟမ္မဒ်ယူနွစ်က ဘင်္ဂလားဒေရှ်နိုင်ငံ ပန်းဝါနှင့် ရာမူးဒေသမှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့  နေအိမ်များ ဖျက်ဆီးခံရမှုကို စိတ်ပျက် ထိတ်လန့်တုန်လှုပ်မိကြောင်း ကြေငြာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ အဆိုပါကြေငြာချက်မှာ ဒီတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့သူတွေကို  စုံစမ်းစစ်ဆေးမှုတွေ သေချာပြုလုပ်ပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့ ဒေါက်တာယူနွစ်က ဘင်္ဂလားဒေရှ် အစိုးရကို တိုက်တွန်းထားပါတယ်။

“ကျနော် ထိတ်လန့်တုန်လှုပ်မိပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေနဲ့ နေအိမ်တွေ ဖျက်ဆီးခံရတာကို စိတ်ပျက်မိကြောင်း” ဒေါက်တာယူနွစ်က ပြောပါတယ်။

ဒေါက်တာ ယူနွစ်က ဗုဒ္ဓဘာသာများနှင့် ဟိန္ဒူဘာသာဝင်များကို စာနာကြောင်း ၄င်းတို့၏ စိတ်ရှည်သီးခံမှုအတွက် ကျေးဇူးတင်ကြောင်းကြေငြာချက်မှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၁ ရက်နေ့တွင် Facebookပေါ်တွင် အစ္စလာမ်ဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ကုရ်အာန် ကျမ်းစာအုပ်ကို မီးရှို့သည့် ဓာတ်ပုံတစ်ပုံနှင့် ပတ်သက်ပြီး ဒေါသထွက်နေသော အစ္စလာမ် ဘာသာဝင်များသည် နိုင်ငံတောင်ပိုင်းရှိ ကျေးရွာများတွင် ဘုန်းတော်ကြီးကျောင်း (၁၂)ကျောင်းနှင့် ဗုဒ္ဓဘာသာဝင် နေအိမ် (၅၀)ကျော်ကို မီးရှို့ ဖျက်ဆီးခံခဲ့ရကြောင်း သတင်းများတွင် ဖော်ပြကြပသည်။

် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါက်တာယူနွစ်သည် စီးပွားရေးပညာရှင်တဦးဖြစ်ပြီး ဘင်္ဂလားဒေရှ်နိုင်ငံ ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက်  Micro Finance ခေါ် အသေးစားငွေချေးမှုစနစ်ကို ဆင်းရဲသားများအတွက်  တီထွင်ကြံဆပေးခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခြင်းခံရပြီး နိုင်ငံတကာ ဆုပေါင်းများစွာ ချီးမြှင့်ခြင်းခံထားရသူဖြစ်သည်။

 

ကိုးကား http://www.banglanews24.com

Comments

Leave a Reply