News @ M-Media

အာဆီယံ၏ ရခိုင်အရေး ဆွေးနွေးဖို့ ကမ်းလှမ်းချက်အား မြန်မာပယ်ချ

အောက်တိုဘာ ၃၀၊ ၂၀၁၂

M-Media

ကွာလာလန်ပူ

source: www.channelnewsasia.com/stories/afp_asiapacific/view/1234343/1/.html

အာဆီယံအထွေအထွေအတွင်းရေးမှူး ဆူရင်ပစ်ဆူဝမ်

အာဆီယံမှ ကြောက်မက်ဖွယ်ရခိုင်အဓိကရုဏ်းအား အဆုံးသတ်ရေးရည်သန်ပြီး မြန်မာအစိုးရအား ဆွေးနွေးညှိနှိုင်းရန် ကမ်းလှမ်းခဲ့ကြောင်း၊ ယင်းကမ်းလှမ်းမှုကို မြန်မာအစိုးရဘက်မှ ငြင်းဆန်ပယ်ချလိုက်ကြောင်း စီအင်အေသတင်းတစ်ရပ်အရ သိရှိရပါသည်။

အာဆီယံအထွေအထွေအတွင်းရေးမှူး ဆူရင်ပစ်ဆူဝမ်က သူ့အနေဖြင့် မြန်မာအသွင်းပြောင်းအစိုးရ၊ ကုလသမဂ္ဂနှင့် အာဆီယံတို့ပါဝင်သည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အကြံပြုတင်ပြခဲ့ကြောင်း၊ သို့အားဖြင့် ဒေသတွင်းစုစည်းညီညွတ်မှုကို ပိုမိုစေနိုင်မည့်အကြောင်း ပြောဆိုခဲ့သည်။သို့သော် မြန်မာအစိုးရက ရခိုင်ပြည်နယ်တွင်း သွေးထွက်သံယိုမှုများအား အဆုံးသတ်အရေး ဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို ငြင်းဆန်ပယ်ချက်လိုက်ကြောင်း ဆူရင်က ပြောကြားခဲ့သည်။”မြန်မာကတော့ ဒါသူတို့ပြည်တွင်းရေးလို့ ပြောပါတယ်၊ ဒါပေမယ့် သူတို့ဂရုတစိုက်မရှိမှတော့ ဒီပြည်တွင်းရေးက နောက်တစ်နေ့မှာ ကျွန်တော်တို့အရေး လည်း ဖြစ်သွားနိုင်တယ်လေ။” ဟု ဆူရင်က ကွာလာလန်ပူတွင်ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲအပြီး မီဒီယာများကို ပြောကြားခဲ့သည်။

ထိုသတင်းဖော်ပြချက်အပြီးတွင် စီအင်အေက မြန်မာနိုင်ငံ၌ ရိုဟင်ဂျာပေါင်း ၈ သိန်းရှိနေပြီး ၄င်းတို့ကို တရားမ၀င်အခြေချနေသူများအဖြစ် မြန်မာအများစုကရော ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကပါ သတ်မှတ်ထားကြောင်း၊ သို့သော်ကုလသမဂ္ဂကမူ ၄င်းရိုဟင်ဂျာများကို ကမ္ဘာပေါ်၌ ညှင်းပမ်းနှိပ်စက်မှုအခံရဆုံး ဒုက္ခသည်များစာရင်းဝင်အဖြစ်  သတ်မှတ်စဉ်းစားကြောင်း ဖော်ပြပါရှိပါသည်။

Comments

Leave a Reply