News @ M-Media

ယူကရိန်းဒုက္ခသည်များအတွက် ဆော်ဒီက ဒေါ်လာ ၁၀ သန်းဖိုး လှူဒါန်း

ဧပြီ ၁၄၊ ၂၀၂၂

M-Media


-ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရတဲ့ ယူကရိန်းဒုက္ခသည်တွေကို ကန်ဒေါ်လာ ၁၀ သန်းဖို့ရှိတဲ့ အကူအညီတွေ ဆော်ဒီအာရေဗျက ပေးပို့လိုက်ပါတယ်။ 

ဆော်ဒီအစိုးရ အကူအညီပေးရေးအဖွဲ့ King Salman Humanitarian Aid and Relief Center က ဦးစီးကာ ကုလသမဂ္ဂကနေတစ်ဆင့် ဆေး၀ါး၊ အစားအသောက်နဲ့ နေရာထိုင်ခင်းတွေ ပေးပို့လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ 

အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အဘ်ဒူလာ အလ်-ရာဘီယာက ကမ္ဘာတစ်၀ှမ်းမှာရှိတဲ့ ထိခိုက်ခံစားရသူတွေ၊ လိုအပ်ချက်ရှိနေသူတွေကို ကူညီရေး ဆော်ဒီအာရေဗျက အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

ရုရှားကျူးကျော်စစ်ကြောင့် ထွက်ပြေးရတဲ့ ယူကရိန်းဒုက္ခသည်ပေါင်း ၄ သန်းကျော်လာပြီဖြစ်ပြီး အိမ်နီးချင်း ပိုလန်၊ ရိုမေးနီးယား၊ ဟန်ဂေရီနဲ့ မော်လ်ဒိုဗာတို့မှာ ခိုလှုံနေရတာ ဖြစ်ပါတယ်။

Ref: Arab News