ဧရာဝတီမှ ကူးယူဖော်ပြပါသည်။
.
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ပျဉ်းမမြိုင်လမ်း တွင် ဓားခုတ်ဒဏ်ရာများ ဖြင့် သေဆုံးနေသည့် အသက် ၃၆ နှစ်အရွယ် အမျိုးသားကို သတ်သည့် တရားခံကို ဖမ်းဆီးရမိပြီဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ ထံက သိရသည်။
.
တရားခံမှာ အသက် ၁၉ နှစ်အရွယ်ရှိ ဝင်းကျော် ခေါ် အောင်သန်း ဖြစ်ကြောင်း၊ ၎င်း က သတ်လိုက်သည်ဟု မေ ၁၉ ရက် ညပိုင်းက ရဲစခန်းတွင် ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။
.
“သတ်တာက သေတဲ့သူနဲ့ တအိမ်တည်းနေ နေတဲ့ သူ့တပည့် က သတ်တာ။ တယောက်တခွန်း စကားများရာက သတ်မိတာလို့ ဝန်ခံထားတယ်။ အလောင်း က သတ်ပြီးမှ သွားပြီး စွန့်ပစ်ထားတာ ဆိုတော့ သူနဲ့အတူ သတ်တဲ့သူ ဘယ်သူပါသလဲ ဆိုတာကို ဆက်ပြီး စစ်ဆေးနေတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ရဲမှူးသိန်းအောင် က ဧရာဝတီ သို့ပြောသည်။
.
ဖြစ်စဉ်မှာ မေလ ၁၈ ရက် မနက်ပိုင်းက သုဝဏ္ဏ ၂၅ ရပ်ကွက်၊ ပျဉ်းမမြိုင်လမ်း အနီးတွင် ကတ္တီပါစောင်ဖြင့် ထုပ်ပိုးထားသည့် အထုပ်တထုပ်ကို အမျိုးသား တဦးက တွေ့ရှိသဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်း၊ အထုပ်အတွင်းမှ ဓားခုတ်ဒဏ်ရာ ၁၀ ချက်ကျော်ဖြင့် အသတ်ခံထားရသူကို တွေ့ရှိသဖြင့် စုံစမ်းရာမှ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ ၁၁၈ လမ်းတွင် နေထိုင်သည့် အသက် ၃၆ နှစ်အရွယ် ဦးဇော်ဇော် ဖြစ်နေကြောင်း သိရသည်။
.
“သေတဲ့သူက သံတွဲမှာ နေခဲ့တုန်းက ဗလီဆရာလုပ်တာ။ အခုရန်ကုန်မှာ လာနေတော့ မန်းမှုတ်တာတွေ ဘာတွေ လောက်ပဲ လုပ်တော့တာ။ သတ်တဲ့သူနဲ့က အတူတူနေတာ။ ဆရာ တပည့်တွေ။ သတ်တဲ့သူရဲ့ လက်ခုံမှာလည်း ဓားဒဏ်ရာတခုတွေ့တာနဲ့ စစ်ဆေးရာက အခုလို ပေါ်လာတာပဲ” ဟု ရဲမှူးသိန်းအောင် က ရှင်းပြသည်။
.
အဆိုပါ အမှုကို သုဝဏ္ဏနယ်မြေရဲစခန်းက ပုဒ် ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.
http://burma.irrawaddy.com/news/2016/05/20/114552.html
Author: editor
-
သုဝဏ္ဏ လူသတ်မှု သံသယရှိသူကို ဖမ်းဆီး
-
ဉာဏ်သုံးငှက်များ
မေ၊ ၁၈ ၊ ၂၀၁၆
M-Media
အေးထွန်း ရှာဖွေတင်ဆက်သည်။
ကျွန်တော်တို့ရဲ့လက်မဝင်နိုင်တဲ့ သစ်ခေါင်းပေါက်ငယ်လေးထဲက ပိုးကောင်တွေကို ကျွန်တော်တို့ ဘယ်လိုဖမ်းမလဲဗျ ။အင်း၊ အမြန်ဆုံးနည်းလမ်းကတော့ ချိတ်ရှည်တစ်ချောင်းနဲ့ ကလော်ထုတ်ရမှာပေါ့။
ဟုတ်ပါတယ်။ New Caledonian ကျီးကန်းတွေရဲ့ နှုတ်သီးမဝင်နိုင်တဲ့ သစ်ခေါင်းထဲက ပိုးကောင် ဖမ်းစားနည်းကလဲ ဒီအတိုင်းပါပဲ။
သူတို့ဟာ သစ်ကိုင်းစွန်းတွေကို ချိုးယူပါတယ်။ ပြီးရင် ချိတ်ပုံစံဖြစ်အောင် ကွေးပြီး ပိုးကောင်တွေကို ကလော်ထုတ် ဖမ်းတာပါ။
သူတို့တွေ ဒီနည်းလမ်းကို ဘယ်လိုများသိနေကြပါလိမ့်။ လူတွေ လုပ်တာ မြင်ဖူးကြလို့လား၊ ဒါမှမဟုတ် သူတို့ရဲ့ ကျီးမိဘတွေက သင်ကြားပေးထားလို့လား ။
ဒီမေးခွန်းကို အဖြေပေးဖို့အတွက် ၂၀၀၅ ခုနှစ်မှာ အောက်စဖို့တ်တက္ကသိုလ် မှ Ben Kenward နဲ့ အဖွဲ့က လက်တွေ့စမ်းသပ်မူ ပြုလုပ်ခဲ့ပါတယ်။
သူတို့ဟာ ဥမှပေါက်ခါစ New Caledonian ကျီးကန်းငယ် လေးကောင်ကို အောက်စဖို့တ်တက္ကသိုလ်သို့ ယူငင်ပြီး အပြင်နဲ့ လုံးဝထိတွေ့မူ မရှိအောင် ထားပြီး စောင့်ကြည့်မူပြုလုပ်ခဲ့ကြပါတယ်။
သူတို့ တွေ့မြင်လိုက်ရတာကတော့ ကျီးကန်းငယ်လေးတွေဟာ ၇၉ရက်သားအရွယ် မတိုင်မီအတွင်းမှာ အလိုလို ဒီလိုချိတ်လက်နက် ဖန်တီး အသုံးပြုမူကို ပြသလိုက်တာပါပဲ။
(The Oxford Handbook of Comparative Cognition By Thomas R. Zentall and Edward A. Wasserman , Pg . 769)
ဒါဖြင့် ဒီကျီးကန်းတွေ ဘာကြောင့်များ ချိတ်လက်နက် ပြုလုပ်တတ်နေကြပါလိမ့်။ ?????တကယ်တော့ ဒီကျီးကန်းတွေတင် မကဘူး။ Woodpecker Finch ငှက်ပုတီး တွေဟာလဲ အင်းဆက်တွေကို ကလော်ထုတ်ဖို့ သစ်ကိုင်းကောက်တွေ အသုံးပြုတတ်ကြတယ်။
(Animal Behavior: How and Why Animals Do the Things They Do [3 volumes]: How and Why Animals Do the Things They Do , By Ken Yasukawa , Pg . 135 )ငှက်တစ်ကောင်အနေနဲ့ သစ်ပင်တစ်ပင်ရဲ့ သစ်ခေါက်ကြား အောက်မှာပုန်းနေတဲ့ အင်းဆက် ၊ ပင့်ကူ စတာတွေကို ဖမ်းဖို့ဆိုရင် ဒီသစ်ခေါက်ကို ခွါမှဖြစ်မှာပေါ့။
သူ ခွါတတ်ပါ့မလား၊Brown-headed Nuthatch ငှက်တွေကတော့ ခွါတတ်တယ်။ သူတို့ဟာ သစ်ခေါက်အပိုင်းအစတစ်ခုကို ရှာလာပြီး အင်းဆက်ပုန်းနေတဲ့ သစ်ခေါက်ကြားထဲ သပ်အဖြစ် ထိုးထည့်ကာ ဆွဲလှန်ခွါပြီး ဖမ်းတတ်ကြတယ်။
( The Young Birder’s Guide to Birds of Eastern North America , By Bill Thompson, III, Julie Zickefoose , Pg . 181 )
-
“ကျောက်ပန်းတောင်းတွင် အမျိုးဘာသာ သာသနာ လှုံ့ဆော်ရေး သီချင်းများဖွင့်ပြီး ရေလှူသောအဖွဲ့ကို ဒေသခံများက နှင်လွှတ်”
7Day News Journal မှ ကူးယူဖော်ပြပါသည်။
ကျောက်ပန်းတောင်းမြို့ သို့ အမျိုးဘာသာသာသနာလှုံ့ ဆော်ရေးသီချင်းများဖွင့်၍ ရေလာလှူသော အဖွဲ့ကို မြို့ဒေသခံ များက လက်မခံဘဲ မောင်းထုတ် လိုက်ကြောင်း သတင်းရရှိသည်။
မေလ ၁၇ ရက်တွင် မိတ္ထီလာ မြို့မှ နေလ ကုန်စည်ရောင်းဝယ် ရေးအမည်ခံ၍ လူ ၂၅ ဦးခန့်သည် ကျောက်ပန်းတောင်းမြို့သို့ ကားကိုးစီးဖြင့် ရေလာလှူခဲ့သည်။ ရေလာလှူသောအဖွဲ့သည် အရက် မူးနေပြီး ၉၆၉ သီချင်းများဖွင့်သော ကြောင့် မြို့ဒေသခံများက လက်မခံဘဲ မောင်းထုတ်လိုက်ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။
ရေလှူသော အဖွဲ့သည် ကျောက်ပန်းတောင်းမြို့နယ် လက်ပံပင်ကျေးရွာသို့ သွားရောက်ရေလှူရာတွင် ၉၆၉ သီချင်းများဖွင့်သောကြောင့် ယင်းကျေးရွာရှိ ဒေသခံများကလည်း ရေသယ်ယူခြင်းမရှိခဲ့ကြောင်း ကျောက်ပန်းတောင်းမြို့ဒေသခံ ကိုဟိန်းဇော်က ပြောသည်။
‘‘သူတို့လာတုန်းက နေလ ကုန်စည်နာမည်နဲ့လာတာ။ သူတို့ က ရေလှူချင်တယ်ပြောတယ်။ ဒီက ပရဟိတအဖွဲ့တွေကို ကူညီ ပေးဖို့ အကူအညီတောင်းတာ ပေါ့။ ၉၆၉ သီချင်းဖွင့်ချင်တယ်လို့ ပြောလာတယ်။ ကျွန်တော်တို့က ဒါတော့လက်မခံဘူး မဖွင့်ပါနဲ့လို့ တားတယ်။ အစက လက်ခံတယ်။ အဲဒါနဲ့ လက်ပံပင်ရွာကို လိုက်ပို့ တယ်။ ရွာဘက်ကို ရေသွားလှူ တော့ ၉၆၉ သီချင်းတွေဖွင့်ပြီး က ကြတာ။ အဲဒါနဲ့ ကျွန်တော်တို့က လိုက်တားရတာပေါ့။ ရေလှူတာ ကို လက်မခံဘူးလို့၊ ပြန်ပါလို့ပြော ရတာပေါ့’’ ဟု ကိုဟိန်းဇော်က ပြောသည်။
ယင်းသို့ ရေလှူခြင်းကိုလက်မခံသောကြောင့် နှစ်ဖက် အပြန်အလှန် စကားများမှုများ ရှိခဲ့ကြောင်း သတင်းရရှိသည်။
‘‘သူတို့က ပဲရုံဆိုက်နဲ့လာတာ။ ရေလှူမယ်လုပ်တော့ ၉၆၉ သီချင်းတွေဖွင့်တာ။ မြို့က လက်မခံဘူးဆိုတော့ နည်းနည်းလေး စကားများကြတာပေါ့။ ဒေသခံတွေကလည်း ရေလာလှူတာကို လူပုဂ္ဂိုလ်ဆိုပြီးတော့ လက်ခံတာ ပေါ့။ ဒီလိုမျိုးသီချင်းတွေဖွင့်ရင် လက်မခံဘူးပြောလို့ ပုပ္ပားတောင် ဘက်ကို မောင်းသွားကြတယ်’’ဟု ကျောက်ပန်းတောင်း မြို့နယ် ဒီချုပ်ပါတီမှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးအေးခိုင်က ပြောသည်။
ပြီးခဲ့သည့် နှစ်ကလည်း ၉၆၉ သီချင်းများနှင့် မဘသ သီချင်းများ ဖွင့်၍ ကျောက်ပန်းတောင်းမြို့ တွင် ခေတ္တနားခိုသော အဖွဲ့တစ် ဖွဲ့ကို ဒေသခံများက လက်မခံဘဲ မောင်းထုတ်ခဲ့သည်။
https://www.facebook.com/7daynews/photos/a.143690359025940.27935.103865773008399/1161914133870219/?type=3&theater
-
၂၀၁၆ ခုနှစ် ခွဲတမ်း ဟာဂျီ ၂၈၀ ဦး အတွက် ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီအား ချိပ်ပိတ်တင်ဒါခေါ်ယူ
မေ ၁၈ ၊ ၂၀၁၆
M-Media
သီဟ
၂၀၁၆ ခုနှစ်အတွက် အစိုးရ မဲဟာဂျီလို့ လူသိများတဲ့ ခွဲတမ်းဟဂ်ျ (၂၈၀) အတွက် ဟဂ်ျခရီးစဉ် ပို့ဆောင်ပေးနိုင်မယ့် ကုမ္ပဏီကို ချိပ်ပိတ်တင်ဒါ တင်သွင်းဖို့ ဟဂ်ျစေလွှတ်ရေး ကြီးကြပ်မှုကော်မတီက ကြေညာထားပါတယ်။တင်ဒါတင်သွင်းလိုတဲ့ ကုမ္ပဏီများဟာ ၂၀၊ ၅၊ ၂၀၁၆ တွင် တင်ဒါများကို တစုံ(၅၀၀၀) ကျပ်ဖြင့် စတင်ဝယ်ယူနိုင်ပြီး ၃၁၊ ၅၊ ၂၀၁၆ မွန်းလွဲ ၂ နာရီနောက်ဆုံးထား ပြီး တင်သွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။ တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ၃၁၊ ၅၊ ၂၀၁၆ ညနေ ၄ နာရီမှာ အတည်ပြုကြေညာပေးမယ်လို့ သိရပါတယ်။
ခွဲတမ်းဟဂ်ျ (မဲဟာဂျီ)ဆိုသည်မှာ သာသနာရေးဝန်ကြီးဌာနက ခွဲတမ်းရတဲ့ ဦးရေ (၂၈၀) ကို လျှောက်ထားသူတွေအား မဲစနစ်နဲ့ရွေးချယ် စေလွှတ်ခံရသူတွေဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ခွဲတမ်း ရရှိတဲ့ သူတွေကို ဝန်ဆောင်မှုပေးမယ့် ကုမ္ပဏီကို သတင်းစာမှာ ကြော်ငြာ ထည့်ပြိး တင်ဒါခေါ်ယူကြောင်း တင်ဒါလာတင်တဲ့ ကုမ္ပဏီရဲ့ ခိုင်မာမှု၊ ဝန်ဆောင်မှု အကောင်းဆုံးနဲ့ ဈေးနှုန်း သင့်တင့်မှုတွေအပေါ် အခြေခံပြီး အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး ၅ ဖွဲ့မှ တာဝန်ရှိသူများဖြင့် ဖွဲ့စည်းထားတဲ့ ဟဂ်ျစေလွှတ်ရေး ကြီးကြပ်မှုကော်မတီက ရွေးချယ် ကြောင်း၊ ရွေးချယ်ခံရတဲ့ ဝန်ဆောင်မှုပေးမယ့် ကုမ္ပဏီများအနေဖြင့် ဟဂ်ျစေလွှတ်ရေး ကြီးကြပ်မှုကော်မတီ ကို အာမခံငွေပေးထားရကြောင်း၊ ဒါကြောင့် လိမ်တာကောက်တာ လုပ်လို့မရကြောင်း၊ ဒါအပြင် ခေါ်ဆောင်သွားမယ့် ဟာဂျီလောင်းများ၏ နေထိုင်၊စားသောက်မှု စသည့် ဝန်ဆောင်မှု ပေးရမည့် အချက်အလက်များကို စည်းကမ်းချက်များတွင် ဖော်ပြထားပြီး စာချူပ်တွင် အသေးစိတ် ထည့်ပြီး ချူပ်ဆိုထားကြောင်း တင်ဒါရွေးချယ်ပုံနှင့် ပတ်သက်ပြီး ၂၀၁၆ ခုနှစ် ဟဂ်ျစေလွှတ်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ အလ်ဟဂ်ျ ဦးတင်မောင်သန်းက M-Media ကိုရှင်းပြပါတယ်။
၂၀၁၅ ခုနှစ်က ခွဲတမ်းဟာဂျီများကို ဝန်ဆောင်မှုပေးဖို့ အတွက် ရောင်စဉ် အလင်းတန်း ခရီသွားလာရေး ကုမ္ပဏီမှ ဝန်ဆောင်ခ U$2,175.(အမေရိကန်ဒေါ်လာ-၂၁၇၅) လည်းကောင်း ၊၂၀၁၄ ခုနှစ် တွင် Great Desert Company နှင့် A Pleasant House Company တို့ မှ တစ်ဦးလျှင် ၂၂ သိန်း ၅ သောင်းနှုံးဖြင့် လည်းကောင်း တင်ဒါအောင်မြင်ခဲ့ကြပြီး ၂၀၁၃ ခုနှစ် မှာ ကျပ် ၂၉ သိန်း လည်းကောင်း ၂၀၁၂ ခုနှစ်တွင် ကျပ် ၃၂ သိန်း အသီးသီး ဝန်ဆောင်ခများ ရှိခဲ့ကြောင်း သိရှိရပါတယ်။
ခွဲတမ်းဟဂ်ျ စီမံခန့်ခွဲမှုများ ကို ယခင်က သာသနာရေးဝန်ကြီးဌာနမှ တိုက်ရိုက်ကိုင်တွယ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှစတင်ပြီး အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးကို လုပ်ပိုင်ခွင့် လွှဲအပ်ခဲ့တာဖြစ်ပါတယ်။
ပြင်ပမှ သွားရောက်တဲ့ ဟာဂျီတွေကတော့ ဆော်ဒီ ဟဂ်ျရေးရာဝန်ကြီးဌာက ခွဲတမ်းရထားတဲ့ မြန်မာနိုင်ငံက ကုမ္ပဏီတွေ ကနေတဆင့် သွားရောက်တဲ့ သူတွေဖြစ်ကြောင်းသိရတယ်။ ယမန်နှစ်ကတော့ ပြင်ပမှ သွားရောက်သူ ၃၀၀၀ ကျော်ဝန်းကျင် ရှိပြီးကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၅၀၀၀ မှ ၆၀၀၀ အထိ ဝန်ဆောင်မှုပေးတဲ့ပေါ်မှုတည်ပြီး ဈေးနှုန်းများ ကွဲပြားကြောင်းသိရှိရပါတယ်။
အစ္စလာမ်ဘာသာဝင်တွေမှာ မဖြစ်မနေ လိုက်နာကျင့်သုံးရတဲ့ မဏ္ဍိုင်ကြီး (၅) ရပ်အနက် “ဟဂ်ျ” လို့ခေါ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာရွှေမြို့တော်သို့ သွားရောက်ပြီး သာသနာ့ကျင့်စဉ် ကိစ္စရပ်များကို ပြုမူ ဆောင်ရွက်ခြင်းဟာ တစ်ခုအပါအ၀င် ဖြစ် ပါတယ်။ ငွေကြေးတတ် စွမ်းနိုင်သူတို့အဖို့ မဖြစ်မနေ လုပ်ရမယ့် တာဝန်တစ်ရပ်သာ ဖြစ်ပါတယ်။
-
ဘာသာရေး အမုန်းစကား ဖြန့်ဝေသူများကို အရေးယူမည့် ဥပဒေတစ်ရပ် ရေးဆွဲမည်
ရန်ကုန်၊ မေ ၁၅The Voice Weekly မှ ကူးယူ ဖော်ပြသည်။.အစိုးရသစ်လက်ထက်တွင် လူမှုကွန်ယက် စာမျက်နှာများပေါ်၌ ဘာသာရေး အမုန်းစကား ဖြန့်ဝေသူများကို ထိထိရောက်ရောက် ဖော်ထုတ် အရေးယူနိုင်မည့် ဥပဒေတစ်ရပ် ရေးဆွဲမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။.မေလ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာရုံးခွဲတွင် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)နှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောဆိုခြင်းဖြစ်ကြောင်း အစည်းအဝေး တက်ရောက်သူများထံမှ သိရသည်။.ဘာသာရေး အမုန်းတရား လှုံ့ဆော်မှုများကို လူမှုကွန်ယက်နှင့် အခြားနယ်ပယ်များတွင် တွေ့မြင်နေရပြီး ယင်းလှုံ့ဆော်မှုများကို ထိထိရောက်ရောက် ဟန့်တားနိုင်မည့် ဥပဒေတစ်ရပ် ရေးဆွဲရန် လိုအပ်သောကြောင့် ဥပဒေ ပညာရှင်များနှင့် ဘာသာရေး အသင်းအဖွဲ့များက ဥပဒေ ရေးဆွဲမှုတွင်ပါဝင်ရန် ပြည်ထောင်စုဝန်ကြီးက ဖိတ်ခေါ်ကြောင်း အဆိုပါပွဲသို့ တက်ရောက်ခဲ့သူ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို)အလုပ်အမှုဆောင် ဦးကျော်ငြိမ်းက ပြောကြားသည်။.“သူ့အနေနဲ့ ဒီလိုဥပဒေမျိုး ရေးဆွဲဖို့ လိုပါတယ်၊ ဘာသာပေါင်းစုံ အဖွဲ့တွေနဲ့ ဥပဒေပညာရှင်တွေက ရေးဆွဲတင်ပြမယ်ဆိုရင်လည်း အစိုးရအဖွဲ့ကို တင်ပြနိုင်ပါတယ်ဆိုပြီး ဖိတ်ခေါ်ပြောဆိုသွားပါတယ်”ဟု ၎င်းက ပြန်လည်ရှင်းပြသည်။.ယင်းသို့ အစိုးရသစ် လက်ထက်တွင် အမုန်းစကား ဖြန့်ဝေမှုများကို ထိန်းသိမ်းမည့် ဥပဒေတစ်ရပ်ရေးဆွဲရန် စီစဉ်နေခြင်းနှင့်ပတ်သက်ပြီး တရားလွှတ်တော် ရှေ့နေ ဦးကိုနီက “ဘာသာရေးနဲ့ပတ်သက်ပြီး စော်ကားပြောဆိုတာတွေကို ဥပဒေက တိုက်ရိုက် ပြဋ္ဌာန်းထားတာ မရှိဘူး၊ သွယ်ဝိုက်ပြီး တရားစွဲ နေရတာပေါ့၊ မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက်ရှိဖို့ ဒီဥပဒေက တကယ်ကို လိုအပ်ပါတယ်” ဟု ထောက်ပြပြောဆိုသည်။အလားတူ ခေတ်အဆက်ဆက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေများတွင် ယင်းကဲ့သို့ ဘာသာရေးတစ်ခုအပေါ် နှိမ့်ချပြောဆိုမှုများနှင့် ပတ်သက်၍ ဥပဒေတစ်ခု ရေးဆွဲပြဋ္ဌာန်းနိုင်သည်ဟု ပြဋ္ဌာန်းထားသော်လည်း အစိုးရအဆက်ဆက်မှ ရေးဆွဲရန် ပျက်ကွက်ခဲ့ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။.ယင်းသို့ ဘာသာရေး အမုန်းစကား ဖြန့်ဝေသူများကို ထိရောက်စွာ အရေးယူနိုင်မည့် ဥပဒေသည် မည်သည့် ဘာသာကိုမဆို မခွဲခြားဘဲ အညီအမျှ အကာအကွယ် ပေးနိုင်သည့် သမာသမတ်ကျသော ဥပဒေတစ်ခုဖြစ်ရန် လိုအပ်ကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ညီမျှခြင်းမြန်မာ Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက အကြံပြု ပြောဆိုသည်။.“တစ်ပြေးညီမျှတတဲ့ ဥပဒေ ဖြစ်သင့်ပါတယ်၊ ဘာသာရေးမီးက တော်တော်ဆိုးပါတယ်”ဟု ၎င်းက ထောက်ပြပြောဆိုသည်။.နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခဖြစ်စဉ် အများစုတွင် ဒေသတစ်ခုမှ တစ်ခုသို့ မပြန့်ပွားစေရေးအတွက် အချိန်မီ ထိန်းသိမ်းနိုင်ရန် ခက်ခဲခြင်းမှာ လူမှုကွန်ယက် စာမျက်နှာများမှတစ်ဆင့် အမုန်းစကားများ ပါဝင်သော ကောလာဟလ ဖြန့်ဝေမှုသည်လည်း အကြောင်းရင်း တစ်ရပ်ဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့အစည်းများက ဝေဖန်ခဲ့ကြသည်။https://www.facebook.com/thevoiceweekly/posts/1150103595009898