News @ M-Media

Author: Ko Lay

  • တရုတ်တွင် ခြစားသည့် အစိုးရ၀န်ထမ်း ၁.၃ သန်းကို ၄ နှစ်အတွင်း အရေးယူခဲ့

    တရုတ်တွင် ခြစားသည့် အစိုးရ၀န်ထမ်း ၁.၃ သန်းကို ၄ နှစ်အတွင်း အရေးယူခဲ့

    အောက်တိုဘာ ၉၊ ၂၀၁၇
    M-Media

    တရုတ်သမ္မတ ရှီကျင့်ဖျင်

    – တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးစီမံချက်ဖြင့် ၂၀၁၃ ခုနှစ်မှစ၍ အရေးယူခံရသည့် ရာထူးနိမ့်ဝန်ထမ်းပေါင်း ၁.၃၄ သန်းခန့် ရှိပြီဖြစ်ကြောင်း အကျင့်ပျက်ခြစားမှုဆန့်ကျင်ရေး စောင့်ကြည့်အဖွဲ့တစ်ခုက ပြောကြားလိုက်သည်။

    ရှီသည် ၎င်း၏ ငါးနှစ်သက်တမ်းအတွင်း အရာရှိ အကြီး၊ အငယ်တို့ကို ပစ်မှတ်ထားမည့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး စီမံချက်တစ်ခုကို ၎င်း၏ပေါ်လစီတွင် ဦးစားပေးအဖြစ် ထည့်သွင်းခဲ့သည်။

    ၂၀၁၃ ခုနှစ်မှ စတင်၍ အပြစ်ပေးခံရသူများအနက် ကျေးရွာအဆင့် အရာရှိပေါင်း ၆၄၈၀၀၀ ပါဝင်ပြီး ကျူးလွန်သည့်ကိစ္စအများစုမှာ အသေးစား လာဘ်စားမှုများဖြစ်ကြောင်း စည်းကမ်းထိန်းသိမ်းရေးဗဟိုကော်မရှင်အဖွဲ့ (CCDI) က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။

    တရုတ်နိုင်ငံ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဆောင်ရွက်မှုအတွင်း ကျေးရွာနှင့် ခရိုင်အဆင့် ၀န်ထမ်းအမြောက်အများကို အရေးယူနိုင်ခဲ့သည့်အပြင် ရာထူးအမြင့်ပိုင်း ၀န်ထမ်းများစွာကိုလည်း ဖြုတ်ချနိုင်ခဲ့သည်။

    တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာန အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မတီ ဥက္ကဌကိုယ်တိုင်မှာလည်း အကျင့်ပျက်ခြစားမှုတစ်ခုအတွက် သံသယရှိသောကြောင့် သြဂုတ်လတွင် စုံစမ်းမေးမြန်းမှုကို ခံခဲ့ရသည်။

    ရှီကျင့်ဖျင်ကိုယ်တိုင် ကြီးကြပ်သည့် တရုတ်၏ ဗဟိုစစ်ကော်မရှင်မှ စစ်ဖက်ဆိုင်ရာ အကြီးတန် တာဝန်ရှိသူတစ်ဦးမှာလည်း ခြစားမှုနှင့်ဆက်စက်သည့် ကိစ္စများကြောင့် စက်တင်ဘာလတွင် ထိန်းသိမ်းမေးမြန်း ခံခဲ့ရသည်။

    CCDI က ပါတီဗျူရို စုစုပေါင်း၏ ၉၄.၈ ရာခိုင်နှုန်းဖြစ်သော ခရိုင်အဆင့်ဗျူရို ၁၅၅၀၀၀ မှာ သြဂုတ်လက ခြစားမှုတိုက်ဖျက်ရေး ပေါ်လစီရေးရာ နည်းဥပဒေများကို ရေးဆွဲခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref : CNA

  • နျူအစီအစဉ်ကို ကင်ဂျုံအင်က ချီးကျူးပြီး ညီမဖြစ်သူကို ရာထူးတိုးပေး

    နျူအစီအစဉ်ကို ကင်ဂျုံအင်က ချီးကျူးပြီး ညီမဖြစ်သူကို ရာထူးတိုးပေး

    အောက်တိုဘာ ၉၊ ၂၀၁၇
    M-Media

    – မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်က ၎င်း၏ နျူကလီးယားလက်နက်များသည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ပေးမည့် စွမ်းအားမြင့်လက်နက်များ ဖြစ်သည်ဟု ပြောကြားလိုက်ပြီး သူမ၏ ညီမဖြစ်သူကိုလည်း ရာထူးတိုးမြှင့်ခဲ့သည်။

    ထရမ့်က မြောက်ကိုရီးယားနှင့်ပတ်သက်၍ သံတမန်နည်းလမ်းအားလုံးမှာ အသုံးမ၀င်တော့ဘဲ အလုပ်ဖြစ်မည့် နည်းလမ်းတစ်ခုတည်းသာ ရှိတော့သည်ဟု စနေနေ့က Twitter စာမျက်နှာ၌ ရေးသားပြီး နာရီပိုင်းအကြာတွင် မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ကင်၏ ယခုမှတ်ချက်ကို ထုတ်လွှင့်ခဲ့သည်။

    ထရမ့်၏ ရည်ညွှန်းချက်မှာ ရှင်းရှင်းလင်းလင်းမရှိသော်လည်း စစ်ရေးအရ ကိုင်တွယ်ရန် ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။

    စနေနေ့က အလုပ်သမားပါတီ၏ ဗဟိုကော်မတီနှင့် တွေ့ဆုံစဉ် ကင်က မြောက်ကိုရီးယား၏ နျူလက်နက်များမှာ ကိုရီးယားကျွန်းဆွယ်နှင့် အာရှအနောက်မြောက်ပိုင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက်ဖြစ်ပြီး၊ နျူအစီအစဉ်နှင့် စီးပွားရေးတိုးတက်မှုမှာ ပြိုင်တူသွားနေသည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    ကင်မှာ ထိုအစည်းအဝေးတွင် ညီမဖြစ်သူ ကင်ယိုဂျွန်ကို ပါတီအတွင်း နောက်ဆုံး ဆုံးဖြတ်ချက်ချသည့် ပေါလစ်ဗျူရိုတွင် အဖွဲ့ဝင်အဖြစ် ရာထူးတိုးပေးခဲ့သည်။ ကင်ဂျုံအန်မှာ ပေါလစ်ဗျူရို ဥက္ကဌအဖြစ် တာဝန်ယူထားသည်။

    Ref : CNA

  • နျူသဘောတူညီချက်မှထွက်လျှင် အမေရိကန်ကို ကမ္ဘာက ရှုတ်ချမည်ဟု အီရန်ပြော

    နျူသဘောတူညီချက်မှထွက်လျှင် အမေရိကန်ကို ကမ္ဘာက ရှုတ်ချမည်ဟု အီရန်ပြော

    အောက်တိုဘာ ၉၊ ၂၀၁၇
    M-Media

    – အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ ၂၀၁၅ ခုနှစ်က ရရှိထားသည့် နျူသဘောတူညီချက်မှ အမေရိကန်နှုတ်ထွက်ပါက ကမ္ဘာကြီးမှာ အမေရိကန်အား ရှုတ်ချလိမ့်မည်ဟု အီရန်သမ္မတ ဟာဆန် ရူဟာနီက ပြောကြားလိုက်သည်။

    အဆိုပါ သဘောညီချက်အရ အီရန်မှာ ၎င်းတို့၏ အငြင်းပွားဖွယ် နျူအစီအစဉ်ကို ကန့်သတ်လျှော့ချရန် သဘောတူညီခဲ့ပြီး အပြန်အလှန်အားဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အီရန်အပေါ် ပြုလုပ်ထားသည့် ပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့သည်။

    သို့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ သဘောတူညီချက်ကို ဝေဖန်မှုများ တောက်လျှောက် ပြုလုပ်ခဲ့ပြီး၊ အီရန်မှာ သဘောတူညီချက်ကို အပြည့်အ၀ လိုက်နာခြင်း ရှိ၊ မရှိနှင့် သဘောတူညီချက်မှာ အမေရိကန်၏ အကျိုးစီးပွားအပေါ် ထိခိုက်ခြင်း ရှိ၊ မရှိကို အောက်တိုဘာ ၁၅ ရက်နေ့တွင် သုံးသပ်သွားမည်ဟု ပြောကြားကာ သဘောတူညီချက်မှ နှုတ်ထွက်ရန် အရိပ်အမြွက် ဖွင့်ဟမှုများလည်း ရှိနေသည်။

    အီရန်သမ္မတ ဟာဆန်ရူဟာနီက အဆိုပါ သဘောတူညီချက်ကို အမေရိကန်က ဖျက်ဆီးနိုင်မည်မဟုတ်ဟု စနေနေ့က တီဟီရန်တက္ကသိုလ်တွင် ကျင်းပပြုလုပ်သော အခမ်းအနားတစ်ခု၌ ပြောကြားခဲ့သည်။

    “ထရမ့်မကလို့ ဘယ်သူဖြစ်ဖြစ် အဲ့ဒီစာချုပ်ကို ပြင်ဆင်နိုင်မှာ မဟုတ်ပါဘူး၊ ကမ္ဘာပေါ်မှာ ဒေါ်နယ်ထရမ့် ၁၀ ယောက် ရှိရင်တောင် ပြင်ဆင်နိုင်ဖို့ မရှိပါဘူး”

    ထရမ့်အနေဖြင့် ထိုစာချုပ်မှ နှုတ်ထွက်ရန် ဆုံးဖြတ်ပါက အမေရိကန်၏ ဂုဏ်သိက္ခာကို ထိခိုက်မည်ဖြစ်ပြီး ကမ္ဘာကြီး၏ ရှုတ်ချမှုကို ခံရမည်ဟုလည်း ရူဟာနီက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Aljazeera

  • ကွာလာလမ်ပူမြို့ ရှားအလမ်တွင် မြန်မာတစ်ဦး အသတ်ခံရ

    ကွာလာလမ်ပူမြို့ ရှားအလမ်တွင် မြန်မာတစ်ဦး အသတ်ခံရ

    အောက်တိုဘာ ၉၊ ၂၀၁၇
    M-Media

    – မလေးရှားနိုင်ငံ ကွာလာလာမ်ပူမြို့ ရှားအလမ်မြို့နယ်က ၁၅ ရပ်ကွက် တိုက်ခန်းတစ်ခုမှာ မြန်မာနိုင်ငံသားတစ်ယောက် အသတ်ခံရမှုအတွက် ရဲတပ်ဖွဲ့ မြန်မာနိုင်ငံသား ၃ ဦးကို စနေနေ့မှာ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

    ခရိုင်ရဲတပ်ဖွဲ့ လက်ထောက်မဟာမင်းကြီး ရှာဖင် မာမတ်က သေဆုံးသူဟာ အသက် ၂၄ နှစ်အရွယ်ရှိပြီး ဖမ်ဆီးခံရသူတွေဟာ တစ်အိမ်တည်းနေသူတွေဖြစ်ကြောာင်း၊ ထွက်ပြေးသွားတဲ့ နောက်ထပ် ၃ ဦးကိုလည်း ဆက်လက်ရှာဖွေနေကြောင်း ပြောကြားခဲ့ပါတယ်။

    တိုက်ခန်းအတွင်းမှာ အမျိုးသားတစ်ယောက် လဲကျနေတဲ့ဆိုတဲ့ ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့ပြီးတဲ့နောက် ရဲတပ်ဖွဲ့က သွားရောက်ကြည့်ရှုခဲ့တာလို့ ဆိုပါတယ်။

    “ရဲတပ်ဖွဲ့တွေရောက်သွားတော့ သွေးအိုင်ထဲမှာ လူတစ်ယောက် လဲနေတာကို တွေ့ရပြီး နောက်ပိုင်းမှာ ကျန်းမာရေးတာဝန်ရှိသူတွေက သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်” လို့ မာမက်က ဆိုပါတယ်။

    ဖမ်ဆီးခံထားရသူတွေဟာ အသက် ၂၀ ကျော်အရွယ် မြန်မာနိုင်ငံသားတွေဖြစ်ပြီး သူတို့တွေဟာ အနားကစက်ရုံမှာ အလုပ်လုပ်ကာ တစ်အိမ်တည်း အတူနေကြသူတွေဖြစ်ကြောင်း မဟာမင်းကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: NST

     

  • ဘင်္ဂလားဒေ့ရှ်မှ ဗုဒ္ဓဘာသာဝင်များ မီးထွန်းပွဲတော်မလုပ်ဘဲ ရိုဟင်ဂျာဒုက္ခသည်များကို လှူဒါန်းမည်

    ဘင်္ဂလားဒေ့ရှ်မှ ဗုဒ္ဓဘာသာဝင်များ မီးထွန်းပွဲတော်မလုပ်ဘဲ ရိုဟင်ဂျာဒုက္ခသည်များကို လှူဒါန်းမည်

    အောက်တိုဘာ ၈၊ ၂၀၁၇
    M-Media

    – ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းဟာ သူတို့ရဲ့ ဒုတိယမြောက် အရေးပါဆုံး ဘာသာရေးပွဲတော် Probarona Purnima အတွက် ကျင်းပဖို့စီစဉ်ထားတဲ့ အစီအစဉ်တစ်ချို့ကို လျှော့ချကာ ကုန်ကျငွေတွေကို ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လှူဒါန်းကူညီသွားမယ်လို့ သိရပါတယ်။

    ဗုဒ္ဓဟူးနေ့မနက်ပိုင်းက အာဏာရ Awami League ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုအတွင်းမှာ ဗုဒ္ဓဘာသာခေါင်းဆောင်တွေက ဒီလိုပြောကြားလိုက်တာပါ။

    ဘင်္ဂလားဒေ့ရှ် ညီညွတ်သော ဗုဒ္ဓဘာသာဖိုရမ် အကြီးအကဲ Ashokh Barua က “Probarona Purnima ပွဲတော်အတွင်း မီးထွန်းပွဲကို ကျွန်တော်တို့ ဒီနှစ် ကျင်းပမှာ မဟုတ်ပါဘူး။ ပွဲတော်ရဲ့ ကုန်ကျငွေတွေကို ဒုက္ခသည်တွေကို ကူညီပေးဖို့အတွက် ၀န်ကြီးချုပ် ရှိခ်ဟာဆီနာကို ပေးအပ်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ဗုဒ္ဓဘာသာဝင်တွေဟာ Probarona Purnima ပွဲတော်ကို မြန်မာအခေါ် သီတင်းကျွတ်လပြည့်နေ့မှာ ကျင်းပတာဖြစ်ပြီး အဓိကအားဖြင့် မီးပုံပျံတွေလွှတ်တင်ကာ ဆင်နွှဲကြတာ ဖြစ်ပါတယ်။မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ မီးထွန်းပွဲတော
်ကို ကျင်းပမှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်က ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းက စောစောပိုင်းကတည်းက ပြောကြားထားတာပါ။

    အာဏာရ Awami League ရဲ့ အထွေထွေအတွင်းရေးမှူး အိုဘိုင်ဒွလ် ကာဒရ်က အစိုးရအနေနဲ့ ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းအတွက် လုံခြုံရေးဆောင်ရွက်မှုအားလုံးကို ပြုလုပ်ပေးသွားမှာဖြစ်ပြီး နိုင်ငံအတွင်းမှာ လူနည်းစုတွေဖြစ်တယ်ဆိုတဲ့စိတ်မျိုးမထားဖို့ ဗုဒ္ဓဘာသာဝင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    သြဂုတ်လနှောင်းပိုင်းမှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက် တစ်ကျော့ပြန်ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာ ၅ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတယ်လို့ ကုလက ပြောကြားထားပါတယ်။

    Ref: Dhaka Tribune