News @ M-Media

Author: Ko Lay

  • နျူဗုံး စမ်းသပ်အောင်မြင်မှုအတွက် မြောက်ကိုရီးယားက အောင်ပွဲခံအခမ်းအနား ပြုလုပ်

    နျူဗုံး စမ်းသပ်အောင်မြင်မှုအတွက် မြောက်ကိုရီးယားက အောင်ပွဲခံအခမ်းအနား ပြုလုပ်

    စက်တင်ဘာ ၇၊ ၂၀၁၇
    M-Media

    မြောက်ကိုရီးယား၏ အောင်ပွဲခံ အခမ်းအနား

    – နိုင်ငံ၏ နောက်ဆုံး ဆောင်ရွက်ခဲ့သည့် နျူကလီးယားလက်နက် စမ်းသပ်မှုတွင် ပါဝင်သော သိပ္ပံပညာရှင်များကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် မြောက်ကိုရီးယားမှာ ယမန်နေ့တွင် မြို့တော်ပြုံးယမ်၌ အောင်ပွဲခံအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    သိပ္ပံပညာရှင်များအား တင်ဆောင်ထားသော ကားများ မောင်းနှင်လာစဉ် ပြည်သူများမှာ လမ်းဘေးဝဲယာတွင်ရပ်၍ သြဘာပေးခဲ့ကြပြီး Kim Il-Sung ရင်ပြင်တွင်လည်း သောင်းနဲ့ချီသော ပြည်သူများက စုရုံးခဲ့ကြသည်။ အောင်ပွဲခံအခမ်းအနားတွင် မီးရှူးမီးပန်းများလည်း ပစ်ဖောက်ခဲ့ကြသည်။

    အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သူများက မြောက်ကိုရီးယား စစ်တပ်အနေဖြင့် “အမေရိကန်နှင့် သစ္စာဖောက်များ စစ်ပွဲဖန်တီးလျှင် ဂိုဏ်းစတားပုံစံ အမေရိကန်နယ်ချဲ့များ၏ ကံကြမ္မာကို အညှာတာအမဲ့ဆုံး၊ အပြင်းထန်ဆုံး ကြိုတင်လက်ဦးမှုရယူ တိုက်ခိုက်သွားမည်” ဟု ပြောကြားခဲ့ကြသည်။

    တနင်္ဂနွေနေ့တွင် မြောက်ကိုရီးယားက စမ်းသပ်ခဲ့သည့် နျူဗုံးမှာ ၎င်းတို့ စမ်းသပ်ခဲ့သမျှတွင် အကြီးမားဆုံးဖြစ်သည်။

    မြောက်ကိုရီးယားက ၎င်းတို့မှာ တိုက်ချင်းပစ်ဒုံးကျည်တွင် တပ်ဆင်ပစ်လွှတ်နိုင်သည့် ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထိုစမ်းသပ်မှုအတွက် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပြီး တောင်ကိုရီးယားနှင့် အမေရိကန်တို့က နိုင်ငံတောင်ပိုင်းတွင် THAAD ဒုံးခွင်းစနစ်၏ လောင်ချာများကို ယနေ့တွင် တပ်ဖြန့်ချထားခဲ့သည်။

    Ref: AP

  • ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် တူရကီက အကူအညီ တန်တစ်သောင်း ပေးပို့မည်

    ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် တူရကီက အကူအညီ တန်တစ်သောင်း ပေးပို့မည်

    စက်တင်ဘာ ၇၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်က မတည်ငြိမ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးသွားရတဲ့သူတွေအတွက် အကူအညီ တန် ၁ သောင်း ပို့သွားမယ်လို့ တူရကီသမ္မတ အာဒိုဂန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    “မနေ့က (ဒေါ်အောင်ဆန်းစုကြည်) နဲ့ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ ကျွန်တော်တို့ရဲ့ ကမ်းလှမ်းမှုကို သူတို့ လက်ခံပါတယ်” လို့ အန်ကာရာမှာပြုလုပ်တဲ့ သူ့ရဲ့ အာဏာရပါတီ AK Party အစည်းအဝေးမှာ အာဒိုဂန်က ပြောကြားခဲ့ပါတယ်။

    တူရကီအကူအညီပေးရေးအဖွဲ့ TIKA ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ နေထိုင်တဲ့ စခန်းတွေအတွက် အကူအညီ တန်တစ်ထောင် ပေးပို့ခဲ့ပြီးဖြစ်တယ်လို့လည်း သမ္မတက ဆိုပါတယ်။

    “ဒုတိယအဆင့်ကတော့ တန်တစ်သောင်း ဝေငှသွားမှာပါ”

    သြဂုတ်လနှောင်ပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ ARSA က ရဲကင်းပေါင်း ၃၀ ကျော်ကို တစ်ပြိုင်နက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီး တိုက်ပွဲတွေအတွင်း အနည်းဆုံး လူပေါင်း ၄၀၀ လောက်သေဆုံးကာ အများစုက အကြမ်းဖက်သမားတွေဖြစ်တယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

    တူရကီသမ္မတ အာဒိုဂန်ဟာ အင်္ဂါနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောဆိုခဲ့ပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ကြပါတယ်။

    Ref: Reuters

  • အစွန်းရောက်များကို ဝေဖန်သည့် အိန္ဒိယဂျာနစ်လစ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

    အစွန်းရောက်များကို ဝေဖန်သည့် အိန္ဒိယဂျာနစ်လစ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

    စက်တင်ဘာ ၆၊ ၂၀၁၇
    M-Media

    အသတ်ခံရသည့် ဂျာနယ်လစ် ဂါင်ရီ လန်ကက်ရှ်

    – ဟိန္ဒိုအမျိုးသားရေးဝါဒီများကို လူသိရှင်ကြားဝေဖန်သည့် ထင်ရှားသော ဂျာနယ်လစ်အမျိုးသမီးမှာ သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်ဟု အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    အသက် ၅၅ နှစ်အရွယ်ရှိ ဂေါင်ရီ လန်ကက်ရှ်ဆိုသူဖြစ်ပြီး နိုင်ငံတောင်ပိုင်း ကာရ်နာတာကာပြည်နယ် ဘန်ဂလောရ်မြို့ရှိ သူမ၏နေအိမ် အ၀င်အ၀ တံခါးပေါက်နားတွင် သွေးအိုင်ထဲ၌ လဲကျနေမှုကို တွေ့ရှိခဲ့ရသည်။

    မော်တော်ဆိုင်ကယ်ဖြင့် လာရောက်ခဲ့သည့် သေနတ်သမားများက သူ၏ ဦးခေါင်းနှင့် ရင်ဘတ်တို့ကို ပစ်သွားခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ရသည့် နောက်ကွယ်မှ အကြောင်းအရင်းကို သိရှိရခြင်း မရှိသေးပေ။

    ယခုနှစ်ပိုင်းများအတွင်း အသတ်ခံရသည့် ဂျာနယ်လစ်များတွင် သူမမှာ အထင်ရှားဆုံး ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး နိုင်ငံတော် ဈာပနအခမ်းအနားဖြင့် သူမအား သဂြိုဟ်ခဲ့သည်။ ဈာပနသို့ ပြည်နယ်ဝန်ကြီးချုပ် အပါအ၀င် ဂုဏ်သရေရှိ လူကြီးများ တက်ရောက်ခဲ့ကြသည်။

    သူမအသတ်ခံရမှုအတွက် မြို့တော်ဒေလီအပါအ၀င် အိန္ဒိယရှိ မြို့အများအပြားတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

    တက်ကြွလှုပ်ရှားသူများကမူ အိန္ဒိယရှိ ဂျာနယ်လစ်များမှာ ဟိန္ဒူအစွန်းရောက်များ၏ ပစ်မှတ်ထားခြင်းကို တိုးမြှင့်ခံစားလာရသည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ်အနည်ငယ်အတွင်း ဟိန္ဒူအမျိုးသားရေးသမားများကို ဝေဖန်သည့် ဂျာနယ်လစ်များမှာ ဆိုရှယ်မီဒီယာတွင် ခြိမ်းခြောက်ပြောဆိုခံရမှုများ ရှိနေပြီး၊ အမျိုးသမီး သတင်းထောက်များမှာ အဓမ္မပြုကျင့်မှု၊ ထိုးကြိတ်မှု ပြုလုပ်မည်ဆိုသည့် ခြိမ်းခြောက်မှုများပင် ခံခဲ့ရသည်။

    အိန္ဒိယ အာဏာရပါတီ BJP မှ ၀န်ကြီးများကလည်း ဂျာနယ်လစ်များကို လူသိရှင်ကြား စော်ကားပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

    Ref : BBC

  • မာရာဝီတွင် IS ကို တိုက်ထုတ်ရေး မွတ်စလင်လက်နက်ကိုင်အဖွဲ့က ဖိလစ်ပိုင်စစ်တပ်နှင့် ပူးပေါင်း

    မာရာဝီတွင် IS ကို တိုက်ထုတ်ရေး မွတ်စလင်လက်နက်ကိုင်အဖွဲ့က ဖိလစ်ပိုင်စစ်တပ်နှင့် ပူးပေါင်း

    စက်တင်ဘာ ၆၊ ၂၀၁၇
    M-Media

    – မာရာဝီမြို့ကို သိမ်းပိုက်ထားသည့် IS သစ္စာခံ မောက်တေ လက်နက်ကိုင်အဖွဲ့အား နောက်ဆုံးအဆင့် ထိုးစစ်ကို ဖိလစ်ပိုင်စစ်တပ်က မွတ်စလင်လက်နက်ကိုင်အဖွဲ့ MILF နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု သိရသည်။

    မောက်တေအဖွဲ့မှာ ပြီးခဲ့သည့်မေလက မာရာဝီမြို့အား သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ဖိလစ်ပိုင်စစ်တပ်၏ ထိုးစစ်အောက်တွင် လက်ရှိအချိန်၌ ၎င်းတို့အဖွဲ့မှာ ၅၀၀ စကွဲယားမီတာခန့်ကိုသာ ထိန်းချုပ်ထားနိုင်တော့သည်။

    ဖိလစ်ပိုင်စစ်သားများနှင့် MILF အဖွဲ့ဝင်များမှာ ပူးပေါင်းဆောင်ရွက်ခြင်းအပါအ၀င် ပစ်ကူများ၊ လေကြောင်းပစ်ကူများနှင့် အခြား ထောက်ပံ့မှုများလည်း MILF အတွက် ပြုလုပ်ပေးသည်ဟု ဖိလစ်ပိုင်စစ်တပ်မှ ဗိုလ်ချုပ်ကြီး အာရ်နဲလ် ဒီလာ ဗီဂါက ပြောကြားခဲ့သည်။

    ၃ လကျော်ကြာ တိုက်ခိုက်မှုအတွင်း စစ်သား ၁၀၀ ကျော် သေဆုံးခဲ့ပြီး မောက်တေအဖွဲ့မှ ၅၀၀ နီးပါးခန့် သေဆုံးခဲ့သည်ဟု ဖိလစ်ပိုင်စစ်တပ်က သတင်းထုတ်ပြန်ထားသည်။

    တိုက်ခိုက်မှုများကြောင့် လူထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရပြီး မင်ဒါနာအိုကျွန်းရှိ ကယ်ဆယ်ရေးစခန်း ၇၅ ခုတွင် နေထိုင်နေရသည်။

    ဗီဂါက မိမိတို့မှာ MILF အဖွဲ့နှင့် ပေါင်းစည်းတိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ ၎င်းတို့အဖွဲ့မှာ သီးခြား နည်းလမ်းများ၊ ပုံစံများဖြင့် မောက်တေအဖွဲ့ကို တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဘရာဇီးလ်သမ္မတ (ငြိမ်း) နှစ်ဦး ခြစားမှုဖြင့် တရားစွဲခံရ

    ဘရာဇီးလ်သမ္မတ (ငြိမ်း) နှစ်ဦး ခြစားမှုဖြင့် တရားစွဲခံရ

    စက်တင်ဘာ ၆၊ ၂၀၁၇
    M-Media

    သမ္မတဟောင်း ဒီလ်မာ ရူဆက်ဖ် (ယာ)

    – ဘရာဇီးလ်သမ္မဟောင်းနှစ်ဦးဖြစ်သည့် ဒီလ်မာ ရူဆက်ဖ်နှင့် လူအစ် အီနာစီယို လူလာ ဒါ ဆေးလ်ဗားတို့မှာ ခြစားမှုစွဲချက်များဖြင့် ယမန်နေ့တွင် တရားစွဲဆိုခံခဲ့ရသည်ဟု သိရသည်။

    အစိုးရရှေ့နေ ရိုဒရီဂို ဂျာနော့တ်က လူလာနှင့် ရူဆက်ဖ်တို့အပါအ၀င် Wokres Party မှ အဖွဲ့ဝင် ၈ ဦးမှာ နိုင်ငံပိုင် ရေနံလုပ်ငန်း Petrobras ပါဝင်သော ခြစားမှု၊ ငွေကြေးခ၀ါချမှု စသည့် ရာဇ၀တ်မှုပေါင်းများစွာကို ကျူးလွန်ခဲ့ကြသည်ဟု စွပ်စွဲခဲ့သည်။

    ရူဆက်ဖ်မှာ ၂၀၁၆ ခုနှစ်က ဘက်ဂျက်ဥပဒေကို ချိုးဖောက်မှုဖြင့် ပါလီမန်၏ ဖြုတ်ချခြင်း ခံခဲ့ရပြီးနောက် ရာဇ၀တ်မှုဖြင့် ပထမဆုံး တရားစွဲခံရခြင်းဖြစ်သည်။

    လူလာမှာလည်း နောက်တစ်ကြိမ် သမ္မတဖြစ်ရန်အတွက် ကြိုးစားနေသူဖြစ်ပြီး ယခုသတင်းမှာ သတင်းဆိုးဖြစ်သည်။

    ၎င်းမှာ နိုင်ငံအတွင်း လူကြိုက်များသည့် နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး ၂၀၁၈ ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှုမှ အဟန့်အတားဖြစ်စေမည့် ခြစားမှုစွဲချက်အတွက် အယူခံ လျှောက်ထားမည်ဖြစ်သည်။

    ၎င်းမှာ အခြား စွဲချက် ၄ ခုအတွက်လည်း တရားရင်ဆိုင်နေရသည်။

    ရှေ့နေချုပ်ရုံးကမူ အဆိုပါ ရာဇ၀တ်မှုများမှာ ၂၀၀၂ ခု နှစ်လည်မှ ရူးဆက်စ် ရာထူးမှ အနားပေးခံရသည့် ၂၀၁၆ ခုနှစ် မေလ ၁၂ ရက်နေ့အတွင်း ကျးလွန်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ရကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera