News @ M-Media

Author: Ko Lay

  • ဒုက္ခသည်များအား ဘာသာကိုကြည့်၍ ၀င်ခွင့်ပိတ်ခြင်းမှာ လက်မခံနိုင်ဖွယ်ရာဟု ဂျာမနီအဓိပတိပြော

    ဒုက္ခသည်များအား ဘာသာကိုကြည့်၍ ၀င်ခွင့်ပိတ်ခြင်းမှာ လက်မခံနိုင်ဖွယ်ရာဟု ဂျာမနီအဓိပတိပြော

    သြဂုတ် ၂၉၊ ၂၀၁၆

    M-Media

    german 4

    – ဥရောပသို့ ခိုလှုံလာသည့် ဒုက္ခသည်များမှ အချို့ကို မွတ်စလင်ဖြစ်သည့်အတွက် လက်မခံဟု ဥရောပနိုင်ငံတစ်ချို့က ပြောဆိုနေမှုမှာ လက်မခံနိုင်ဖွယ်ရာဖြစ်သည်ဟု ဂျာမနီအဓိပတိ အိန်ဂျလာမာကဲလ်က ပြောကြားလိုက်သည်။

    “လူတိုင်းက သူ့တို့လုပ်ရမယ့်အလုပ်ကို လုပ်ဖို့လိုပါတယ်။ ‘လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်အပ်၊ မလိုအပ်အပ် ငါတို့တိုင်းပြည်မှာ မွတ်စလင်တွေကို လက်မခံဘူး’ လို့ တစ်ချို့တွေပြောနေတာဟာ မှားယွင်းတယ်လို့ ကျွန်မထင်ပါတယ်။ ဒီကိစ္စအတွက် ကျွန်မတို့ဆက်ပြီး ဆွေးနွေးသွားရမှာပါ” ဟု မာကဲလ်က ARD ရုပ်သံသို့ ပြောကြားခဲ့သည်။

    ဂျာမန်အာဏာပိုင်များမှာ ၂၀၁၆ တစ်နှစ်လုံးတွင် ဒုက္ခသည် ၃ သိန်းကို ၀င်ရောက်ခွင့်ပြုရန် မျှော်မှန်းထားပြီး၊ ထိုဒုက္ခသည်များမှာ အဓိကအားဖြင့် ပရိပက္ခများနှင့် အကြမ်းဖက်ဝါဒကြီးစိုးရာ အာဖဂန်နစ္စတန်၊ အီရတ်နှင့် ဆီးရီးယားတို့မှ ဖြစ်ကြသည်။

    မာကဲလ်ကမူ ဒုက္ခသည်များကို ဥရောသမဂ္ဂ၏ အဖွဲ့ဝင် ၂၈ နိုင်ငံက အချိုးကျ ခွဲဝေလက်ခံရန် အလိုရှိနေပြီး၊ အမျိုးသားရေးဝါဒီခေါင်းဆောင်များ ကြီးစိုးထားသည့် ဥရောပအရှေ့ခြမ်းနိုင်ငံများမှာ အရှေ့အလယ်ပိုင်းနှင့် တောင်အာရှတို့မှ ဒုက္ခသည်များ လက်ခံရေး အစီအစဉ်ကို ငြင်းဆိုထားပြီး၊ အချို့က အချို့ဥရောပနိုင်ငံများက အချိုးကျ လက်ခံရန် အစီအစဉ်ကို ဆန့်ကျင်ကြသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် အဓိပတိ၏ မိတ်ဆုံစားပွဲအခမ်းနားတွင် မာကဲလ်မှာ နိုင်ငံသားများ၊ ဧည့်သည်တော်များနှင့် တရင်းတနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ဂျာမနီနိုင်ငံ၏ အဓိက ဦးစားပေးဆောင်ရွက်မည့်ကိစ္စမှာ နိုင်ငံလုံခြုံရေးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: VOA

  • ငလျင်ကြောင့် ပုဂံတွင် ပျက်ဆီးခဲ့သည့် စေတီအရေအတွက် မြင့်တက်၊ ၄၀၀ နီးပါးရှိ

    ငလျင်ကြောင့် ပုဂံတွင် ပျက်ဆီးခဲ့သည့် စေတီအရေအတွက် မြင့်တက်၊ ၄၀၀ နီးပါးရှိ

    သြဂုတ် ၂၉၊ ၂၀၁၆
    M-Media

    bagan

    – ပြီးခဲ့သည့်တစ်ပတ်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံတွင် ထိခိုက်ပျက်ဆီးခဲ့သည့် စေတီပုထိုးအရေအတွက်မှာ ၄၀၀ နီးပါး ရှိလာခဲ့ပြီး ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ပြီးစီးရန် အနည်းဆုံး ၁ နှစ် ကြာမည်ဟု ဗိသုကာ၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုများဌာနက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    သြဂုတ်လ ၂၄ ရက်နေ့က မကွေးတိုင်းဒေသကြီး ချောက်မြို့အနောက်ဖက် ၁၆ မိုင်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်မှာ ပြင်းအား ၆.၈ မဂ္ဂနီကျု ရှိခဲ့သည်။

    ဌာန၏ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဦးသိန်းလွင်ကမူ လက်ရှိအချိန်တွင် စေတီပုတိုး ၃၃ ဆူသို့ ဧည့်သည်များ ၀င်ရောက်ခွင့်ကို ပိတ်ပင်ထားပြီး၊ နေ၀င်ချိန်၊ နေထွက်ချိန်ကို ကြည့်ရှုရန် အထက်ပစ္စယံများသို့ တက်ရောက်မှုကိုလည်း ခွင့်မပြုဟု ဆိုသည်။

    “တစ်နှစ်လောက် ကျွန်တော်တို့ ပိတ်ထားမှာပါ။ အဲဒီ ပြန်လည်ပြင်ဆင်ရေးကာလ ပြီးမှသာလျှင် ကျွန်တော်တို့ ဧည့်သည်တွေကို ၀င်ရောက်ခွင့်၊ တက်ခွင့်ပြုမှာ ဖြစ်ပါတယ်” ဟု ဦးသိန်းလွင်က ထည့်သွင်းပြောကြားခဲ့သည်။

    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကမူ ထိုကဲ့သို့ ဧည့်သည်များဝင်ရောက်ခွင့် ပိတ်ပင်ထားသည့် စေတီပုထိုးများတွင် ထင်ရှားသည့် စေတီများဖြစ်သော ပြသာဒ်ကြီးစေတီ၊ ရွှေဆံတော်စေတီ၊ ထီးလိုမင်းလိုစေတီ၊ ဆူလာမဏိစေတီတို့ ပါဝင်သည်ဟု ပြောကြားခဲ့သည်။ ပုဂံတွင် ထိခိုက်ပျက်ဆီးခဲ့သော စေတီပုထိုးအရေအတွက်မှာ ကနဦးက ၁၈၇ ဆူသာ ရှိခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်လေ့လာမှုများအရ လက်ရှိတွင် ၄၀၀ နီးပါး ရှိလာခဲ့ပြီဖြစ်သည်။

    ထို့ပြင် မကွေးတိုင်းဒေသကြီး စလေမြို့တွင် စေတီပုထိုး ၃၅ ဆူ၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ၅ ဆူနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၁၃ ဆူတို့လည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်ဆီးခဲ့သည်။

    Ref: mmtimes

  • ဇာကာမှာ ပီတစ်လက်သစ်ဖြစ်လာမည်ဟု ၀င်းဂါး ဟောကိန်းထုတ်

    ဇာကာမှာ ပီတစ်လက်သစ်ဖြစ်လာမည်ဟု ၀င်းဂါး ဟောကိန်းထုတ်

    သြဂုတ် ၂၉၊ ၂၀၁၆
    M-Media

    zhaka

    – အသင်းနှင့် ပထမဆုံးကစားရသည့်ပွဲများတွင် ခြေစွမ်းကောင်းများ ပြသခဲ့သည့် ဂရာနစ် ဇာကာမှာ အာဆင်နယ်အသင်း၏ ဂန္တ၀င်ကစားသမား ပီတစ်လက်သစ် ဖြစ်လာမည်ဟု နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    နွေရာသီအပြောင်းအရွှေ့က ခေါ်ယူခဲ့သည့် ဆွစ်ဇာလန်လက်ရွေးစင်ကစားသမား ဇာကာမှာ လက်စတာ၊ ၀က်ဖို့ဒ်အသင်းတို့နှင့်ပွဲစဉ်တွင် ပါဝင်ခဲ့ပြီး အထင်ကြီးလောက်စရာ ခြေစွမ်းများကို ပြသနိုင်ခဲ့သည်။ ၀င်းဂါးကမူ ဇာကာ၏ ကစားပုံမှာ ၁၉၉၇-၉၈ ဘောလုံးရာသီတွင် အာဆင်နယ်အသင်းနှင့် ပရီးမီးယားလိဂ် ဖလားရရှိခဲ့သူ ပီတစ်နှင့် တူသည်ဟု ဆိုသည်။

    “သူ (ဇာကာ) ကို ဘောလုံးကို သဘာဝအတိုင်း ကစားသူပါ။ သူကစားတဲ့ပုံစံက ပီတစ်ကစားတဲ့ပုံစံနဲ့ ဆင်ပါတယ်။ ဘောလုံးကိုင်ထားရတာကို ကြိုက်တယ်၊ အဝေးဘောကောင်းတယ်။ နောက်တန်းအလယ်လူအဖြစ်လည်း သုံးလို့လည်းရတယ်။ သူဟာ အတို၊ အရှည်ရော ပေါင်းပြီးကစားတာပါ။ အလယ်တန်းမှာ တစ်ခါတစ်ရံ နောက်တန်းဆင်းကစားဖို့အတွက်လည်း အရေးကြီးပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    ထို့ပြင် ဇာကာမှာ ကြံ့ခိုင်ပြီး၊ ခန္ဓာကိုယ်တည်ဆောက်ပုံကောင်းကြောင်း၊ အမြင့်ဘောနိုင်ကာ ပွဲအခြေအနေကိုလည်း အကောင်းဆုံးအကဲခတ်နိုင်ကြောင်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။

    Ref : Goal

  • အစ္စလာမ်နှင့် လူ့အခွင့်အရေးဆိုင်ရာ ပြပွဲတစ်ခု တူနီးရှားတွင် ကျင်းပမည်

    အစ္စလာမ်နှင့် လူ့အခွင့်အရေးဆိုင်ရာ ပြပွဲတစ်ခု တူနီးရှားတွင် ကျင်းပမည်

    သြဂုတ် ၂၉၊ ၂၀၁၆
    M-Media

    doha

    – တူနီးရှား အမျိုးသား လူ့အခွင့်အရေးကော်မတီ (NHRC) က အစ္စလာမ်နှင့် လူ့အခွင့်အရေးဆိုင်ရာ ပြပွဲနှင့် အခြားအခမ်းအနားများကို မြို့တော်တူနစ်ရှိ အာရပ်အတွင်းဝန်များကောင်စီ၏ အတွင်းဝန်များရုံးချုပ်၌ လာမည့်နှစ်မတ်လတွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

    ၂၀၁၄ ခုနှစ်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ‘အာရပ်ကမ္ဘာ၏ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် လူ့အခွင့်အရေး’ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သော ညီလာခံတစ်ခုမှာ အာရုံစိုက်မှု ရရှိခဲ့ပြီးနောက် တူနီးရှားတွင် ယခုကဲ့သို့ ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။

    NHRC အဖွဲ့၏ ဥပဒေရေးရာ ဒါရိုက်တာဖြစ်သူ ဂျဘား အလ်-ဟူဝေးလ်က တူနစ်မြို့ရှိ အာရပ်အတွင်းဝန်ရုံးများ၌ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူများ၏ ဒုတိယအကြိမ်မြောက်ညီလာခံတွင် လေ့လာသူအဖြစ် ကော်မတီက ပါဝင်နိုင်ခဲ့သည့်အတွက် ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

    ယခုဖိုရမ်ကို NHRC ကောင်စီက နှစ်စဉ်ကျင်းပလေ့ရှိပြီး လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ‘နိုင်ငံတကာညီလာခံ’ မှ ထွက်ပေါ်လာသော အကြံပြုချက်များကို ဆက်လက်ဆောင်ရွက်ရန် ဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref : QNA

  • ဘယ်လ်ဂျီယံမှာ သမိုင်းသစ်ရေးထိုးနိုင်မည်ဟု ဟင်နရီပြော

    ဘယ်လ်ဂျီယံမှာ သမိုင်းသစ်ရေးထိုးနိုင်မည်ဟု ဟင်နရီပြော

    သြဂုတ် ၂၉၊ ၂၀၁၆
    M-Media

    henry

    – မိမိအနေဖြင့် ဘယ်လ်ဂျီယံအသင်း၏ လက်ထောက်နည်းပြ ဖြစ်လာသည့်အတွက် စိတ်လှုပ်ရှားမိပြီး အသင်းမှာလည်း သမိုင်းရေးထိုးနိုင်လိမ့်မည်ဟု သီယာရီ ဟင်နရီက ပြောကြားလိုက်သည်။

    အာဆင်နယ်တိုက်စစ်မှူးဟောင်းဖြစ်သူ ဟင်နရီမှာ ပြီးခဲ့သည့်တစ်ပတ်က ဘယ်လ်ဂျီယံ လက်ထောက်နည်းပြ မာတီနက်ဇ်၏ လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။ ဟဇာ့ဒ်၊ ဒီဘရူနီ၊ လူကာကူတို့နှင့် တောင့်တင်းသည့် ဘယ်လ်ဂျီယံအသင်းမှာ ဇွန်လက ကျင်းပပြုလုပ်ခဲ့သော ယူရို ၂၀၁၆ တွင် ဗိုလ်စွဲရန် ရေပန်းစားခဲ့သော်လည်း ကွာတားဖိုင်နယ်ကို မကျော်နိုင်ခဲ့ပေ။

    သို့သော်လည်း ဟင်နရီကမူ ဘယ်လ်ဂျီယံမှာ သမိုင်းရေးထိုးနိုင်လိမ့်မည်ဟု ဆိုသည်။

    “စိတ်လှုပ်ရှားစရာကောင်းတဲ့ စိန်ခေါ်မှုတစ်ခုပါ။ ဒါပေမယ့် ကျွန်တော်တို့လုပ်ရမယ့်အလုပ်က အသင်းရဲ့စိတ်ဓာတ်ကို အသင်းကြီးတစ်သင်းရဲ့စိတ်ဓာတ်မျိုးဖြစ်အောင် လုပ်ရမှာပါပဲ။ ကျွန်တော်က လက်ထောက်ပါ။ ရော်ဘတ်တို (မာတီနက်ဇ်) ကတော့ အဓိကပေါ့ဗျာ။ အသင်းရဲ့တည်ဆောက်ပုံ၊ အသင်းရှေ့ဆက်ပြီး အောင်မြင်အောင် ကျွန်တော် ကူညီသွားမှာဖြစ်ပြီး ဒီအသင်းဟာ သမိုင်းရေးထိုးနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ သူတို့ကိုယ်တိုင် ယုံကြည်ထားရမယ့် အရာပါပဲ” ဟု ဟင်နရီက ပြောကြားခဲ့သည်။

    Ref: Goal