News @ M-Media
Author: Ko Lay
  • ဂျာမနီတွင် လက်ယာစွန်းရောက်များနှင့် ဖက်စစ်ဆန့်ကျင်သူများ ထိပ်တိုက်တွေ့
    ဂျာမနီတွင် လက်ယာစွန်းရောက်များနှင့် ဖက်စစ်ဆန့်ကျင်သူများ ထိပ်တိုက်တွေ့
    ဧပြီ ၂၂၊ ၂၀၁၆
    M-Media
    germany 2
    – ဟစ်တလာမွေးနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာ မီးတိုင်တွေထွန်းပြီး ချီတက်ကြတဲ့ ဂျာမနီက လက်ယာစွန်းရောက်အုပ်စုကို ဖက်စစ်ဆန့်ကျင်ရေးသမား ၃၀၀၀ လောက်က ၀ိုင်းကာ ထိပ်တိုက်ဆန့်ကျင်ခဲ့တာကြောင့် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ရပ်တပ်ဖွဲ့က ၀င်ရောက်ဟန့်တားခဲ့ရတယ်လို့ သိရပါတယ်။
    အဲဒီချီတက်မှုဆန္ဒပြမှုကို ပြောင်းရွှေ့အခြေချသူ ဆန့်ကျင်တဲ့ Thügida အဖွဲ့က စီစဉ်တာဖြစ်ပြီး လူ ၃၀၀ လောက်ပါဝင်ခဲ့ကာ မြို့တော်ဘာလင်တစ်ဝှမ်း လှည့်လည် ချီတက်ခဲ့ကြတာဖြစ်ပါတယ်။ Thügida အဖွဲ့ဟာ အစ္စလာမ်ဆန့်ကျင်ရေး PEGIDA အဖွဲ့ရဲ့ မဟာမိတ်အဖွဲ့လည်းဖြစ်ပါတယ်။
    လူမျိုးရေးခွဲခြားမှုကိုဆန့်ကျင်သူ ၃ ထောင်လောက်က Thügida အဖွဲ့ကို ရင်ဆိုင်တွေ့ခဲ့ကာ ကျောက်တုံးတွေ၊ ပုလင်းတွေ၊ မီးရှုးမီးပန်းတွေနဲ့ပစ်ပေါက်ရာကစပြီး နှစ်ဖက် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအဖြစ်အပျက်အတွင်းမှာ ရဲကားသုံးစီးအပါအ၀င် မော်တော်ကား အမြောက်အများလည်း ပျက်စီးထိခိုက်သွားခဲ့ပါတယ်။
    ရဲတွေဘက်က ငရုပ်ကောင်းစပရေးတွေ မီးသတ်ပိုက်တွေ ဖြန့်ချထားပြီး နောက်ပိုင်းမှာ အသုံးပြုကာ ဆန္ဒပြမှုကို ခွဲပစ်ခဲ့ရပါတယ်။ အဲဒီအဖြစ်အပျက်အတွင်းမှာ ရဲငါးယောက် ဒဏ်ရာရရှိပြီး အနည်းဆုံး လက်ယာစွန်းရောက် ၂၅ ဦးခန့်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။
    Ref: RT
  • အိန္ဒိယတွင် အပူလှိုင်းဖြတ်၍ လူ ၁၀၀ ကျော် သေဆုံး
    အိန္ဒိယတွင် အပူလှိုင်းဖြတ်၍ လူ ၁၀၀ ကျော် သေဆုံး
    ဧပြီ ၂၂၊ ၂၀၁၆
    M-Media
    ငညိငေ ့နေအ
    – အိန္ဒိယနိုင်ငံမှာ အပူချိန် အလွန်အမင်းမြင့်မားမှုကြောင့် လူ ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ကျောင်းတွေကိုလည်း ပိတ်ထားလိုက်ရကာ အမိုးအကာအပြင်ဘက်ထွက်ပြီး လုပ်ရတဲ့ အလုပ်တွေကိုလည်း ရပ်ဆိုင်းလိုက်တယ်လို့ အိန္ဒိယ အစိုးရတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
    နိုင်ငံတောင်ပိုင်း တီလန်ဂါနာပြည်နယ်မှာ အပူရှပ်ပြီး လူ ၄၅ ယောက် သေဆုံးခဲ့တဲ့အပြင် အန်ဒရာ ပရာဒက်ရှ်ပြည်နယ်မှာလည်း လူ ၁၇ ယောက် အသက်ဆုံးရှုံး ခဲ့ပါသေးတယ်။ နိုင်ငံအရှေ့ပိုင်း ဘင်္ဂလားပင်လယ်အော်ကမ်းနဖူးမှာရှိနေတဲ့ အိုဒစ်ရှားပြည်နယ်မှာလည် ၄၃ ယောက် သေဆုံးခဲ့ပါတယ်။
    အိန္ဒိယမိုးလေ၀သဌာနရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ ၀ိုင် ကေ ရက်ဒီက ကတော့ တီလန်နာဂါပြည်နယ်က ယခုလပူချိန်ဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး ပြည်နယ်အတွင်းမှာ နောက်ထပ် လူသေဆုံးမှုတွေ မြင့်မားလာနိုင်ဖွယ်ရှိတယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။ မိုးလေ၀သဌာ တာဝန်ရှိသူ
    တွေကတော့ ဒေသခံတွေအနေနဲ့ အိမ်ထဲမှာပဲနေဖို့ အကြံပေးထားပါတယ်။
    ပညာရေးဝန်ကြီးဌာနကလည်း အပူလွန်ကဲနေတဲ့ဒီကာလမှာ တီလန်ဂါနာပြည်နယ်က ကျောင်းတွေ ပိတ်ထားဖို့ ပြီးခဲ့တဲ့
    တစ်ပတ်မှာ ညွှန်ကြားခဲ့ပါတယ်။ အစိုးရတာဝန်ရှိသူတွေကလည်း ဧပြီလ ၂၆ ရက်အထိ ကျောင်းတွေပိတ်ဖို့နဲ့ ဆော
    က်လုပ်ရေးလုပ်ငန်းတွေ ရပ်ထားဖို့ အမိန့်ထုတ်ထားပါတယ်။
    “နှစ် ၁၀၀ ကျော်အတွင်း ဒီလတွေထဲမှာလိုမျိုး အပူချိန်မြင့်မားတာမျိုး မကြုံခဲ့ဖူးသေးပါဘူး” လို့ ပြည်နယ်ရဲ့ သဘာ
    အိန္ဒိယရဲ့ အပူဆုံးလတွေဟာ မေလနဲ့ ဇွန်လဖြစ်ပြီး အပူချိန်ဟာ ၄၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိတတ်ပါတယ်။ အခုလိုပြ
    င်းထန်တဲ့ရာသီဥတုဟာ ဇွန်လအစောပိုင်း အာဆီယံမုတ်သုန်ဝင်တဲ့အထိ ရှိနေဦးမှာဖြစ်ပါတယ်။
    Ref: Presstv
  • ကျွန်စနစ်ဖျက်သိမ်းရေး ကြိုးပမ်းခဲ့သူ လူမည်းအမျိုးသမီး၏ပုံကို အမေရိကန်ဒေါ်လာ ငွေစက္ကူတွင်  ထည့်သွင်းမည်
    ကျွန်စနစ်ဖျက်သိမ်းရေး ကြိုးပမ်းခဲ့သူ လူမည်းအမျိုးသမီး၏ပုံကို အမေရိကန်ဒေါ်လာ ငွေစက္ကူတွင်  ထည့်သွင်းမည်
    ဧပြီ ၂၁၊ ၂၀၁၆
    M-Media
    dollar
    – အမေရိကန်တွင် ကျွန်စနစ်ဖျက်သိမ်းရေး ကြိုးပမ်းခဲ့သည့် တက်ကြွလှုပ်ရှားသူ လူမည်းအမျိုးသမီး ဟာရီယတ် တူဘ်မန်၏ ပုံကို အမေရိကန်ဒေါ်လာ ငွေစက္ကူတွင် ထည့်သွင်းသွားမည်ဟု အမေရိကန် ငွေတိုက်ဌာနက ယမန်နေ့တွင် ကြေငြာလိုက်ပြီး၊ အမေရိကန် ငွေစက္ကူများတွင် ပါဝင်ခွင့်ရသည့် ပထမဆုံး လူမည်းအမျိုးသမီးလည်း ဖြစ်လာမည်ဖြစ်သည်။
    တူဘ်မန်မှာ ၁၈၂၀ ပြည့်နှစ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး ကျွန်ရာပေါင်းများစွာကို လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သူလည်းဖြစ်သည်။ သူမ၏ ဓာတ်ပုံအား ဒေါ်လာ ၂၀ တန် ငွေစက္ကူ၏ အရှေ့ဖက်တွင် ထည့်သွင်းမည်ဖြစ်ပြီး လက်ရှိ ပါဝင်နေသော ကျွန်ပိုင်ရှင် သမ္မတဟောင်း အန်ဒရူး ဂျက်ဆန်၏ပုံကိုမူ ဖယ်ရှားကာ အနောက်ဖက်တွင် ပြန်လည် ထည့်သွင်းမည်ဖြစ်သည်။
    အမေရိကန်ငွေတိုက်ဌာန အတွင်းရေးမှူး ဂျာကော့ဘ် လျူကမူ တူဘ်မန်မှာ သမိုင်းတွင်သည့် ပုဂ္ဂိုလ်တစ်ဦးသာမကဘဲ မိမိတို့၏ ဒီမိုကရေစီစနစ်တွင် ခေါင်းဆောင်မှုနှင့် ပူးပေါင်းပါဝင်မှုတို့အတွက် စံနမူနာယူစရာ အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ဟာရီယတ် တူဘ်မန်မှာ လူမည်းကျွန်များကို မြေအောက်ရထားလမ်းမှတစ်ဆင့် ဘေးကင်းရာကို လျှို့ဝှက်ပို့ဆောင်ပေးခဲ့သည့်အတွက် ကျော်ကြားသော်လည်း အမေရိကန်ပြည်တွင်းစစ်တွင် သူလျှိုအဖြစ် ပါဝင်ခဲ့သည့် ၎င်း၏ အခန်းကဏ္ဍမှာ ပို၍ ထင်ရှားသည်။
    Ref: BBC
  • နာရီဝက်အတွင်း အမေရိကန်သို့ ရောက်ရှိနိုင်သည့် ဒုံးကျည်ကို တရုတ်က အောင်မြင်စွာ စမ်းသပ်နိုင်
    နာရီဝက်အတွင်း အမေရိကန်သို့ ရောက်ရှိနိုင်သည့် ဒုံးကျည်ကို တရုတ်က အောင်မြင်စွာ စမ်းသပ်နိုင်
    ဧပြီ ၂၁၊ ၂၀၁၆
    M-Media
    china missile
    – တစ်ကမ္ဘာလုံးက မည်သည့်ပစ်မှတ်ကိုမဆို ထိမှန်အောင်ပစ်လွှတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်သစ်တစ်မျိုးကို တရုတ်နိုင်ငံက အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
    Dongfeng-41 (DF-41) လို့အမည်ရတဲ့ အဲဒီဒုံးကျည်ဟာ သူ့ရဲ့ အဝေးဆုံးရောက်ရှိနိုင်တဲ့ အကွာအဝေးဖြစ်တဲ့ ကီလိုမီတာ ၁၂၀၀၀ ကို ရောက်ရှိဖို့ မိနစ် ၃၀ သာ ကြာမြင့်ပြီး ကမ္ဘာပေါ်က နျူပိုင်ဆိုင်တဲ့ မည်သည့်နိုင်ငံကိုမဆို အကြိမ်ပေါင်းများစွာ ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။
    အဲဒီ ဒုံးကျည်ပစ်လွှတ်မှုကို အမေရိကန်ဂြိုဟ်တုခြေရာခံစနစ်ကနေ ဖမ်းယူနိုင်ခဲ့တယ်လို့ Washington Free Beacon သတင်းဌာနက ဖော်ပြခဲ့ပေမယ့် စမ်းသပ်ပစ်လွှတ်တဲ့ နေရာကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။
    အမေရိကန်က ကျွမ်းကျင်ပညာရှင်တွေကတော့ အဆိုပါ DF-41 ဒုံးကျည်ဟာ တန် ၈၀ လေးတဲ့အပြင် အဆင့်သုံးဆင့်ပါတဲ့ အခဲလောင်စာသုံးထားပြီး နျူထိပ်ဖူး ၆ ခုကနေ ၁၀ ခုအထိ သယ်ဆောင်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
    အဲဒီဖျက်အားပြင်းဒုံးကျည်ကို ဧပြီ ၁၃ ရက်နေ့က စမ်းသပ်ခဲ့တာဖြစ်ပြီး တရုတ်ကလည်း ဒီဒုံးကျည်စမ်းသပ်တာဟုတ်မှန်ကြောင်း ယမန်နေ့မှာ ပြောကြားခဲ့ပါတယ်။
    Ref: RT
  • ခရစ်ယာန်တို့၏ တနင်္ဂနွေဝတ်ပြုဆုတောင်းမှုအတွက် အမေရိကန်ရှိ ဗလီတစ်လုံး နေရာထိုင်ခင်းပေး
    ခရစ်ယာန်တို့၏ တနင်္ဂနွေဝတ်ပြုဆုတောင်းမှုအတွက် အမေရိကန်ရှိ ဗလီတစ်လုံး နေရာထိုင်ခင်းပေး
    ဧပြီ ၂၁၊ ၂၀၁၆
    M-Media
    michigan mosque
    – အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ် လန်ဆင်းမြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ အနီးရှိ ခရစ်ယာန်ဘုရားကျောင်းမှ တနင်္ဂနွေ ၀တ်ပြုဆုတောင်းမှုအတွက် နေရာထိုင်ခင်းပေးထားသည်ဟု သိရသည်။
    Unitarian Universalist Congregation ဟု အမည်ရသည့် ခရစ်ယာန်ဘုရားကျောင်းဖြစ်ပြီး နေရာသစ်သို့ ရွှေ့ပြောင်းရန် ပြုလုပ်နေသောကြောင့် ဒေသတွင်းရှိ ခရစ်ယာန်များမှာ Islamic Society of Greater Lansing ဗလီဝတ်ကျောင်းတော်တွင် ဧပြီ ၃ ရက်နေ့မှစ၍ တနင်္ဂနွေ ၀တ်ပြုဆုတောင်းမှုကို ပြုလုပ်နေကြခြင်း ဖြစ်သည်။
    ဗလီဝတ်ကျောင်းတော်၏ ရှေ့ဆောင်အီမာမ်ဖြစ်သူ ဆိုဟေးလ် ချောင်ဒရီကမူ ခရစ်ယာန်ဝတ်ပြုသူများအတွက် ထိုကဲ့သို့ နေရာထိုင်ခင်းပေးခြင်းမှာ နိုင်ငံအတွင်းရှိ မတူညီသော လူ့အဖွဲ့အစည်းများအတွက် ဥပမာတစ်ခုအနေဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    “အင်မတန်နှစ်လိုဖွယ်ရာကောင်းတဲ့ အသက်ရှင်နေထိုင်မှုဖြစ်ပြီး၊ လှပတဲ့ ဆက်ဆံရေးလည်းဖြစ်ပါတယ်”
    ရွှေ့ပြောင်းမည့် ဘုရားကျောင်းသစ်မှာ လက်ရှိတွင် ဆောက်လုပ်ဆဲဖြစ်ပြီး ထိုအတွက် ရန်ပုံငွေရရှိရန် Islamic Society of Greater Lansing ဗလီဝတ်ကျောင်းတော်က ၎င်းတို့၏ ၀ဘ်စာမျက်နှာတွင် နှိုးဆော်ပေးခဲ့သည်။ ထို့ပြင် ဘုရားကျောင်းဆောက်လုပ်မှုတွင် လုပ်အားကုသိုလ် ပြုနိုင်ရန်အတွက်လည်း လူငယ်များအား ဗလီဝတ်ကျောင်းတော်က တိုက်တွန်းထားသည်။
    ထိုဗလီဝတ်ကျောင်းတော်မှာ မီချီဂန်ပြည်နယ်တွင် ဖလင့်မြို့ရှိ ရေအဆိပ်သင့်ပြည်သူများအား ကူညီရန်အတွက် အမေရိကန် အစ္စလာမ့်ကူညီကယ်ဆယ်ရေးအဖွဲ့ Islamic Relief USA သို့ ငွေကြေးများ လှူဒါန်းရန်လည်း အစီအစဉ်ရှိနေသည်။
    ၂၀၁၂ ခုနှစ်ကလည်း ကယ်လီဖိုးနီးယားပြည်နယ် ဆာခရာမန်တိုမြို့ရှိ Salam Community Center ဗလီဝတ်ကျောင်းတော်မှာ အနီးရှိ Spiritual Life Center ခရစ်ယာန်ဘုရားကျောင်း၏ နေရာအခက်အခဲကြောင့် အီစတာ ၀တ်ပြုဆုတောင်းမှုကို လက်ခံကျင်းပပေးခဲ့သည်။
    Ref: IINA