News @ M-Media
Author: Ko Lay
  • ဒုက္ခသည်များအတွက် စခန်း ၃ ခုကို တူရကီက ထပ်မံ ဖန်တီးပေးမည်
    ဒုက္ခသည်များအတွက် စခန်း ၃ ခုကို တူရကီက ထပ်မံ ဖန်တီးပေးမည်
    ဧပြီ ၂၁၊ ၂၀၁၆
    M-Media
    – ဆီးရီးယားဒုက္ခသည်တွေအတွက် နိုင်ငံတောင်ပိုင်း ဟာတေးနဲ့ ခရာမန်မာရက်စ်ပြည်နယ်တွေမှာ ဒုက္ခသည်စခန်း ၃ ခု တည်ဆောက်နေတယ်လို့ တူရကီ အိမ်ယာ ဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှုအဖွဲ့ TOKI က ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။
    “ကမ္ဘာ့အကြီးစား ယာယီစခန်းတွေကို ကျွန်တော်တို့ တည်ဆောက်နေပြီး ဒါဟာ ရက်စက်ကြမ်းကြုတ်မှုတွေကနေ လွတ်မြောက်ရာလွတ်မြောက်ကြောင်း ထွက်ပြေးလာကြသူတွေအတွက် ကျွန်တော်တို့ရဲ့ ဖြူတဲ့ အားထုတ်ကြိုးပမ်းမှုပါပဲ” လို့ TOKI အကြီးအကဲ အာဂွန် တူရန်က အဖွဲ့ရဲ့ ကြေငြာချက်မှာ ပြောဆိုခဲ့ကာ အဲဒီစခန်းတွေဟာ ဆီးရီးယားဒုက္ခသည် ၄ သောင်းလောက်ကို နေရာထိုင်ခင်း ပေးနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
    စခန်းတွေမှာ ကျန်းမာရေးဌာနတွေ၊ အားကစားကွင်းတွေ၊ ကျောင်းတွေ၊ ပြန်လည်ထူဌာနတွေနဲ့ ဗလီဝတ်ကျောင်းတော်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။
    တူရကီနိုင်ငံဟာ နိုင်ငံတွင်းမှာ ဆီးရီးယားဒုက္ခသည် ၂.၇၄ သန်းကျော်ကို လက်ခံထားပြီး ဆီးရီးယားဒုက္ခသည် အရေအတွက်အများဆုံး လက်ခံထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဆီးရီးယားဒုက္ခသည်တွေအတွက် တူရကီရဲ့ ကူညီထောက်ပံ့မှုဟာ ဒေါ်လာ ၉ ဘီလီယံနီးပါးလောက်ရှိနေပြီး အဲ့ဒီပမာဏဟာ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ လက်ခံရရှိတဲ့ ငွေကြေးထက် အဆ ၂၀ များတယ်လို့ အစိုးရက ထုတ်ပြန်တဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
    Ref: IINA
  • ပရိတ်သတ်ထောက်ခံမှုမရှိပါက အာဆင်ဝင်းဂါး ထွက်ရမည်ဟု ရက်နပ်ပြော
    ပရိတ်သတ်ထောက်ခံမှုမရှိပါက အာဆင်ဝင်းဂါး ထွက်ရမည်ဟု ရက်နပ်ပြော
    ဧပြီ ၂၁၊ ၂၀၁၆
    M-Media
    winger 7
    – အာဆင်နယ်နည်းပြ အာဆင်းဝင်းဂါး အသင်းမှ ထွက်ရမည့် တစ်ခုတည်းသောနည်းလမ်းမှာ ပရိတ်သတ်များ၏ ကျောခိုင်းမှုပင် ဖြစ်သည်ဟု စပါးနည်းပြဟောင်း ဟယ်ရီ ရက်နပ်က ပြောကြားလိုက်သည်။
    ယခုနှစ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခွင့် ဆုံးရှုံးခဲ့ပြီးနောက် ပရိတ်သတ်များမှာ ၀င်းဂါးအပေါ် စိတ်ပျက်မှုများ ဖြစ်ပေါ်လာခဲ့ပြီး ယနေ့ညတွင် ကစားမည့် ၀က်စက်ဘရွန်းနှင့်ပွဲတွင်လည်း အီမရိတ်ကွင်းသို့ ပြောင်းရွှေ့ပြီးနောက် အနိမ့်ဆုံး အရေအတွက်ဖြစ်သည့် ပရိတ်သတ် ၂၀၀၀၀ အထိသာ လာရောက်မည်ဟု လက်မှတ်ရောင်းချမှုများအရ သိရသည်။
    Evening Standard သတင်းစာတွင်ရေးသားသည့် ရပ်နက်၏ ဆောင်းပါးတွင် ၀င်းဂါးအတွက် စာနာမိသော်လည်း ပရိတ်သတ်များ၏ သပိတ်မှောက်မှုကို လက်ခံသည်ဟု ဆိုသည်။
    “အာဆင်ဝင်ဂါးအတွက် အရေးအကြီးဆုံး ပြဿနာက ပရိတ်သတ်တွေ လျော့သွားတဲ့ အချိန်ပါပဲ။ အဲဒီအချိန်ကျရင် ပြန်လမ်းမရှိပါဘူး။ ဒီနေ့ ၀က်စ်ဘရွန်းနဲ့ပွဲကို သပိတ်မှောက်ဖို့ အာဆင်နယ်ပရိတ်သတ်တွေ စီစဉ်ထားတယ်ဆိုတာကို ကျွန်တော် တွေ့ရပါတယ်။ ဒီလိုမျိုး ရှေ့ဆက်သွားမယ်ဆိုရင်တော့ ပရိတ်သတ်တွေဆီက အသံတွေကို အာဆင်နယ်က ကျယ်ကျယ်လောင်လောင် ကြားရမှာပါ။ အသင်းအတွက် အားလုံးပေးဆပ်ပြီးတဲ့နောက်ပိုင်းမှာ ပရိတ်သတ်တွေက သူ့ကို ကျောခိုင်းလာပြီဆိုရင်တော့ ဒီလောက်ဆို လုံလောက်ပြီဆိုတာ သူလည်း သိလာမှပါ” ဟု ရက်နပ်က ပြောကြားခဲ့သည်။
    Ref: Goal
  • နှစ် ၁၀၀ သက်တမ်းရှိ ကုရ်အာန်မိတ္တူကို တူရကီတွင် ကန်ဒေါ်လာ ၈ သောင်းနီးပါးဖြင့် လေလံတင်နိုင်
    နှစ် ၁၀၀ သက်တမ်းရှိ ကုရ်အာန်မိတ္တူကို တူရကီတွင် ကန်ဒေါ်လာ ၈ သောင်းနီးပါးဖြင့် လေလံတင်နိုင်
    ဧပြီ ၂၁၊ ၂၀၁၆
    M-Media
    quran
    – အော်တိုမန်အင်ပါယာ သက်တမ်းကုန်ဆုံးချိန်ဖြစ်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ရေးသားခဲ့တဲ့ ကုရ်အာန်ကျမ်းတော်မြတ် မိတ္တူမှန်တစ်အုပ်ကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ လေလံတင်ရောင်းချခဲ့ရာ ဒေါ်လာ ၈၀၀၀၀ နီးပါးနဲ့ ရရှိခဲ့တယ်လို့ သိရပါတယ်။
    အဲဒီလေလံပွဲကို အစ္စတန်ဘူလ်မြို့တွင်းက ဟိုတယ်တစ်ခုမှာ ကျင်းပခဲ့တာဖြစ်ပြီး အော်တိုမန်အင်ပါယာခေတ်က သရုပ်ဖော်ပုံများ၊ ပန်းချီကားတွေနဲ့ လက်ရေးမူပေါင်းများစွာကို လေလံတင်ခဲ့တာ ဖြစ်ပါတယ်။
    ဒေါ်လာ ၈ သောင်းနီးပါးရခဲ့တဲ့ အဲဒီ ကုရ်အာန်ကျမ်းတော်မြတ်ကို အဲ့ဒီခေတ်မှာ အထင်ရှားဆုံး လက်ရေးလက်သားအလှ ပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ ဟာစန် ဆဘ်ရီက ရေးသားခဲ့တာ ဖြစ်ပါတယ်။ အာရဗီလက်ရေးလှ အမျိုးအစားတစ်မျိုးဖြစ်တဲ့ ‘ဇူလူသ်’စာလုံးနဲ့ ရေးသားခဲ့တာဖြစ်ပြီး ၂၄ ကာရက်ရှိတဲ့ ရွှေနဲ့ အုပ်ထားတာ ဖြစ်ပါတယ်။
    တူရကီနိုင်ငံ တည်ထောင်စဉ်အတွင်းက နာမည်ကြီးလက်ရေးလှပညာရှင်တစ်ဦးဖြစ်တဲ့ အဟ်မဒ် ကာမီလ် အက်ဒစ်က ‘ဇူလူသ်’စာလုံးအမျိုးအစားနဲ့ ရေးသားခဲ့တဲ့ ဆုတောင်းစာကားချပ်တစ်ခုကို ကန်ဒေါ်လာ ၁၄၀၀၀ နီးပါးနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။
    ဆူလ်တန် အဘ်ဒူလ် ဟာမစ် ၂ လက်ထက်က ရွှေရည်သားအုပ်ထားတဲ့ ကြွေခွက်တစ်စုံလည်း လေလံတင်တဲ့အထဲမှာ ပါဝင်ခဲ့ပါတယ်။
    Ref: IINA
  • ကမ္ဘာ့ထိပ်တန်း ၁၀ မြို့တွင် ပါဝင်ရန် မက္ကာ ပစ်မှတ်ထားနေ
    ကမ္ဘာ့ထိပ်တန်း ၁၀ မြို့တွင် ပါဝင်ရန် မက္ကာ ပစ်မှတ်ထားနေ
    ဧပြီ ၂၀၊ ၂၀၁၆
    M-Media
    makkah
    – လူနေမှုအဆင့်အတန်းမြင့်မားရေးမှာ အထောက်အကူဖြစ်စေမယ့် စည်ပင်သာယာရေးဝန်ဆောင်မှုတွေ အကောင်းမွန်ဆုံး ကမ္ဘာ့ထိပ်တန်းမြို့ ၁၀ မြို့မှာ မိမိတို့မြို့ ပါဝင်နိုင်အောင်လို့ ရည်မှန်းချက် ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ရဲ့ အမျိုးသားစီမံကိန်းနဲ့ လေ့လာစောင့်ကြည့်ရေးဝန်ကြီး အဒဲလ် ဆာလေ ဖီဒါက ပြောကြားလိုက်ပါတယ်။
    အဲဒီလို ထိပ်တန်းမြို့တွေမှာ ပါဝင်ဖို့အတွက် မိမိတို့အစိုးရအဖွဲ့မှာ စနစ်တကျရေးဆွဲထားတဲ့ စီမံကိန်း၊ လုပ်ငန်းတာဝန်၊ တန်ဖိုးတွေနဲ့ ရည်မှန်းချက်တွေကနေတစ်ဆင့် စီမံကိန်း ၃၇ ခုကို ဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ဒေသတွင်းမီဒီယာနဲ့ အင်တာဗျူးတစ်ခုမှာတော့ ၀န်ကြီးက အရာရှိနဲ့ လုပ်သားအားလုံးအတွက် လုပ်ငန်းစွမ်းဆောင်ရည် သုံးသပ်လွှာတွေကနေတစ်ဆင့် ၎င်းတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို စောင့်ကြည့်သွားမှာဖြစ်ပြီး၊ သူတို့ရဲ့ တာဝန်တွေကို ဆောင်ရွက်ရာမှာ ကျွမ်းကျင်းမှုရှိမရှိကို စစ်ဆေးနိုင်တဲ့ လက်ဗွေရာ စနစ်တစ်ခုနဲ့လည်း စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
    Ref: Arab News
  • ပုံမှန်နေရာအတွက် ထိုက်တန်သည့်ခြေစွမ်း ပြရမည်ဟု ရူနီကို ဗန်ဂါးလ် သတိပေး
    ပုံမှန်နေရာအတွက် ထိုက်တန်သည့်ခြေစွမ်း ပြရမည်ဟု ရူနီကို ဗန်ဂါးလ် သတိပေး
    ဧပြီ ၂၀၊ ၂၀၁၆
    M-Media
    roney
    – တနင်္ဂနွေနေ့ အဲဗာတန်အသင်းနှင့် FA ဖလား ဆီမီးဖိုင်နယ်ပွဲတွင် ပါဝင်ခွင့်ရရှိရန်အတွက် ကြားရက်တွင်ကစားမည့် ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် ခြေစွမ်းတိုးတက်အောင် ဆောင်ရွက်ရမည်ဟု မန်ယူနည်းပြဗန်ဂါးလ်က တိုက်စစ်မှူး ၀ိန်း ရူနီအား ပြောကြားလိုက်သည်။
    အသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် ရူနီမှာ ဒူးဒဏ်ရာကြောင့် ၂ လတာ အနားယူခဲ့ရပြီး ယခုတွင် ပြန်လည်ကစားရန် တာဆူနေသည်။ ထိုသို့အနားယူရခြင်းမှာ ယခုနှစ်အတွင်း ဒဏ်ရာကြောင့် ဒုတိယအကြိမ်မြောက် အနားယူရခြင်းလည်း ဖြစ်သည်။
    ဗန်ဂါးလ်ကမူ ရူနီမှာ ပုံမှန်နေရာရရှိရန်အတွက် ထိုက်တန်သော ခြေစွမ်းကို ပြသရန် လိုအပ်သည်ဟု ဆိုသည်။
    “အခြားကစားသမားတွေလို သူလည်းပဲ နေရာရဖို့အတွက် ခြေစွမ်းဘယ်လောက်ပြနိုင်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ စနေနေ့ပွဲမှာ သူကစားမလားဆိုပြီး ခင်ဗျားတို့က ယူဆနေကြမှာပါ။ အက်စတွန်ဗီလာနဲ့ပွဲ ပထမပိုင်းမှာ သူ တော်တော်လေး ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သူ ဟိုက်လာပြီး မိနစ် ၆၀ လောက်အထိတော့ ခြေစွမ်းကို သူ ထိန်းထားနိုင်ခဲ့ပါတယ်။ အင်္ဂါနေ့မှာ သူ လေ့ကျင့်ခန်းပြန်ဆင်းတယ်။ သူ နာလန်ပြန်ထလာပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲ ဒုတိယပိုင်းမှာ သူဘယ်လို ကစားလဲဆိုတာ ကြည့်ရပါမယ်။ ကစားပုံကောင်းဖို့တော့ လိုပါတယ်” ဟု ဗန်ဂါးလ်ကပြောကြားခဲ့ပါတယ်။
    Ref : Goal