အောက်တိုဘာ ၃၁၊ ၂၀၁၅
M-Media
– အလွယ်တကူ တပ်ဆင်၍ အသုံးပြုနိုင်သည့် ပရိဘောဂများကို ထုတ်လုပ်ရောင်းချသော နာမည်ကျော် ဆွီဒင် ကုမ္ပဏီ Ikea ကို တည်ထောင်သူ ဘီလီယံနာ အင်ဂ်ဗာရ် ကမ်ပရက်မှာ ၁၉၇၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၀င်ငွေခွန်ကို ပေးဆောင်ခဲ့သည်ဟု သိရသည်။
အသက် ၈၉ နှစ်အရွယ်ရှိ ကမ်ပရဒ်မှာ လုပ်ငန်းမှ ရရှိသည့် ၀င်ငွေ ဆွီဒင် ကရိုနာ ၁.၂ သန်းအပါအ၀င် စုစုပေါင်း ကရိုနာ ၁၇.၇ သန်း (ကန်ဒေါ်လာ ၂ သန်း) ၀င်ငွေရှိသည်ဟု ကြေငြာခဲ့ပြီး ၀င်ငွေခွန် ကရိုနာ ၆ သန်းကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ၁၉၇၃ ခုနှစ်ကတည်းက တိုင်းပြည်မှ ထွက်ခွာကာ ဆွစ်ဇာလန်နိုင်ငံတွင် နေထိုင်နေသူဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇနီးသေဆုံးပြီးနောက်ပိုင်း ဆွီဒင်သို့ ပြန်ရောက်လာခဲ့သည်။
ကမ်ပရဒ်၏ မိသားစုမှာ ယူရို ဘီလီယံ ၄၀ ရှိသည့် ပိုင်ဆိုင်မှုများ ရှိနေပြီး ထိုပိုင်ဆိုင်မှုများထဲမှ ကမ်ပရဒ်မှာ ယူရို ၄ ဘီလီယံခန့် ရရှိမည်ဖြစ်သည်။ Ikea ကို ၁၉၄၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ကမ္ဘာပေါ်တွင် နံပါတ် ၁ နေရာရထားသော ပရိဘောဂ ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်ကာ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ၀င်ငွေ ယူရို ၃၁.၉ ဘီလီယံ ရှိခဲ့သည်။
Ref: Alarabiya









