News @ M-Media
Author: Ko Lay
  • ပါလက်စတိုင်းလူငယ်တစ်ဦးကို အစ္စရေးပစ်သတ်၊ ရာနှင့်ချီ၍ ဒဏ်ရာရ
    ပါလက်စတိုင်းလူငယ်တစ်ဦးကို အစ္စရေးပစ်သတ်၊ ရာနှင့်ချီ၍ ဒဏ်ရာရ
    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media
    pla
    – ဂျူများ အသတ်ခံရပြီးနောက် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ဂျေရုစလင်မြို့ဟောင်းအတွင်းသို့ ပါလက်စတိုင်းများ ၀င်ရောက်ခွင့်ကို အစ္စရေးက ပိတ်ပင်ခဲ့သောကြောင့် ဒေသခံများနှင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကာ ဆယ်ကျော်သက် ပါလက်စတိုင်းလူငယ်တစ်ဦး သေဆုံးခဲ့ကာ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြသည်။
    ယမန်နေ့က ဖြစ်ပွားခဲ့သည့် ပါလက်စတိုင်းများ၏ ဆန္ဒပြမှုအတွင်း အစ္စရေးမှာ ကျည်ဆံအစစ်များ၊ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ခဲ့ပြီး တူလ်ကာမ် စစ်ဆေးရေးဂိတ်တွင် ရေနံဆီဗုံး ပစ်သည်ဟုဆိုကာ အသက် ၁၈ နှစ်အရွယ် ပါလက်စတိုင်းလူငယ် ဟူသိုင်ဖာ ဆူလေမန်ကို အစ္စရေးစစ်တပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။
    ဆန္ဒပြမှုအတွင်း ပါလက်စတိုင်းပြည်သူ ၄၀၀ နီးပါးခန့် ဒဏ်ရာရခဲ့ပြီး ထိုအထဲမှ ၁၅၀ ခန့်မှာ သေနတ်ဒဏ်ရာများ ဖြစ်သည်။ ၂၀၀ ကျော်မှာလည်း မျက်ရည်ယိုဗုံးဒဏ်ကြောင့် ဆေးကုသမှု ခံခဲ့ရသည်။
    Ref: Aljazeera
  • မယုံနိုင်စရာခြေစွမ်းနဲ့မန်ယူ၊ အဂူရိုဂိုးမြူးခဲ့ပြီး၊ ကံကြမ္မာဆိုးကို မကျော်လွှားနိုင်သေးတဲ့ ချယ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၈
    မယုံနိုင်စရာခြေစွမ်းနဲ့မန်ယူ၊ အဂူရိုဂိုးမြူးခဲ့ပြီး၊ ကံကြမ္မာဆိုးကို မကျော်လွှားနိုင်သေးတဲ့ ချယ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၈
    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media
    epl 1
    – ချယ်ဆီးရဲ့ ရှုံးပွဲစံချိန်သစ်၊ အာဆင်နယ်က ခါးသီးတဲ့ပြိုင်ဘက် မန်ယူကို ဂိုးပြတ်နှိပ်ကွပ်မှုတွေနဲ့အတူ ဒီတစ်ပတ်
    ပရီးမီးယားလိဂ်ကတော့ စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။
    မော်ရင်ဟိုရဲ့ ချယ်ဆီးက စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ နောက်တန်းဖရိုဖရဲဖြစ်မှုနဲ့အတူ ရာသီအစ ကျရှုံးမှုတွေကနေ ရုန်းမထွက်နိုင်သေးပါဘူး။ ပွဲအစ ၁၀ မိနစ်မှာပဲ ၀ီယီယံက ဖရီးကစ်ကနေ လှလှပပ ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ဆောက်သက်တမ်ရဲ့ ဂိုး ၃ ဂိုးကို လွယ်လွယ်ကူကူ ခွင့်ပြုခဲ့ရတာ ဆိုးရွားလွန်းလှပါတယ်။ ဒီအရှုံးဟာ မော်ရင်ဟိုလက်ထက်မှာ အိမ်ကွင်း အဆိုးဝါးဆုံး ရှုံးပွဲဖြစ်ခဲ့ပြီး သူကိုတိုင်ကလည်း အသင်းဟာ နိုးထဖို့လိုနေပြီး ချန်ပီယံဆုကို ကာကွယ်ဖို့က တော်တော်လေး ခက်ခဲသွားပြီလို့ ပွဲအပြီးမှာ
    epl 2
    ပြီးခဲ့တဲ့ လေးပွဲဆက်အနိုင်ရထားပြီး အကောင်းဆုံးပုံစံရှိနေတဲ့ မန်ယူ မနေ့က အီမရိတ်မှာ မယုံနိုင်လောက်အောက် ညံ့ဖျင်းခဲ့ပါတယ်။ ပွဲစပြီး မိနစ် ၂၀ အတွင်းမှာပဲ ဂိုး ၃ ဂိုး ပေးလိုက်ရပြီး တစ်ပွဲလုံးမှာ အပိုင်ကန်သွင်းခွင့် တစ်ကြိမ်တောင် မရခဲ့ပါဘူး။ ဂိုးသွင်းစက် ဆန်းချက်ဇ်ရဲ့ ဂိုး ၂ ဂိုးက အဆင့်မြင့်သလို၊ အိုဇေးလ်ရဲ့ အဆုံးသတ်မှုကလည်း တည်ငြိမ်လွန်းလှပါတယ်။ ဗန်ဂါးလ်ကတော့ ဒီပွဲအတွက် အသင်းကို သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးခဲ့ပေမယ့် ဒီလောက်ကစားပုံဆိုးရွားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘဲ ဒီလိုပုံစံမျိုးကို ပထမဆုံးအကြိမ် မြင်ရတာပဲလို့ ပြောကြားခဲ့ပါတယ်။
    epl 3
    ပြီးခဲ့တဲ့ ၂ ပွဲမှာ ၀က်စ်ဟမ်းနဲ့ စပါးတို့ကိုရှုံးခဲ့တဲ့ မန်စီးတီး ဒီတစ်ပတ် အိမ်ကွင်းမှာတော့ ပေါက်ကွဲပြခဲ့ပါတယ်။ ဒါပေမယ့် ၁၈ မိနစ်မှာ နယူးကာဆယ်က မီထရိုဗစ်ရဲ့ ဦးဆောင်ဂိုးကိုတော့ ခွင့်ပြုလိုက်ရပြီး ဖိအားဝင်ခဲ့ပါသေးတယ်။ အနိုင်ရဖို့ မဖြစ်မနေ တင်ကစားလာတဲ့အတွက် နောက်ပိုင်းမှာတော့ မန်စီးတီးတို့ပွဲ ဖြစ်ခဲ့ပါတယ်။ အဂူရိုတစ်ယောက်တည်းကပဲ ၅ ဂိုးသွင်းပေးခဲ့ပြီး နောက်ပိုင်းပွဲတွေမှာ ဂိုးပေါက်တွေ့လာတဲ့ ဒီဘရူနီက တစ်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒီအနိုင်ကြောင့် တစ်ပတ်တာ လက်လွှတ်ခဲ့ရတဲ့ အဆင့် ၁ နေရာကို မန်စီးတီးတို့ ပြန်ယူနိုင်ခဲ့ပါတယ်။
    မားဆေးဆိုက်ဒါဘီမှာ လီဗာပူးလ်က ဒန်နီ အင့်ဂ်စ်ရဲ့ ၄၁ မိနစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် လေးမိနစ်အကြာမှာ ချေပဂိုး ပြန်ပေးခဲ့ရပါတယ်။ ပွဲအပြီးမှာ နှစ်သင်းစလုံးရဲ့ နည်းပြတွေက သူတို့ဟာ ဒီပွဲမှာ အနိုင်င် ၃ မှတ်နဲ့ ထိုက်တန်တယ်လို့ ပြောခဲ့ကြပါတယ်။
    ခရစ္စတepl 4ယ်ပဲလေ့စ်နဲ့ လက်စတာတို့ကလည်း ဒီတစ်ပတ်မှာ ပြိုင်ဘက်တွေကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့ပြီး သူတို့ရဲ့ ပုံစံကောင်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
    ပရီးမီးယားလိဂ်ပွဲစဉ် ၈ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ခရစ်တယ်ပဲလေ့စ် ၂-၀ ၀က်စ်ဘရွန်း
    အက်စတွန်ဗီလာ ၀-၁ စတုတ်
    ဘုန်းမောက် ၁-၁ ၀က်ဖို့ဒ်
    မန်စီးတီး ၆-၁ နယူးကာဆယ်
    နော်ဝစ်ခ်ျ ၁-၂ လက်စတာ
    ဆန်းဒါးလန်း ၂-၂ ၀က်စ်ဟမ်း
    ချယ်ဆီး ၁-၃ ဆောက်သက်တမ်
    အဲဗာတန် ၁-၁ လီဗာပူးလ်
    အာဆင်နယ် ၃-၀ မန်ယူ
    ဆွမ်ဆီး ၂-၂ စပါး
  • ဆီးရီးယားတွင် ရုရှား၏ကြားဝင်မှု ဒေသအတွက် အရေးပါဟု အာဆတ်ပြော
    ဆီးရီးယားတွင် ရုရှား၏ကြားဝင်မှု ဒေသအတွက် အရေးပါဟု အာဆတ်ပြော
    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media
    syria
    – ပြည်တွင်းစစ်ဖြစ်ပွားနေသော မိမိတို့နိုင်ငံအတွင်း ရုရှား၏ စစ်ရေးအရ ကြားဝင်ခြင်းမှာ အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးအတွက် အရေးပါသည်ဟု ဆီးရီးယားသမ္မတ ဘာရှာ အလ်-အာဆတ်က ယမန်နေ့ အီရန်နိုင်ငံပိုင်ရုပ်သံနှင့် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားလိုက်သည်။
    ရုရှားမှာ ပြီးခဲ့သည့်သီတင်းပတ်ကစ၍ အာဆတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ကရင်မလင်ကမူ မိမိတို့မှာ IS တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာတွင် ကူညီနေခြင်းဖြစ်သည်ဟု ဆိုသည်။
    အာဆတ်က ရုရှား၊ အီရတ်၊ အီရန်တို့နှင့် ဆီးရီးယား၏ မဟာမိတ်ဖွဲ့ခြင်းမှာ မဖြစ်မနေ အောင်မြင်ရမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံး ဖျက်ဆီးခံရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    “ဒီမဟာမိတ်အဖွဲ့ရဲ့ အောင်မြင်မှုအခွင့်အလမ်း ကြီးမားပြီး အဓိပ္ပါယ်မရှိတာမျိုး မဟုတ်ပါဘူး”
    Ref: Aljazeera
  • ဂျေရုစလင်သို့ ပါလက်စတိုင်းများဝင်ရောက်ခွင့် အစ္စရေးပိတ်ပင်
    ဂျေရုစလင်သို့ ပါလက်စတိုင်းများဝင်ရောက်ခွင့် အစ္စရေးပိတ်ပင်
    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media
    aa
    – ပါလက်စတိုင်းပိုင်နက်အတွင်း အစ္စရေးတို့က ကျူးကျော်ဆောက်လုပ်ထားသော တရားမ၀င်အိမ်ရာများ၌ နေထိုင်သည့် ဂျူးလူမျိုးများ ၁၂ နာရီအတွင်း ဂျေရုစလင်၌ ၂ ကြိမ်တိုင်တိုင် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ပါလက်စတိုင်းများ ဂျေရုစလင်မြို့ဟောင်းအတွင်းသို့ ၀င်ရောက်ခွင့်ကို အစ္စရေး ရဲတပ်ဖွဲ့က ပိတ်ပင်လိုက်သည်ဟု သိရသည်။
    စနေနေ့ညပိုင်းက ပါလက်စတိုင်းတစ်ဦး၏ ဓားဖြင့်တိုက်ခိုက်မှုကြောင့် ဂျူးနှစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် အစ္စရေးက ဂျေရုစလင်မြို့ဟောင်းအတွင်းသို့ အစ္စရေးဂျူးများ၊ မြို့ဟောင်းအတွင်း နေထိုင်သူများ၊ ကမ္ဘာလှည့်ခရီးသွားများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကျောင်းသားများမှလွဲ၍ အခြားလူများ မ၀င်ရန် ကန့်သတ်ခဲ့သည်။
    အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော်ကိုလည်း အသက် ၅၀ ကျော်ပါလက်စတိုင်းအမျိုးသားများနှင့် အမျိုးသမီးများသာ ၀င်ရောက်ရမည်ဟု ကန့်သတ်ထားသည်။ ဂျေရုစလင်မြို့ဟောင်းသို့ ၀င်ရောက်မှု ကန့်သတ်ခြင်းမှာ ၂ ရက်တာကြာမည်ဟု အစ္စရေး အာဏာပိုင်များက ပြောကြားခဲ့သည်။
    ပါလက်စတိုင်းပိုင်နက်အား ပိတ်ဆို့ခြင်း၊ သိမ်းပိုက်ခြင်း၊ ပါလက်စတိုင်းဒေသအတွင်း အစ္စရေးက တရားမ၀င်အိမ်ရာများ တည်ဆောက်ခြင်း၊ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို ၀င်ရောက်စီးနင်းခြင်းတို့ကြောင့် ပါလက်စတိုင်းများအကြားတွင် တင်းမာမှုများ မြင့်တက်လျက်ရှိပြီး အစ္စရေး၏ ကျူးကျော်အိမ်ယာများတွင် နေထိုင်သော ဂျူးများနှင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့များအား ပစ်မှတ်ထားသော တိုက်ခိုက်မှုများကို မကြာခဏ ပြုလုပ်လျက် ရှိသည်။
    Ref: Aljazeera
  • မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အချို့ အောက်တိုဘာ ၁၅ ရက်နေ့တွင် အပစ်ရပ်ရေး လက်မှတ်ထိုးမည်
    မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အချို့ အောက်တိုဘာ ၁၅ ရက်နေ့တွင် အပစ်ရပ်ရေး လက်မှတ်ထိုးမည်
    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media
    myan
    – မြန်မာအစိုးရမှာ အောက်တိုဘာ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် အပစ်ရပ်ရေး လက်မှတ်ရေးထိုးသွားမည်ဟု အာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။
    ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကို အဆုံးသတ်ရေးအတွက် ၂ နှစ်ကျော်ကြာ ပြုလုပ်ခဲ့သည့် အပစ်ရပ်ရေး ဆွေးနွေးပွဲမှာ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အရှိန်မြင့်လာခဲ့ပြီး မြန်မာအစိုးရကမူ နိုဝင်ဘာ ရွေးကောက်ပွဲမပြုလုပ်ခင် လက်မှတ်ရေးထိုးနိုင်ရန် စိတ်အားထက်သန်ခဲ့သည်။
    သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြားက လက်မှတ်ထိုးရန် ငြင်းဆိုခဲ့ပြီးနောက် တစ်နိုင်ငံလုံး အပစ်ရပ်ရေးမျှော်လင့်ချက်မှာ ပျက်ဆီးခဲ့ရသည်။
    “တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီချက် NCA ကို အောက်တိုဘာ ၁၅ ရက်နေ့ နေပြည်တော်မှာ လက်မှတ်ရေးထိုးပါမယ်။ လက်မှတ်ရေးထိုးဖို့ တိုင်းရင်းသားအဖွဲ့တွေကို ကျွန်တော်တို့ ဆက်ပြီး ဖိတ်ခေါ်သွားမှာပါ” ဟု ဆွေးနွေးမှုများပြုလုပ်ခဲ့သည့် အစိုးရကိုယ်စားလှယ်အဖွဲ့မှ အကြီးတန်းအဖွဲ့ဝင်ဖြစ်သူ ဦးလှမောင်ရွှေက AFP သတင်းဌာသို့ ပြောကြားခဲ့သည်။
    ကချင်လွတ်မြောက်ရေးတပ်မတော် KIA အပါအ၀င် အဓိက တိုင်းရင်းသားလက်နက်ကိုင်များမှာ အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့ပြီး၊ ဆွေးနွေးမှုမှာ အရေးပါသော အခြေအနေသို့ ရောက်ရှိနေချိန်တွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အစိုးရပ်တပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ခိုက်မှုများလည်း ဖြစ်ပွားခဲ့သေးသည်။
    ယမန်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့က မြန်မာနိုင်ငံ၌ စစ်မှန်သော နိုင်ငံရေးဆွေးနွေးမှုနှင့် ငြိမ်းချမ်းရေးအတွက် အားထုတ်မှုများကို ပံ့ပိုးပေးရန် နိုင်ငံတကာအသိုင်းအ၀ိုင်းအား တိုက်တွန်းခဲ့သည်။
    “NCA ကို အချို့သော အဖွဲ့တွေကသာ လက်မှတ်ရေးထိုးမှာဖြစ်တာကြောင့် ပြည့်စုံပြီးပြတ်တဲ့ သဘောတူညီချက်မျိုးတော့ မဟုတ်ပါဘူး” ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
    မြန်အစိုးရမှာ ထိုသဘောတူညီချက်အား လက်မှတ်ရေးထိုးရန် တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့နှင့် စောစောပိုင်းက သဘောတူထားခဲ့သော်လည်း နောက်ပိုင်းတွင် အချို့သောအဖွဲ့များက နှုတ်ထွက်ခဲ့ကြသည်။
    ယနေ့မနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ၌ ပြုလုပ်သော အစည်းအဝေးတွင် အစိုးရမှ ဆွေးနွေးညှိနှိုင်းရေးခေါင်းဆောင် ဦးအောင်မင်းက တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီချက်ကို လက်မှတ်မထိုးသည့်အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စစ်တပ်က ထိုးစစ်ဆင်ရန် ရည်ရွယ်ချက်မရှိဟု ပြောကြားခဲ့သည်။
    ထိုသဘောတူညီချက်ကို ဒေသတွင်းနှင့် နိုင်ငံတကာ သက်သေများရှေ့မှောက်၌ လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်ခေါ်ထားသည်ဟု ဦးလှမောင်ရွှေက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: hannelnewsasia