News @ M-Media

Month: January 2015

  • မဟာတမန်​​တော်​​နေ့ အခမ်းအနားအား ရန်ကုန်မြို့ မြေနီကုန်းမှာ ပြုလုပ်

    မဟာတမန်​​တော်​​နေ့ အခမ်းအနားအား ရန်ကုန်မြို့ မြေနီကုန်းမှာ ပြုလုပ်

    ဇန်​န၀ါရီ ၄၊ ၂၀၁၄
    M-Media
    သတင်း-ဓါတ်ပုံ- မိုးစက်
    10904249_621506184621412_878884566_n
    အစ္စလာမ်ဘာသာဝင်တို့ ၏ ဟစ်ဂျရီ ခုနှစ် ရဗီအွလ်​​အောင်​၀လ်​​လ ၁၂ ရက်​​နေ့ ဇန္နဝါရီ(၄) ရက်နေ့တွင်​  ကျ​ရောက်​​သော တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုအပေါင်း သက်ရောက်ပါစေ) ဖွားမြင်တော်မူခြင်း အထိမ်းအမှတ် ၁၄၈၉ ကြိမ်​​မြောက်​ မဟာတမန်​​တော်​​နေ့ အခမ်းအနားကို ရန်​ကုန်​မြို့ ​မြေနီကုန်း ရှန်းကုန်းလမ်းတွင်​ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

    10893648_621504757954888_816899025_n

    10921839_621504831288214_1590015617_n
    ၁၄၈၉ကြိမ်မြောက် မဟာတမန်တော်နေ့ အထိမ်းအမှတ်အဖြစ်  ဓမ္မနှင့် ငြိမ်းချမ်းရေး ခေါင်းစဉ်ဖြင့် ဘာသာပေါင်းစုံ ဆရာတော်များ ပါဝင်သော တရားပွဲ တစ်ရပ်ကိုလည်း ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၇ နာရီမှ ည ၁၀ နာရီ ကျော်အထိ  ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရှမ်းကုန်းလမ်း ရှိ ကူဝသုလ် အစ္စလာမ် ရာသစ်ဗ် အဖွဲ့ ရုံးခန်းရှေ့ပရဝုဏ် အတွင်း ကျင်းပမည်ကြောင်း သတင်းရရှိပါသည်။

  • Air Asia ၏ လိုင်စင်အား ရုပ်သိမ်းနိုင်သည်ဟု အင်ဒိုနီးရှားဆို

    Air Asia ၏ လိုင်စင်အား ရုပ်သိမ်းနိုင်သည်ဟု အင်ဒိုနီးရှားဆို

    ဇန်န၀ါရီ ၅၊ ၂၀၁၅
    M-Media
    611408-6a37d9d4-9219-11e4-a068-35e4e5c4fad4
    – တရားဝင်မဟုတ်သည့် အချိန်ဇယားဖြင့် ပျံသန်းခဲ့သည့် လေယာဉ်အမှတ် QZ 8501 ပျောက်ဆုံးခဲ့ပြီးနောက် Air Asia လေကြာင်းလိုင်း ၏ လိုင်စင်အား ရုပ်သိမ်းသွားနိုင်သည်ဟုအင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးက သတိပေး ပြောဆို လိုက်သည်။

    ယမန်နေ့က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ယခုလက်ရှိအချိန်တွင်လည်း ပျောက်ဆုံးသွားခဲ့သည့် အဆိုပါလေယာဉ် ပျံသန်းရာ လမ်းကြောင်းဖြစ်သော ဆူရာဘာယာမှ စင်ကာပူသို့ Air Asia ၏ ပျံသန်းမှုအားလုံးကို ရပ်ဆိုင်းထားသည်။

    `ချပေးထားတဲ့ ပျံသန်းပါမစ်၊ အချိန်ဇယားတွေကို သူတို့ ချိုးဖောက်ခဲ့ပါတယ်။ ဒါဟာ ပြဿနာပါပဲ´ ဟု လေကြောင်းပို့ဆောင်ရးဌာနမှ အထွေထွေဒါရိုက်တာဖြစ်သူ ဂျိုကို မာဂျက်မိုဂျိုက ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါလမ်းကြောင်းအတွက် ပျံသန်းခြင်းကို စုံစမ်းစစ်ဆေးမှု ပြီးဆုံးသည် အထိ ဆိုင်းငံ့ထားမည်ဖြစ်ပြီး အခြားလေကြောင်း လိုင်းများကိုလည်း စုံစမ်းစစ်ဆေး သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    ပျောက်ဆုံးသွားခဲ့သည့် Air Aisa မှ အဆိုပါလေယာဉ်မှာ ထိုနေ့တွင် ပျံသန်းရမည့် လေယာဉ်မဟုတ်ဘဲ၊ လိုအပ်သောခွင့်ပြုချက်မရှိဘဲ မည်ကဲ့သို့ ပျံသန်းခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

    ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၁၆၂ ဦးကို တင်ဆောင်သွားခဲ့သည့် အဆိုပါ လေယာဉ်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှ စင်ကာပူသို့အသွား ဂျာဗားပင်လယ်ထဲသို့ ပျက်ကျသွားခြင်းဖြစ်ပြီး ယခုအချိန်အထိ ရုပ်အလောင်း ၃၀ ကိုသာ ဆယ်ယူရရှိထားသည်။

    Ref : aljazeera

  • ပါလက်စတိုင်းဘက်မှ ရမည့် အခွန်များကို အစ္စရေးက အကြောင်းပြကာဆိုင်းငံ

    ပါလက်စတိုင်းဘက်မှ ရမည့် အခွန်များကို အစ္စရေးက အကြောင်းပြကာဆိုင်းငံ

    ဇန်န၀ါရီ ၄၊ ၂၀၁၅
    M-Media
    10920906_822298791145926_8715980966956426705_n
    – ပါလက်စတိုင်းအစိုးရ၏ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်း မှုကို မကျေပ်နပ်သည့်အတွက် ပါလက်စတိုင်းဘက်မှ ရရှိမည့် အခွန်များကို အစ္စရေးက ဆိုင်းငံ့ထားလိုက်သည်ဟု သိရသည်။

    အမည်မဖော်လိုသည့် အစ္စရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ အစ္စရေးနေ့စဉ် သတင်းစာ Haaretz ၏ အွန်လိုင်း စာမျက်နှာတွင် ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။ ပါလက်စတိုင်း ပိုက်နက်အတွင်း ၀င်ရောက်လာသည့် ကုန်ပစ္စည်းအခွန်များနှင့် အခြားသောအခွန်များအတွက် ပါလက်စတိုင်းအစိုးရမှ ရရှိမည့် စုစုပေါင်း အခွန်ပမာဏမှာ ကန်ဒေါ်လာ ၁၂၇ သန်း ခန့် ရှိသည်။

    `ဒီဇင်ဘာလအတွက် အခွန်ငွေတွေကို သောကြာနေ့က လွှဲအပ်ရမှာပါ။ ဒါပေမယ့် ပါလက်စတိုင်းရဲ့ ICC ကိုဝင်ရောက်ဖို့ ဆောင်ရွက်မှုကို တုံ့ပြန်တဲ့အနေနဲ့ လွှဲပြောင်းပေးအပ်မှုကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တာပါ´ ဟု အဆိုပါ အစ္စရေး တာဝန်ရှိသူက ပြောကြားခဲ့သည်။

    ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲ ပြီးဆုံးပြီးသည့်နောက် ကုလသမဂ္ဂမှ သတ်မှတ် ပေးထားသော ပါလက်စတိုင်းပိုင် နယ်နမိတ်ကို အစ္စရေးတို့က ကျူးကျော် သိမ်းပိုက်ထားကာ အခွန်ငွေများကိုလည်း ပါလက်စတိုင်း အစိုးရအား ကောက်ခံခွင့်မပေးဘဲ အစ္စရေးက ကောက်ခံရယူနေသည်။

    ပါလက်စတိုင်းအစိုးရမှာ ICC နှင့် အခြားသော နိုင်ငံတကာ သဘော တူညီချက်များအတွင်း အဖွဲ့ဝင်အဖြစ်ပါဝင်ရန် အတွက် တောင်းဆိုလွှာ များကို သောကြာနေ့က ကုလရုံးချုပ်သို့ ပေးပို့ထားပြီး ပါလက်စတိုင်းအား မတရား ကျူးကျော်သိမ်းပိုက်ထားသည့် အစ္စရေးက သတ်ပစ်ခဲ့သော ပြည်သူများ အားလုံးအတွက် တရားမျှတမှုကို ဆောင်ကျဉ်းရန် မျှော်လင့်သည်ဟု ပြောကြားခဲ့သည်။

    Ref: aljazeera

  • တမန်တော် မုဟမ္မဒ်သခင် ဖွားမြင်ခြင်း အထိမ်းအမှတ် အခမ်းအနားများ အိန္ဒိယ တိုက်ငယ်တွင် ကျင်းပ

    တမန်တော် မုဟမ္မဒ်သခင် ဖွားမြင်ခြင်း အထိမ်းအမှတ် အခမ်းအနားများ အိန္ဒိယ တိုက်ငယ်တွင် ကျင်းပ

    ဇန်န၀ါရီ ၄၊ ၂၀၁၅
    M-Media
    10409008_822263144482824_3217939838640823458_n
    – အစ္စလာမ်သာသနာကို စတင်ဟောကြားခဲ့သည့် တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုအပေါင်း သက်ရောက်ပါစေ) ဖွားမြင်တော်မူခြင်း အထိမ်းအမှတ် အခမ်းအနားများကို အိန္ဒိယတိုက်ငယ်အတွင်းရှိ နိုင်ငံများဖြစ်သော အိန္ဒိယ၊ ပါကစ္စတန်နိုင်ငံ များတွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    မုဟမ္မဒ်သခင် ဖွားမြင်သည့်နေ့ရက်မှာ အစ္စလာမ့်ပြက္ခဒိန် တတိယမြောက်လ ဖြစ်သည့် ရဗီအွလ်အောင်ဝလ်လ ၁၂ ရက်နေ့တွင်ဖြစ်ပြီး၊ ဇန်န၀ါရီ ၃ ရက် စနေနေ့က ကျရောက်ခဲ့သည်။

    `ကိုယ်တော့်ရဲ့ မီးရှူးသန့်စင် ဖွားမြင်တဲ့နေ့ကို ကျွန်တော်တို့ ကျင်းပရပါမယ်။ ဒါပေမယ့် ၀တ်ပြုဆုတောင်းတာတို့၊ အလှူဒါနပြုတာတို့ စတဲ့ ကောင်းမြတ်တဲ့ လုပ်ရပ်တွေနဲ့ပေါ့ဗျာ´ ဟု အိန္ဒိယရှိ ဒါဝသ်-အေ-အစ္စလာမီအဖွဲ့မှ ဒုတိယ ဥက္ကဌဖြစ်သူ မောင်လာနာ ရစ်ဇ်ဝမ် ခန်းက ပြောကြားခဲ့သည်။

    အဆိုပါအခမ်းအနားများတွင် အပျော်ကျူးမှုများ၊ အစ္စလာမ်သာသနာနှင့် ဆန့်ကျင်သော လုပ်ရပ်များကို မပြုလုပ်ကြရန်နှင့် ၀တ်ပြု ဆုတောင်းခြင်း၊ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ အလှူဒါနပြုလုပ်ခြင်း စသည်တို့ကိုသာ ပြုလုပ်ကြရန် အိန္ဒိယရှိ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များက ပြည်သူများအား တိုက်တွန်း ဆော်သြထားသည်။

    ဒါဝသ်-အေ-အစ္စလာမီ အဖွဲ့ကလည်း ထိုနေ့တွင် ဆေးရုံများရှိ လူနာများနှင့် ချို့တဲ့သူများအား သစ်သီးဝလံများ ဝေငှခြင်း၊ လူသွားလူလာများသည့် နေရာများ တွင် မုဟမ္မဒ်သခင်၏ ထေရုပတ္တိစာအုပ်များ ဖြန့်ဖြူးခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။

    `မနှစ်မြို့စရာ ကျွေးကျော်သံတွေ ကျွေးကျော်တာ၊ တီးမှုတ်ကခုန်တာ စတဲ့အလုပ်တွေကို ရှောင်ရှားဖို့နဲ့ အလှူဒါနတွေကို အမြင့်ဆုံးပြုလုပ်ကြဖို့ ရှေ့ဆောင်အီမာမ်တွေက တိုက်တွန်းခဲ့ကြပါတယ်´ ဟု မဒ်ရာဆာ ဂျာမီယာ အက်ရှာဖီယာ အစ္စလာမ့်အခြေခံပညာရေး စာသင်ကျောင်းမှ အကြီးအကဲ မိုအင် မီယန်က ပြောကြားခဲ့သည်။

    မုဟမ္မဒ်သခင် ဖွားမြင်သည့်နေ့ကို ပါကစ္စတန်တွင် အများပြည်သူ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ထားပြီး၊ ပါကစ္စတန်ရှိ အစ္စလာမ်ဘာသာဝင်များကလည်း အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပခဲ့ကြသည်။

    ပါကစ္စတန်တွင် လမ်းများ၊ အဆောက်အဦးများအား ရောင်စုံမီးများ၊ စတစ်ကာများ၊ ဖန်စီပစ္စည်းများဖြင့် ဆင်ယင်ချယ်သခဲ့ကြပြီး အလှူဒါနပြုခြင်းများ၊ လူမှုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

    ထို့ပြင် ဗလီဝတ်ကျောင်းတော်များတွင်လည်း ကိုယ်တော်မြတ်၏ ထေရုပ္ပတ္တိများ ဟောပြောခြင်း၊ ကိုယ်တော်မြတ်၏ သွန်သင် ဆုံးမမှုများကို ဖ၀ါးခြေထပ် လိုက်နာရန် မွတ်စလင်များအား တိုက်တွန်းခြင်း စသည့် အခမ်းအနားများကို ပြုလုပ်ခဲ့ကြသည်။

    မုဟမ္မဒ်သခင်ဖွားမြင်ခြင်း အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များကလည်း ကျင်းပပြုလုပ်ကြသည်။

    မုဟမ္မဒ်သခင်မှာ အေဒီ ၅၇၁ ခုနှစ်တွင် ယခု ဆော်ဒီအာရေဗျနိုင်ငံ မက္ကာဟ်မြို့ တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။ မုဟမ္မဒ်သခင် မမွေးဖွားမိကပင် ဖခင်မှာ ကွယ်လွန်သွားခဲ့ပြီး၊ အသက် ၆ နှစ်အရွယ်တွင် မိခင်ဖြစ်သူမှာလည်း ကွယ်လွန်သွားခဲ့သည်။

    မုဟမ္မဒ်သခင်မှာ ငယ်ရွယ်စဉ်ဘ၀ကပင် တစ်မူထူးခြားသည့် အရည်အချင်းများ ရှိခဲ့ပြီး ကတိ၊ သစ္စာ၊ သမာဓိဖြင့် ပြည့်စုံသော ၎င်းအား ပြည်သူများက အမည် အရင်းပင် ခေါ်ဝေါ်ခြင်းမပြုကြပဲ အလ်-အမီန်း (သစ္စာရှင်) ဟုသာ ခေါ်ဝေါ်ခဲ့ကြသည်။

    သက်တော် ၄၀ အရွယ်တွင် မုဟမ္မဒ်သခင်မှာ တမန်တော်အဖြစ် ရွေးချယ် ချီးမြှောက်ခြင်း ခံခဲ့ရပြီး အစ္စလာမ်သာသနာကို စတင်ဟောကြား ခဲ့သည်။ ထို့နောက် အစ္စလာမ်သာသနာကို လက်ခံသူများမှာ တစ်စထက်တစ်စ များပြားလာခြင်းကြောင့် မုဟမ္မဒ်သခင်ကို မက္ကာဟ်ရှိ အာဏာပိုင်တို့က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အသက်အန္တရာယ်ကိုပင် ရန်ရှာခဲ့သည်။

    ထို့ကြောင့် မဒီနာမြို့သို့ ပြောင်းရွှေ့သာသနာပြုခဲ့ပြီး မက္ကာဟ်မြို့ထက် အောင်မြင်မှုများလည်း ပိုမိုရရှိခဲ့သည်။ အစ္စလာမ်သာသနာ ဟောကြားခြင်း လုပ်ငန်းများကို ၂၃ နှစ်အထိ ဆောင်ရွက်ခဲ့ပြီး သာသာနာပြည့်စုံခြင်းသို့ ရောက်သည့်အချိန် သက် ၆၃ နှစ်တွင် မုဟမ္မဒ်သခင်မှာ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို ခံယူခဲ့သည်။

    မုဟမ္မဒ်သခင်၏ ရုပ်ကလပ်တော်ကို ယနေ့ မဒီနာရှိ ကိုယ်တော်မြတ်၏ ဗလီဝတ်ကျောင်းတော်အတွင်း မြှုပ်နှံထားသည်။

    Ref : onislam

  • ချင်းပြည်နယ်ရှိ အထင်ကရ ရိဒ်ရေကန်သို့ နှစ်ကူး အားလပ်ရက်တွင် လာရောက်သူများပြား

    ချင်းပြည်နယ်ရှိ အထင်ကရ ရိဒ်ရေကန်သို့ နှစ်ကူး အားလပ်ရက်တွင် လာရောက်သူများပြား

    ဇန်န၀ါရီ ၄၊ ၂၀၁၅
    M-Media
    11404_821949434514195_1476427765391852553_n
    – ချင်းပြည်နယ် ဖလမ်းမြို့ရှိ နာမည်ကျော် ရေကန်တစ်ခုဖြစ်သော ရိဒ်ရေကန်အား ခရစ္စမတ်နှင့် နှစ်ကူးအားလပ်ရက်များတွင် လာရောက်လည်ပတ်သူ များပြား ခဲ့ကြောင်း သိရသည်။

    ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂၉၆၆ ပေအမြင့်တွင် အသည်းနှလုံးပုံစံ သဘာဝအတိုင်း ရှိနေသည့် အဆိုပါရေကန်သို့ လာရောက်ကြသူများမှာ မြန်မာ နိုင်ငံအတွင်းမှ တိုင်းရင်းသားလူမျိုးများအပါဝင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ကျောင်းသားများဖြစ်ကြပြီး တစ်နေ့လျှင် ကားအစီးရေ ၂၀ ခန့်ရှိသည်။

    ချင်းတောင်မြောက်ပိုင်းတွင်ရှိသည့် အဆိုပါ ရိဒ်ရေကန်၏ အကျယ်မှာ သုံးမိုင်ရှိပြီး အနက်မှာ ပေ ၆၀ ရှိသည်။ ရိဒ်ရေကန် သို့ နိုင်ငံခြားသားများ လာရောက် လည်ပတ်မှုမှာ ၂၀၀၂ ခုနှစ်တွင် စတင်ခဲ့ပြီး နှစ်စဉ် တိုးတက်လျက် ရှိနေသည်။ ခရီးသွားများ လာရောက်လည်ပတ်ရာတွင် အဆင်ပြေစေရန်အတွက် ၂၀၀၉ ခုနှစ်တွင် ရိဒ်ရေကန် အပန်းဖြေစခန်းကို တည်ဆောက်ခဲ့သည်။

    အဆိုပါ ရိဒ်ရေကန်မှာ မိုးရာသီတွင် ကြည်လင်လေ့ရှိပြီး ဆောင်း ရာသီတွင်မှု ကန်၏ ရေပြင်မှာ နီရဲလျက်ရှိကာ ခရစ္စမတ်ကာလတွင် တစ်ပတ်၊ ၁၀ ရက်ခန့် နောက်ကျိလေ့ရှိသည်။ ထို့ပြင် အဆိုပါ ရိဒ်ရေကန်မှ ရေကို ခပ်ယူသွားပါကလည်း ကန်တွင် ရေနောက်သည့် အချိန်၌ အခြားသို့ ယူသွားသောရေပါ နောက်ကျိလေ့ ရှိသည်။

    ချင်းပြည်နယ်တွင် သဘာ အတိုင်းရှိနေသည့် အံ့ဖွယ်နေရာများ အများအပြား ရှိနေသေးပြီး မပျက်စီးစေရန်အတွက် ထိန်းသိမ်းမှုများပြု လုပ်ရန် လိုအပ်သည်ဟု ဒေသခံများကဆိုသည်။

    Ref : ကြေးမုံ၊ web