အောက်တိုဘာ ၂၄၊ ၂၀၁၅
M-Media
– တရုတ်သမ္မတ ဇီဂျင်ပင်း၏ ၄ ရက်တာ ဗြိတိန်ခရီးစဉ်မှာ ယမန်နေ့တွင် ပြီးဆုံးခဲ့ပြီး နှစ်နိုင်ငံ သဘောတူစာချုပ်များစွာ ချုပ်ဆိုနိုင်ခဲ့ကာ ဗြိတိန်ကိုလည်း ဥရောပသမဂ္ဂမှ မထွက်ရန် ဇီက တိုက်တွန်းခဲ့သည်။
ထိုခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့ကာ ကုန်သွယ်ရေး စာချုပ်များအပါအ၀င် မိမိတို့နှစ်နိုင်ငံအကြား ကန်ဒေါ်လာ ၆၁.၆ ဘီလီယံဖိုး သဘောတူညီချက်များ ရရှိခဲ့သည်ဟု ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောကြားခဲ့သည်။
မန်ယူပရိတ်သတ်ဖြစ်သော်လည်း ဇီဂျင်ပင်းမှာ မန်စီးတီးကွင်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး မန်စီးတီးတိုက်စစ်မှူး အဂူရို၊ ဒေးဗစ်ကင်မရွန်းတို့နှင့် Selfie တွဲရိုက်ခဲ့သည်။ ထို့ပြင် ဗြိတိန်ဘောလုံးပြတိုက်ကိုလည်း သွားရောက်ကြည့်ရှုခဲ့ သည်။ ဇီဂျင်ပင်း၏ အဆိုပါခရီးစဉ်အတွင်း လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဆန္ဒပြမှုအချို့ ရှိခဲ့သည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.