News @ M-Media

Tag: China

  • လေထုညစ်ညမ်းမှု ဆိုးရွားလာခြင်းကြောင့် ဘေဂျင်းကို အန္တရာယ်ရှိသော အခြေအနေအဖြစ် ကြေငြာ

    လေထုညစ်ညမ်းမှု ဆိုးရွားလာခြင်းကြောင့် ဘေဂျင်းကို အန္တရာယ်ရှိသော အခြေအနေအဖြစ် ကြေငြာ

    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media

    begin

    – တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းတွင် လေထုညစ်ညမ်းမှု အခြေအနေ ဆိုးရွားလာသောကြောင့် မနက်ဖြန်မှစ၍ အန္တရာယ်ရှိသော အနီရောင်အဆင့်အဖြစ် ကြေငြာခဲ့ပြီး စာသင်ကျောင်းများ ပိတ်ပစ်ရန်၊ လေဟာပြင် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်တန့်နှင့် ကားများအသုံးပြုမှု ကန့်သတ်ရန်အတွက် အမိန့်ပေးခဲ့သည်ဟု သိရသည်။

    ဘေဂျင်မြူနီစီပယ်ဗျူရို၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အင်္ဂါနေ့မှစ၍ နောက်ထပ် ၃ ရက်အထိ လေထုညစ်ညမ်းမှု ဆက်ရှိနေအုံးမည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

    ထိုအခြေအနေအား တွန်းလှန်ရန် အားထုတ်မှုအတွင်း လေထုညစ်ညမ်းစေသည့် စက်မှုလုပ်ငန်းများအား ရပ်ဆိုင်းခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်မှုနှင့် လေဟာပြင် ဘာဘီကျူးဆိုင်များ ပိတ်ပစ်ခြင်းလည်း ပါဝင်မည်ဖြစ်ပြီး အမြင့်ဆုံးဖြစ်သော အနီရောင်အခြေအနေမှာ ကြာသာပတေးနေ့ နေ့လည်ပိုင်းအထိ သက်ရောက်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် ဘေဂျင်းကို ဒုတိယအန္တရာယ်အရှိဆုံးဖြစ်သော အ၀ါရောင်အခြေအနေအဖြစ် ကြေငြာထားသည်။

    တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုအများဆုံး နိုင်ငံပြီး ၂၀၃၀ ခုနှစ်တွင် အဆိုပါ ထုတ်လွှတ်မှုမှာ အမြင့်ဆုံးသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။

    Ref: CNN

  • အာဖရိကကို တရုတ်က ဒေါ်လာ ဘီလီယံ ၆၀ ကူညီမည်

    အာဖရိကကို တရုတ်က ဒေါ်လာ ဘီလီယံ ၆၀ ကူညီမည်

    ဒီဇင်ဘာ ၅၊ ၂၀၁၅
    M-Media

    china

    – တရုတ်နှင့် အာဖရိကခေါင်းဆောင်များက win-win cooperation ဟုခေါ်ဆိုသည့် ပူးပေါင်းဆောင်ရွက်မှု အစိတ်အပိုင်းအဖြစ် အာဖရိကဖွံဖြိုးတိုးတက်ရေးအတွက် ကန်ဒေါ်လာ ၆၀ ဘီလီယံ ကူညီမည်ဟု တရုတ်သမ္မတဇီဂျင်ပင်းက ကတိပြု ပြောဆိုလိုက်သည်။

    တောင်အာဖရိက၌ ပြုလုပ်ခဲ့သည့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်၌ ဇီက ယမန်နေ့တွင် ထိုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး အဆိုပါထောက်ပံ့မှုများကို အခြေခံအဆောက်ဦး စီမံကိန်းများ တည်ဆောက်ရန်၊ မိုးခေါင်ရေရှားနေသည့် နိုင်ငံများအတွက် အကူအညီပေးရန်နှင့် အာဖရိကကျောင်းသား ထောင်ပေါင်းများစွာကို ပညာတော်သင်ဆုပေးရန်တို့တွင် အသုံးပြုရမည်ဖြစ်သည်။

    ထို့ပြင် တရုတ်နိုင်ငံမှာ အာဖရိကရှိ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများမှ အကြွေးများကိုလည်း လျှော်ပစ်ခဲ့သည်။ ဇီကမူ အာဖရိကနိုင်ငံများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အဆင့်မြှင့်တင်ခြင်း၊ ဂျာနယ်လစ်ရာပေါင်းများစွာကိုလေ့ကျင့်ပေးခြင်းနှင့် အာဖရိကရှိ ရွာပေါင်း ၁၀၀၀၀ အတွက် ဂြိုဟ်တုစနစ် ရရှိအောင် ဆောင်ရွက်ပေးခြင်းတို့အတွက်လည်း ကူညီသွားမည်ဟုလည်း ထည့်သွင်း ကတိပြုခဲ့သည်။

    Ref: Aljazeera

  • တရုတ်နှင့် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ကို တောင်ကိုရီးယား အတည်ပြု

    တရုတ်နှင့် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ကို တောင်ကိုရီးယား အတည်ပြု

    ဒီဇင်ဘာ ၁၊ ၂၀၁၅
    M-Media

    sout

    – တောင်ကိုရီးယားမှာ တရုတ်နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို ယမန်နေ့က အတည်ပြုခဲ့ပြီး ထိုသဘောတူညီချက်ကြောင့် အာရှတွင် စီးပွားရေး ပထမအကြီးဆုံးနှင့် စတုတ္ထအကြီးဆုံး နိုင်ငံများဖြစ်သည့် ၎င်းတို့နှစ်နိုင်ငံအကြား သွင်းကုန်၊ ထုတ်ကုန်အတွက် အခွန်များကို ဖယ်ရှားနိုင်တော့မည်ဖြစ်သည်။

    တောင်ကိုရီးယားအစိုးရ၏ ထိုကဲ့သို့ အတည်ပြုခဲ့ခြင်းမှာ ထိုသဘောတူညီချက်ကြောင့် ၎င်းတို့၏ လုပ်ငန်းများကို ထိခိုက်စေနိုင်သည်ဟု စောဒတက်ခဲ့ကြသည့် လယ်သမားနှင့် ငါးဖမ်းသမားများအား ၀မ် ၁ ထရီလီယံ (ကန်ဒေါ်လာ ၈၆၅ သန်း) ထောက်ပံ့ကူညီမည်ဟု ကတိပြုပြီးနောက်ပိုင်း ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။

    ဈေးသက်သာသော တရုတ်ပစ္စည်းများ စုပြုံဝင်ရောက်လာမည်ကို ကြောက်ရွံ့သော တောင်ကိုရီးယားလယ်သမားများက ၂၀၁၂ တွင် စတင်ခဲ့သော အဆိုပါသဘောတူညီချက်အတွက် ညှိုနှိုင်းမှုများကို ပြင်းထန်စွာ ဆန္ဒပြခဲ့ကြသည်။

    ဆန့်ကျင်သူများကို ငဲ့ညှာသောအားဖြင့် နောက်ဆုံးသဘောတူညီချက်တွင် တောင်ကိုးရီးယား၏ အဓိကထွက်ကုန်များဖြစ်သော ဆန်၊ ငရုတ်ကောင်း၊ အမဲသား၊ ၀က်သားနှင့် ငါးရှဥ့် ကဲ့သို့သော လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြုရေးထွက်ကုန် အများစုကို လွတ်လပ်စွာကုန်သွယ်မှုစာရင်းမှ ဖယ်ရှားပေးခဲ့သည်။

    တရုတ်နှင့် တောင်ကိုရီးယားတို့မှာ နှစ် ၂၀ အတွင်း ကုန်ပစ္စည်း ၉၀ ရာနှုန်းကျော်တို့၏ အခွန်ခများကို တဖြည်းဖြည်း ဖြေလျှော့ပေးသွားမည် ဖြစ်သည်။

    တရုတ်သည် တောင်ကိုရီးယား၏ ထိပ်တန်း ကုန်သွယ်ဖက်နိုင်ငံဖြစ်သလို အကြီးမားဆုံး ပို့ကုန်ဈေးကွက်တစ်ခုလည်း ဖြစ်သည်။ တောင်ကိုရီးယားနှင့် တရုတ်သည် ၂၀၁၄ တွင် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၂၉၀ ဒသမ ၅ ဘီလီယံ အထိ ရှိခဲ့သည်။ တောင်ကိုးရီးယားသည်လည်း တရုတ်တွင် အကြီးဆုံး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပြုလုပ်သည့် နိုင်ငံဖြစ်သည်။

    Ref: Channelnewsasia

  • တရုတ်ယွမ်ငွေကို ကမ္ဘာ့ အရန်ငွေကြေးစာရင်းသို့ IMF က ပေါင်းထည့်တော့မည်

    တရုတ်ယွမ်ငွေကို ကမ္ဘာ့ အရန်ငွေကြေးစာရင်းသို့ IMF က ပေါင်းထည့်တော့မည်

    နိုဝင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    yuan

    – နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF သည် တရုတ်ယွမ်ငွေကို နိုင်ငံတကာ အရံငွေကြေးစာရင်းထဲသို့ တနင်္လာနေ့ (ယနေ့) တွင် ထည့်သွင်းရန် အစီအစဉ်ရှိနေသည်ဟု သိရသည်။

    ထိုကဲ့သို့ အတည်ပြုလိုက်ပါက တရုတ်ယွမ်ငွေမှာ ကမ္ဘာ့ငွေကြေးများဖြစ်သည့် အမေရိကန်ဒေါ်လာ၊ ယူရို၊ စတာလင်ပေါင်၊ ဂျပန်ယန်းတို့နှင့်အတူ SDR စာရင်းတွင်ပါဝင်မည်ဖြစ်သည်။ ထိုဆုံးဖြတ်ချက်က အမေရိကန်၏ စီးပွားရေးစိုးမိုးမှုကို အဓိကစိန်ခေါ်နေသော ကမ္ဘာ့စီးပွားရေး အင်အားကြီး တရုတ်နိုင်ငံ၏ အခြေအနေကို မြှင့်တင်ပေးရာ ရောက်စေမည်ဖြစ်သည်။

    IMF အမှုဆောင်ဘုတ်အဖွဲ့သည် ယွမ်ငွေကို နိုင်ငံတကာသုံး ငွေကြေးစာရင်းသို့ ပေါင်းထည့်ရန် အကြံပြုချက်အား လက်ခံမည် ဟုတ်၊ မဟုတ်ကို ဆုံးဖြတ်ချက်ချရန် တွေ့ဆုံမည်ဖြစ်သည်။ လက်ခံမည်ဆိုပါက ကိုင်တွယ်အအသုံးပြုသူများ ပြင်ဆင်နိုင်ရေးအတွက် အချိန်ပေးရမည်ဖြစ်သောကြောင့် လာမည့်နှစ် စက်တင်ဘာ ၃၀ ထက်နောက်မကျသည့် အချိန်ကာလအတွင်း ယွမ်ငွေကို အမှန်တကယ် ပေါင်းထည့်နိုင်မည်ဖြစ်သည်။

    ရုရှားမှာ ၂၀၁၆ တွင် တရုတ်ယွမ်ငွေ သန်း ၆ ထောင်ခန့် (ကန်ဒေါ်လာ ၉၃၈ သန်း) တန်သည့် ငွေတိုက်စာချုပ်များ ထုတ်ဝေမည်ဖြစ်ကြောင်း စနေနေ့က ပြောကြားခဲ့သည်။ ရုရှားဘဏ်သည် နိုင်ငံခြားအရံငွေလဲလှယ်ရေးတွင် ယွမ်ငွေအား ပါဝင်စေမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချပြီးပြီဟု ရုရှား ဘဏ္ဍာရေးဝန်ကြီး မက္ကဇင်အော်ရက်ကင်က ကြေညာခဲ့သည်။

    အမေရိကန်သည် တရုတ်၏ကြီးထွားလာသော ဘဏ္ဍာရေးသြဇာကို သတိထားနေရပြီး ကန်ဒေါ်လာသည်ပင် ထွန်းသစ်စ စီးပွားရေးများက ၎င်းတို့၏ ပြည်နယ်ငွေကြေးများကို ကုန်သွယ်မှုတွင် ပြောင်းလဲသုံးစွဲလာသည့် အဓိကစိန်ခေါ်မှုကိုလည်း ရင်ဆိုင်နေရသည်။

    Ref: Press TV

  • အရှေ့အာဖရိကရှိ ကန်လေတပ်ဌာနချုပ်အနီးတွင် တရုတ်က ရေတပ်စခန်း ဆောက်မည်

    အရှေ့အာဖရိကရှိ ကန်လေတပ်ဌာနချုပ်အနီးတွင် တရုတ်က ရေတပ်စခန်း ဆောက်မည်

    နိုဝင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    china

    တရားမ၀င်လုပ်ဆောင်မှုများကို တန်ပြန်တိုက်ခိုက်ရန်နှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများ ပြုလုပ်ရန်အတွက် အာဖရိကအရှေ့ဘက် ဒီဂျီဘူတီတွင် ရေတပ်စခန်း တစ်ခု ဆောက်လုပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံက တရားဝင်ပြောကြားလိုက်သည်။

    တရုတ်၏ အဆိုပါ ရေတပ်စခန်းမှာ ပင်တဂွန်စစ်ဌာနချုပ်က ဒရုန်းစစ်ဆင်ရေးများ ပြုလုပ်လေ့ရှိသည့် အမေရိကန်လေတပ်စခန်းအနီးတွင် လုပ်ဆောင်မည်ဖြစ်သည်။

    ဒေသအတွင်း တရားမ၀င်လုပ်ဆောင်မှုများကို တရုတ်ရေတပ်က နှိမ်နှင်းရန်နှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုများ ပြုလုပ်ရန်အတွက် အဆိုပါ ရေတပ်စခန်းကို ဆောက်လုပ်ခြင်းဖြစ်ပြီး ဒီဂျီဘူတီအစိုးရနှင့် ပြောဆိုဆွေးနွေးနေပြီဖြစ်သည်။

    “အဲဒီလို ရေတပ်စခန်း ဆောက်လုပ်တာက ကုလငြိမ်းချမ်းရေး ထိန်းသိမ်းမှု ဆောင်ရွက်ရေးတွမှာ ပါဝင်နိုင်ဖို့၊ ဆိုမာလီယာနဲ့ အေဒင်ပင်လယ်ကွေ့အနီး ရေပြင်ထဲမှာ အစောင့်အကြပ်များ ထားရှိဖို့နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပေးအပ်နိုင်ဖို့တရုတ်ရေတပ်နဲ့ ကြည်းတပ်တွေကို အကူအညီပေးမှာဖြစ်ပါတယ် ဟု တရုတ်နိုင်ငံခြားဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဟွမ်လီက ဗုဒ္ဓဟူးနေ့တွင် Reurters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    Ref: RT